အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
IRNA သတင်းဌာန ၏ အစီရင်ခံစာအရ အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး ဆေယက်ဒ် အဘ္ဘာစ် အာရာဂ်ချီ နှင့် အီဂျစ်နိုင်ငံခြားရေးဝန်ကြီး ဘဒ်ရ် အဗ်ဒူလာသီ တို့သည် တယ်လီဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ကြပါတယ်။
အဆိုပါ ဆွေးနွေးမှုအတွင်း နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများသည် ဒေသတွင်း လက်ရှိဖြစ်ပေါ်နေသော အခြေအနေများကို အပြန်အလှန် ဆွေးနွေးသုံးသပ်ခဲ့ကြပြီး အထူးသဖြင့် ယီမင်နိုင်ငံ၏ အခြေအနေကို အာရုံစိုက်ဆွေးနွေးခဲ့ကြပါတယ်။
ထို့အပြင် ဒေသတွင်း တင်းမာမှုများကို လျှော့ချရန်နှင့် အခြေအနေ ပိုမိုဆိုးရွားလာခြင်းကို တားဆီးနိုင်ရန် သံတမန်ရေးရာ ကြိုးပမ်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်လုပ်ဆောင်ရန် လိုအပ်ကြောင်း နှစ်ဖက်စလုံးက အလေးပေးပြောကြားခဲ့ကြပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment