၁ အောက်တိုဘာ ၂၀၁၅ - ၀၂:၄၁
ဘဏ္ဍာရေး အကျပ်အတည်းများ ကြုံတွေ့လာရသည့် အိုင်အက်စ်

အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွ အဖွဲ့သည် ဘဏ္ဍာငွေကြေး ပြတ်လပ်မှုကြောင့် ၎င်းတို့၏ တိုက်ခိုက်ရေးသမားများကို ထိန်းသိမ်းထားရန် အခက်ကြုံနေကြောင်း သတင်းရရှိသည်။ အမေရိကန်နှင့် မဟာမိတ် လေတပ်များက အိုင်အက်စ်တို့၏ ဘဏ္ဍာရေး ရင်းမြစ်နေရာများကို ပိုမိုပစ်မှတ်ထား ဗုံးကြဲ တိုက်ခိုက်လာသည့်နောက် ကမ္ဘာကျော် စစ်သွေးကြွ အဖွဲ့သည် အကျပ်အတည်းများစွာ ကြုံတွေ့နေရပြီ ဖြစ်သည်။ ယခုအခါ ပုံမှန်လုပ်ခလစာ ပေးချေနိုင်မှု မရှိသည့်အတွက် အိုင်အက်စ်လက်အောက်ခံ တပ်သား ၂၀၀ ကျော်မျှ ၎င်းတို့ကို စွန့်ခွာသွားပြီ ဖြစ်သည်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွ အဖွဲ့သည် ဘဏ္ဍာငွေကြေး ပြတ်လပ်မှုကြောင့် ၎င်းတို့၏ တိုက်ခိုက်ရေးသမားများကို ထိန်းသိမ်းထားရန် အခက်ကြုံနေကြောင်း သတင်းရရှိသည်။

အမေရိကန်နှင့် မဟာမိတ် လေတပ်များက အိုင်အက်စ်တို့၏ ဘဏ္ဍာရေး ရင်းမြစ်နေရာများကို ပိုမိုပစ်မှတ်ထား ဗုံးကြဲ တိုက်ခိုက်လာသည့်နောက် ကမ္ဘာကျော် စစ်သွေးကြွ အဖွဲ့သည် အကျပ်အတည်းများစွာ ကြုံတွေ့နေရပြီ ဖြစ်သည်။ ယခုအခါ ပုံမှန်လုပ်ခလစာ ပေးချေနိုင်မှု မရှိသည့်အတွက် အိုင်အက်စ်လက်အောက်ခံ တပ်သား ၂၀၀ ကျော်မျှ ၎င်းတို့ကို စွန့်ခွာသွားပြီ ဖြစ်သည်။

အီရတ်မြောက်ပိုင်းရှိ ၎င်းတို့ ထိန်းချုပ်ထားရာ ဒေသအချို့ကို လက်လွှတ်လိုက်ရခြင်းကလည်း အိုင်အက်စ်တို့အတွက် ငွေရလမ်းများ ပိုမိုဆုံးရှုံးလာစေသည်။ ယခင်က အိုင်အက်စ်တို့သည် တိုက်ခိုက်ရေးသမားများကို ပျမ်းမျှလစာ စတာလင်ပေါင် ၂၆၀ ဝန်းကျင်မျှ ပေးချေနိုင်ခဲ့သော်လည်း ယခုအခါ စတာလင်ပေါင် ၆၅ မျှသာ ပေးနိုင်တော့ကြောင်း သိရသည်။

အိုင်အက်စ် အဖွဲ့သည် ကမ္ဘာပေါ်တွင် အချမ်းသာဆုံး ဂျီဟတ်ဝါဒီ အစွန်းရောက်များအဖြစ် သတ်မှတ် ခံခဲ့ရသော်လည်း ယခုအခါတွင်မူ အီရတ်မြောက်ပိုင်းကို စွန့်ခွာကာ ဆီးရီးယားရှိ ၎င်းတို့ သိမ်းပိုက်ထားရာ နယ်မြေများမှ အခွန်အခနှင့် အခြားသော ငွေကြေးရင်းမြစ်များကို ပိုမို မှီခိုလာရတော့မည် ဖြစ်သည်။

အိုင်အက်စ်တို့သည် ရေနံတွင်းများကို သိမ်းပိုက်ထားသလို ဘဏ်ဓားပြတိုက်ခြင်း၊ လုယက်ခြင်းနှင့် ရှေးဟောင်းပစ္စည်းများ ရောင်းချခြင်းကဲ့သို့ အခြားသော လုပ်ငန်းများဖြင့်လည်း ဝင်ငွေတိုးပွားအောင် လုပ်ဆောင်လေ့ ရှိကြောင်းလည်း သိရသည်။

---------------------------------------
251 / End