အေမာမ် ဟိုစိုင်း(န) (အ.စ) မိန့်တော်မူပါသည်။
ကျွန်ုပ်အနေဖြင့် မိမိ၏ ဖခမည်းတော်ထံမှ ကြားခဲ့ရပါသည်။ ကျွန်ုပ်ဖခမည်းတော် အနေဖြင့် လည်း မဟာတမန်တော်မြတ်ကြီး မိုဟမ္မဒ် (ဆွ) ထံတော်မှဆင့်ပြန်တော်မူခဲ့ပါသည်။ (အကြင်မည်သူမဆို မွတ်စလင်မ် တစ်ဦးတစ်ယောက် ၏ အခက်အခဲ ဒုက္ခ ကိုဖြေရှင်း နိုင်ရန် (ကူညီဖေးမနိုင်ရန် ) ခြေလှမ်းခြင်းသည် နှစ်ပေါင်း ၉၀၀၀ အထိ နေ့များတွင် ရိုဇာ ထားပြီး ညများတွင်နမာဇ် ဝင်ပြုသည့် အေဗါဒသ် ပြုခြင်းပမာ ဖြစ်လေ၏။ )
ကျမ်းကိုး - ဗေဟာရွလ်အန်နဝါရ် ကျမ်း အတွဲ ၇၁ ၊ စာမျက်နှာ ၃၁၅
မာရှာအလ္လာဟ် …. စိုဗ်ဟာနလ္လာဟ် …
ကျနော်တို့ အနေဖြင့် ဤဟဒီးစ်တော်မှ သံဝေဂ နှင့် သင်ခန်းစာ အများကြီး ရယူနိုင်ပါတယ်။
၁။မွတ်စလင်မ်တစ်ဦး ၏ အခက်အခဲ ကိုဖြေရှင်းဖို့ ဒီလောက် စဝါးဗ်ဆိုရင် …. ရှီအာ တစ်ဦး အတွက် ဆို ဘယ်လောက် စဝါးဗ် ရနိုင်မည်နည်း ? အကယ်၍ ရှီအာ အများစု အတွက်ဆိုရင်ကော် …..
၂။အခက်အခဲဒုက္ခ ဆိုသည်မှာ နာမ်ပိုင်ဖြစ်စေ ၊ရုပ်ပိုင်းဖြစ်စေ စသည်တို့ ပါဝင်ပေသည်။
၃။ဟဒီးစ်တော် ကို အလွဲသုံးစား မလုပ်မိဖို့တော့ လိုပါတယ်။ ဟလာလ် နည်း ရှရီအီနည်းဖြင့် ဖြေရှင်းပေးဖို့ ကူညီဖို့တော့ လိုပါတယ်။နောက် အလ္လာဟ် ဟို အရှင်မြတ် သခင် ခွင့်ပြုထားတဲ့ အကူအညီမျိုး ဖြစ်ဖို့လည်းလိုပါတယ်။
===========================
251 / End