((မလေကွန်(န))) ملکٌ
ဂုဏ်တော် ၏ အဓိပ္ပာယ် နှင့် ၎င်း၏ အစွမ်း သတ္တိတော်အား အကျဉ်းဖော်ပြလိုက်ပါသည်။
အဓိပ္ပာယ် - အရာအားလုံးကို စိုးပိုင်တော်မူ သည့် အရှင်
ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင်သည့်အကြိမ်ပေါင်း - ၆ ကြိမ်
စွမ်းရည် သတ္တိတော်များ
၁။ အေမာမ်ရေဇာ (အ.စ) မိန့်တော်မူသည်။ အကြင် မည်သူ မဆို ဤဂုဏ်တော်အား
နေ့စဉ် ၉ ကြိမ်ဖတ် ရွတ်မည်ဆိုလျှင် အလ္လာဟ် ဟိုအရှင်မြတ် သခင် သည် ၎င်းအား
လိုလား တောင့်တခြင်းမှ ကင်း ဝေး စေမည်။ လောကီလောကုတ္တရာ အတွက်စည်းစိမ်
ပေး သနားတော်မူမည်။
၂။ အကြင် မည်သူမဆို သောကြာနေ့ နေ့မထွက်မီ အရင် ဤဂုဏ်တော်အား အကြိမ်
၁၀၀၀ဖတ်လျှင် လောကီ၊လောကုတ္တရာ ဆိုင်ရာဆန္ဒများ အားလုံး ပြည့်ဝ မည်ဖြစ်ပါသည်။
၃။ မည်သူမဆို ဤ ဂုဏ်တော်အား ၆၄ ကြိမ်ဖတ် ရွတ် မည်ဆိုလျင် ဥစ္စာပစ္စည်း
နှင့်သိက္ခာမကုန်နိုင် မခမ်းနိုင် ရရှိမည် ဖြစ်ပါသည်။
***