ကျွန်ုပ်အနေဖြင့်လိင်ကိစ္စဆိုင်ရာ ဖောက်ပြန်မှုများ၏ အန္တရာယ်၏ ဆုံးရှုံးမှုများ အကြောင်း၊ အထူးသဖြင့်လက်ဖြင့် အာသာဖြေခြင်း (Masturdation)ကိုဖော်ပြပြီးဖြစ်ပါသည်။တခါတလေဤ“လက်ဖြင့်အာသာ ဖြေခြင်း”ကိုသမိုင်းဆိုင်ရာဝတ္ထုများမှတစ်ခုဖြစ်သည့် “အိုနာနီးမ်”
ဟုလည်းခေါ် ပါသည်။
ဤအကျင့်ဆိုးဟာမနုဿလူသားကိုအလျင်အမြန်အကျင့်စွဲအောင် ဖြစ်စေသည်ဆိုတာငြင်းမရချေ။အကျင့်ဆုံး၏အရင်းများမည်မျှအထိကျယ်ပြန့်
နေသည်ဆိုလျှင်မနုဿလူသားဟာတစ်နေ့တည်းအကြိမ်များစွာဤအကျင့် ဆိုးကိုကျူးလွန်လေ၏။
ယုတ်စွအဆုံးအချို့အကျင့်ဆိုးသမားများ၏ကိုယ်တိုင်ဝန်ခံချက်များအရတခါတလေဘာမှမလုပ်ရဘဲ“ဓာတ်လုံးလေးကြည့်ယုံသက်သက်၊စဉ်းစားယုံလေးဖြင့်”
၎င်းတို့ကိုယ်ခန္ဓာမှသီးသန့်အရည်(သုတ်ရည်)ထွက်ရသည့်အခြေအနေအထိရောက်သွားလေသည်။
သို့သော်ဤအလုပ်ထက်ပိုပြီးအန္တရာယ်ကြီးမားသည်မှာမျှော်လင့် ချက်ကင်းမဲ့ခြင်းဖြစ်ပေသည်။
အကြောင်းမှာမျှော်လင့်ချက်ကင်းမဲ့ခြင်းသည်ရောဂါတွင်ခံစားနေရသူများ၏အောင်မြင်မှုကိုအကြီးစားတကာ့အကြီးဆုံးပိတ်ဆို့၊ဟန့်တားမှုကြီးဖြစ် သွားမည်ဖြစ်သောကြောင့်ဖြစ်ပါသည်။
ပြီးနောက်၎င်းတို့အတွင်းမလိုလားမတာင်းတသည့်စိတ်ပိုင်းဆိုင်ရာဆန့်ကျင်မှုများကိုအတိုင်းထက်အလွန်ဖြစ်စေလေသည်။
ဤအကျင့်ဆိုးသမားများ၊အကျင့်ဖြစ်နေသူများအနေဖြင့်အောင်မြင်မှုကိုဖြစ်စေလိုပြီးမိမိတို့အတွင်း၌ရှိနေသည့်အာနိသင်(ဆိုးကျိုး)အားလုံးထုတ် ပစ်လိုလျှင်ဒီအကျင့်နှင့်အာနိသင်တွေဟာနောက်ဆုံးအသက်အထိရှိနေမှာပါဆိုသည့်အတွေးကိုဦးနှောက်တွင်မဖြစ်စေဖို့လိုပါသည်။
အနှစ်ချုပ်၊အကျဉ်းချုပ်အားဖြင့်ဆို၇လျှင်။ အလွန်တရာလိမ္မာပါးနပ် စွာနှင့်တည်တံ့ခိုင်မြဲသည့်ဆုံးဖြတ်ချက်ရည်ရွယ်ချက်နှင့်အတူ“လာမည့်အမိန့်ပညတ် များ”
ကိုလက်တွေ့ ကျင့်သုံးပြီးဤအကျင့်ဆိုးအားတော်လှန်ရန် ထရ ပေမည်။
ဤအကျင့်ဆိုး၏လက်အောက်မှလွတ်မြောက်သွားသူများသည်မလွဲမသွေမိမိတို့၏သန့်ရှင်းသန့်ပြန့်မှုကိုအလေးအမြတ်ထားရပေမည်။
ထိန်းသိမ်း စောင့်ရှောက်ရေး(နောက်ထပ်မကျူးလွန်ရေး)အတွက်အထူးဂရုသတိပြုရပေမည်။ဤလမ်းစဉ်အတွက်ရှိုန်တွာန်နီပယောဂအမျိုးမျိုးမှ(သတိ၊အသိဖြင့်)
ရှောင်ကြဉ်ရပေမည်။မိမိ၏ဘ၀ကံကို(ဘ၀ကို)မည်သည့်တန်ဖိုးနှင့်မျှ လဲလှယ် ပြီးလမ်းလွဲလမ်းမှားနေသူများနှင့် လမ်းလွဲလမ်းမှားနေသည့်ပတ်ဝန်းကျင်လက် သို့ထိုးမအပ်လိုက်ပါနှင့်။
ကျွန်ုပ် တင်ပြလမ်းညွှန်ပြီး ဖြစ်သည့်အတိုင်း အကျင့်ဆိုးအကျင့်ပျက် တိုင်း၊ ထို့ပြင်အန္တရာယ်ရှိသည့်လိင်ကိစ္စဆိုင်ရာပြဿနာအခက် အခဲ များကို တော်လှန်ရန်၊စည်းမျဉ်းစည်းကမ်းမှာ
“မျှော်လင့်ချက်နှင့်အောင်မြင်မှုအတွက် စိတ်ချ၊လက်ချ “ပြစ်မှု” နှင့်ပြတ်သားခိုင်မာသည့်ဆုံးဖြတ်ခိုင်မာသည့်ဆုံးဖြတ် ချက်ရှိဖို့သာဖြစ်ပေသည်။
ဆုံးဖြတ်ချက်၊ရည်ရွယ်ချက်မှာသံကဲ့သို့ခိုင်မာ၊တည်တံ့ပြီးခိုင်မြဲကာအီမာန်ဂုဏ်သရေသိက္ခာရှိမှုနှင့်စဉ်းစားဆင်ခြင်တုံ့တရားအပေါ်အခြေခံထားရမည်ဖြစ်ပေသည်။
တည်တံ့ခိုင်မာ၊မာကြောသည့်ဆုံးဖြတ်ချက်၊ပြောင်းလဲခြင်းမရှိသည့် ဆုံးဖြတ်ချက်၊ရည်ရွယ်ချက်
ယုတ်စွအဆုံးဤဆုံးဖြတ်ချက်၊ရည်ရွယ်ချက်ဟာအကြောင်းတစ်ခုခုကြောင့်(၁၀)ကြိမ်ပင်မအောင်မြင်ခဲ့ပါစေ။အသစ်တဖန်ထပ်ပြီးပြတ်သားသည့်ဆုံးဖြတ်ချက်ကိုအသစ်ပြန်လည်ပြုလုပ်ပါလေ။
အကြောင်းမှာ - နောက်ဆုံးမအောင်မြင်ခဲ့သည့်ဆုံးဖြတ်ချက်များ၏ ကျန်ရှိနေသေးသောအာနိသင်များမတော်တဆ၊ပေါင်းစုမိပြီးမိမိတို့အစွမ်းပြ လိမ့်မည်ဖြစ်သောကြောင့်ဖြစ်ပါသည်။
သို့သော်လည်းပဲ…အသေအချာဆုံးအရာတစ်ခုမှာအကယ်၍ဤပြတ်သားသည့်၊ဆုံးဖြတ်ချက်၊ရည်ရွယ်ချက်၊အောင်မြင်မှုကိုလက်မလွတ်ရလျှင်အလျင်အမြန်ကြီး
ဤအကျင့်ဆိုးများ၏ဆိုးကျိုးအာနိသင်များအကျင့်ဆိုးစွဲနေသူ များ၏ကိုယ်ခန္ဓာနှင့်ဝိဥာဉ်မှထွက်သွားပေလိမ့်မည်။
သေချာသောအချက်နောက်တစ်ခုမှာ - ဤကဲ့သို့သောပုဂ္ဂိုလ်များ (အကျင့်ဆိုးသမားများ၊အကျင့်ဆိုးစွဲနေသူများ)အနေဖြင့်မိမိတို့၏အရှင် မြတ်အလ္လာဟ်နှင့်ဆက်သွယ်၊နီးစပ်မှုထားရှိမည်။မိမိတစ်ကိုယ်လုံး၏တည်ရှိမှု၏အစိတ်အပိုင်း
အတွက်မြတ်အလ္လာဟ်ဆီမှာကူညီဖေးမှုကိုတောင်းဆိုမည်။ မြတ်အလ္လာဟ်၏ကျေးဇူးတော်ပြုမှုကိုမျှောင်လင့်ချက်ထားမည်ဆိုလျှင်မဇ်ဟဗ်ဆိုင်ရာ
ဤအီမာန်သက်ဝင်ယုံကြည်မှုသည်အလွန်အလျှင်အမြန်ရလာဒ်(ကောင်း သောအကျိုးအမြတ်များ)ကိုသာပေးလိမ့်မည်ဖြစ်ပါသည်။
ယခုဤ(အထက်ဖော်ပြထားသည့်)ဤလမ်းခရီးများကိုကျော်ဖြတ်ပြီးနောက်မလွဲမသွေအောက်ဖော်ပြမည့်အချက်များပညတ်များကို
အတိ အကျ အသုံးချစေလိုပါသည်။ဆောင်ရွက်စေလိုပါသည်။
ဤဖော်ပြမည့်အချက်များ၊ပညတ်များသည်အချို့သူများအတွက်ရိုးရိုးဟုမြင်ကောင်းမြင်နိုင်ပေသည်။သို့သော်လက်တွေ့ကျင့်သုံးချိန်တွင်တန်ခိုးပြ
နိုင်သည့်အာနိသင်ရှိကြောင်းရှင်းလင်းပြတ်သားသွားမည်ဖြစ်ပါသည်။
ပညတ်တော်(၁)(တဏှာ၊ရာဂ)ကိုကြွစေသည့်အတုအယောင်မှန်သမျှမှ ရှောင်ကြဉ်ခြင်း
အကယ်၍လူငယ်လူရွယ်များအနေဖြင့်မျှော်လင့်ထားမည် ..... ညတိုင်းတဏှာ၊ရာဂနှင့်ပြည့်နေသည့်အပြာကားများ၊အပြာဇာတ်လမ်းများကို
အမြဲတစေကြည့်မည်၊နေ့စဉ်နေ့တိုင်းမိမိ၏အဖိုးတန်အချိန်များ၏အချို့အချိန်ကို
အချစ်(ရူး)၀တ္ထုများ၊လမ်းလွဲလမ်းမှားအောင်ပြုပြီး၊တဏှာရာဂ၊လိင်ကိုနိုးထစေသည့်ဓာတ်ပုံများပါသည့်မဂ္ဂဇင်းကိုကြည့်မည်၊ဖတ်မည်၊လမ်းသွယ လမ်းမ များပေါ်တွင်ဟိုပေါ်၊ဒီပေါ်(တင်ပေါ်၊ရင်ပေါ်၊ကိုယ်ခန္ဓာအချိုးအစားတစ်ခုလုံး ပေါ်အောင်တင်းတင်းရင်းရင်းဝတ်ဆင်ထားသည့်)အမျိုးသမီးများ၊ကောင်မ
လေးများကိုငမ်းမည်၊ကြည့်မည်။
ဤအလုပ်တွေအားလုံးကိုလုပ်ပြီးမည်သည့်မကောင်းမှု၊အကျင့်ဆိုးကိုလုပ်မှမလုပ်တာဟုဆိုခြင်း၊ထင်မြင်ခြင်းသည်အလွန်တရာလမ်းမှားသည့်
အထင်အမြင်မှားနေမှုတစ်ခုသာဖြစ်ပေသည်။
ဤကဲ့သို့သော(တဏှာ၊ရာဂ)ကိုကြွစေသည့်အတုအယောင်မှန်သမျှများသည်မည်သို့မည်မျှအရေးကြီးမလိုအပ်ချေ။(ဤအရာများသည်)
လူငယ်လူရွယ်တို့၏ဘ၀အခြေခံပြဿနာများ၊ကိစ္စများဆိုင်ရာတွေးတော်မှုလမ်းကိုလှမ်းမျှော်စေလေသည်။လိင်ကိစ္စနှင့်ပတ်သက်ပြီးအစွန်းရောက်ပြင်းထန် လာမှုက ဖြစ်စေပြီး(တဏှာ)မုန်တိုင်းကိုထန်စေလေသည်။နေ့ညမအီမသာအခြေအနေနှင့်အမြဲအမျက်ဒေါသထွက်နေသည့်အခြေအနေမလိုလား
သည့်အာနိသင်များ၎င်းတို့၏တည်ရှိနေမှုကိုယ်ခန္ဓာတစ်ခုလုံးတွင်အရိပ်ပမာလိုက်နေပေလိမ့်မည်။
ဆက်လက်၍ဤအကျင့်ဆိုးကိုအမြဲတစေပြုခြင်းဖြင့်ဘ၀အတွက်အ ကောင်းတကာ့အကောင်းဆုံးအစိတ်အပိုင်းဖြစ်သည့်ဘ၀၊တစ်နည်းအားဖြင့်
လူပျို၊လူငယ်ဘ၀ပျက်စီး၊ပျက်စီးစေပြီးလူပျို၏ကိုယ်ခန္ဓာအစိတ်အပိုင်းများ ပျက်စီးစေလေသည်။
ချစ်လှစွာသောလူငယ်လူရွယ်အပေါင်းတို့နှင့်အထူးသဖြင့်လိင်ကိစ္စဆိုင်ရာဖောက်ပြန်မှုများတွင်နစ်မြှုပ်နေသူများအကျင့်မှားအကျင့်ပျက်ရှိသူများ
၊ဤကဲ့သို့သောအလုပ်မှားများကိုမလွဲမသွေ၊အပြင်းအထန်ရှောင်ကြဉ်ရပေ မည်။
စာရိတ္တပိုင်းဆိုင်ရာကိုပျက်စီးစေသည့်လိင်ကိစ္စကိုဖောက်ပြန်စေ သည့်ရုပ်ရှင်များကြည့်ခြင်းမှရှောင်ကြဉ်ပြီးနေပါလေ။မကြည့်ပါနှင့်။
ဤကဲ့သို့သောဝတ္ထုများ(မဂ္ဂဇင်းများ)ဖတ်ခြင်းမှရှောင်ပါလေ။
ခိုးကြောင်ခိုးဝှက်နည်းဖြင့်ဤကဲ့သို့သောအလုပ်များကိုလုပ်ခြင်းမှ ရှောင်ပါလေ။မိမိ၏တည်ငြိမ်သည့်တွေးတောစဉ်းစားမှုကိုဤနည်းဖြင့်မဖျက်
ဆီးပါလေနှင့်။မိမိ၏အင်အားရှိသည့်ကိုယ်ခန္ဓာအစိတ်အပိုင်းများကိုအမြဲ တဏှာ၊ရာဂထမှုဖြင့်အားပျော့၊အားနည်းအောင်မပြုပါလေနှင့်။
ဤကိစ္စနှင့်ပတ်သက်ပြီးအောင်မြင်စွာနေထိုင်နိုင်ရန်အလို့ငှာမိမိ၏ အားလပ်သည့်အချိန်ကိုမှန်ကန်ကောင်းမွန်သည့်လှုပ်ရှားမှုများအတွက်အသုံးချပါလေ။
မိမိ၏မိတ်ဆွေသူငယ်ချင်းတို့၏အကူအညီဖြင့်မှန်ကန်သည့်အစီ အစဉ်(များကို)မိမိ၏အချိန်များကို(စည်းစနစ်ကျစွာ)တန်ဆာဆင်ရပေမည်။
ဤကဲ့သို့သောလှုပ်ရှားမှုများကိုလုပ်နိုင်ကိုင်နိုင်ပေသည်။
- တစ်ဦးတည်းဖြစ်စေ၊အများစုပေါင်း၍ဖြစ်စေအားကစားပြုပါလေ။
- လေကောင်းလေသန့်များကိုရှူရှိုက်ပြီးလမ်းလျှောက်ပါလေ။
- ကောင်းမွန်ပြီး၊အကျိုးရှိသည့်စာအုပ်များကိုလေ့လာဖတ်ရှုပါလေ။
- အိမ်၌ပန်းပင်(ပန်းအိုး)များကိုပြုစုစောင့်ရှောက်ပါလေ(သို့မဟုတ်)ခြုံငုံ၍
ပြောရလျှင်လယ်ယာကိစ္စ၊လက်မှုကိစ္စများလုပ်ပါလေ။
- မိမိ၏နေ့စဉ်အလုပ်များကိုမိမိကိုယ်တိုင်ဆောင်ရွက်ပါလေ။
- (ကောင်းမွန်သည့်သဘာဝ)ဓာတ်ပုံများ၊တံဆိပ်ကောင်းလှလှလေးများ
စုဆောင်းခြင်းနှင့်ဤကဲ့သို့သောအလုပ်များကိုပြုလုပ်ပါလေ။
- အန်ဂျွန်မန်အမျိုးစုံနှင့်ပညာရေး၊စာရိတ္တရေးဆိုင်ရာကွန်ဖရင့်စ်များ၊
အစည်းအဝေးများတွင် တက်ရောက်နေရာယူခြင်းတို့ဖြစ်ပါသည်။
* * * * *
ပညတ်တော်(၂)
မိမိအချိန်များအားလုံးကို အလုပ်အသေး များဖြင့်တန်ဆာဆင်ခြင်း
လူငယ်လူရွယ်များအနေဖြင့်မိမိတို့၏အချိန်များနေ့နှင့်ညကိုအသေ အချာ၊တစ်နာရီမျှပင်အချည်းနှီး၊အလကားမဖြစ်အောင်အစီအစဉ်၊အလုပ်များ နှင့်တန်ဆာဆင်သင့်ပေသည်။
ကျွန်တော်အနေဖြင့်စာကြီးသာဖတ်နေသင်နေဖို့(သို့မဟုတ်)ဆက်တိုက်အလုပ်လုပ်နေဖို့သာမဆိုလိုပါ။မပြောပါ။အကယ်၍လှည့်ပတ်ခြင်းသည်အားကစား၊ကစားခြင်း
သည်ဆိုလျှင်လည်းပြုနိုင်ပါသည်။ဤအစီအစဉ်ကိုလည်းအချိန်ဇယားဖြင့်ပြုလုပ်ရပါမည်။တစ်နာရီမျှပင်အစီအစဉ်၊အလုပ်မရှိဘဲမဖြစ် စေရအောင်ပြုရပေမည်။
လူငယ်လူရွယ်များမလွဲမသွေသိထားရမည်မှာလူငယ်တစ်ယောက်အတွက်မည်သည့်အစီအစဉ်မျှမရှိခြင်းသည်ကံဆိုးမိုးမှောင်အဖြစ်ဆိုးအကြီးဆုံးဖြစ်လေသည်။
လူငယ် လူရွယ်တစ်ယောက်ယောက် အနေဖြင့်အလုပ် လက်မဲ့ဖြစ် မည်၊အလုပ်ရှာနေမည်ဆိုတာဖြစ်နိုင်ပေသည်။သို့သော်ဤကဲ့သို့အခြေအနေတွင်လည်းမိမိ၏နေ့နှင့်ည၏အချိန်ပိုများကိုအသုံးချရန်အစီအစဉ်ဆွဲရပေမည်။
ထိုအစီအစဉ်များဟာစာပေလေ့လာခြင်း၊လှည့်ပတ်ခြင်း၊အနားယူခြင်းစသည်တို့ကိုပင်ဖြစ်ပါစေ၊ပြုလုပ်ရပေမည်။
ယုတ်စွအဆုံးလူငယ်များအနေဖြင့်မိမိ၏အချိန်များကိုနေ့စဉ်အစီ အစဉ်များအရအတိုးအလျော့ပို၍တစ်ခဏတာပင်အလကားမဖြစ်အောင်တန်ဆာဆင်ထားမည်
ဆိုလျှင် ပို၍ကောင်းပေသည်။
အကြောင်းမှာ - တွေးတောဆင်ခြင်မှုအမြောက်အများကိုပြုခြင်း သည်မကောင်းသည့်အကျင့်ဆိုးများကိုစွန့်လွှတ်ဖို့အလွန်တရာအကျိုးဝင်မည် ဖြစ်ပေသည်။
ဆေးလိပ်သောက် ၀ါသနာပါသူများသည် အလုပ်ပိတ်ရက်များတွင် အလုပ်ရှိသည့်၊အလုပ်လုပ်ရသည့်နေ့များထက်ပိုပြီးဆေးလိပ်သောက်ဖြစ်ကြ သည်ကိုတွေ့ရပါသည်။
ဤအတွက် ကွာခြားမှုမှာ(အလုပ်ရက်များတွင်)တွေးတောမှုနှင့် ကိုယ်ခန္ဓာအစိတ်အပိုင်းများကိုကောင်းသည့်အလုပ်များအတွက်အသုံးချရသ ဖြင့်အဓိပ္ပာယ်မဲ့နှင့်ဆုံးရှုံးမှု၊ဆိုးကျိုးကိုဖြစ်စေသည့်အလုပ်(ဆေးလိပ်သောက် ခြင်းကို)ထိန်းချုပ်ပေးလေသည်။
(ဆိုလိုသည်မှာအလုပ်ရှိတော့အသောက် နည်းပြီးအလုပ်မရှိတော့အသောက်များသွားခြင်းဖြစ်လေသည်။)
အနှစ်ချုပ်၊အကျဉ်းအားဖြင့်လိင်ကိစ္စဖောက်ပြန်မှုများတွင်နစ်မြှုပ်နေသူများအနေဖြင့်မိမိတို့အချိန်ကိုစည်းစနစ်ကျသည့်အစီအစဉ်များဖြင့်တန်ဆာမဆင်ခဲ့နိုင်လျှင် ထိုအကျင့်ဆိုးများကို လွယ်လွယ်နှင့် စွန့်လွှတ်နိုင်မည်မဟုတ် ပေ။
ဤကဲ့သို့အစီအစဉ်များကိုဆွဲခြင်းဖြင့်မလွဲမသွေ၊မုချဧကန်ဤအကျင့်ဆိုး(များ)ကိုစွန့်လွှတ်နိုင်မည်ဖြစ်ပြီး၊အကျင့်ဆိုးကြောင့်ဖြစ်ပေါ်လာမည့်
အခက်အခဲများကိုဖြေရှင်းနိုင်ဖို့အလွန်တရာအစွမ်းရှိကြောင်းသက်သေထူပြီးသားဖြစ်သွားပါလိမ့်မည်။
* * * * *
ပညတ်တော်(၃)အားကစားဖက်အထူးဂရုပြုခြင်း
အားကစားပြုလုပ်သူများဟာလိင်ကိစ္စနှင့်ပတ်သက်ပြီးစိတ်ဝင်စားမှု နည်းကြောင်းဆိုသည့်စကားမှာကျော်ကြားလေသည်။
အကြောင်းမှာ -အားကစားသည်ကိုယ်ခန္ဓာနှင့်တွေးတောဆင်ခြင်မှု၏ခွန်အားကိုကြီးမားသည့်အစိတ်အပိုင်းတစ်ခုအဖြစ်မိမိအတွက်သီးသန့်နေရာယူလိုက်လေသည်။
ထို့နောက်သဘာဝတရားအရအခြားကိစ္စများကိုလည်းလျော့နည်းစေလေ သည်။
ဤသည်ကိုအခြေခံပြီးလိင်ကိစ္စကိုအလွန်များလာစေသည့်လှုပ်ရှားမှုများကိုထိန်းချုပ်နိုင်ရန်ကျယ်ပြန့်များပြားလှသည့်အားကစားအစီအစဉ်များကို ရွေးချယ်ကစားခြင်းပြုရန်လိုအပ်လေသည်။
ဤအကျင့်ဆိုးများ၌နစ်မြှုပ်သူများသည်ယေဘုယျအားဖြင့်အထီး ကျန်နေထိုင်သူများ၊လှုပ်ရှားမှုနည်းပါးသူများ၊တိတ်ဆိတ်ငြိမ်သက်နေသူများ
ဖြစ်ကြပါသည်။ပြီးနောက်ဤအထီးကျန်နေထိုင်ခြင်းဖြင့်မလှုပ်မရှားနေခြင်း သည်၎င်းတို့၏အခြေအနေကိုပိုပြီးဆိုးကျိုးဖြစ်စေလေသည်။
အကယ်၍ဤပုဂ္ဂိုလ်များသည်ဤအခြေအနေမှအပြင်ထွက်လာပြီးမိမိဘ၀တွင်လှုပ်ရှားမှု(အသစ်)များကိုဖြစ်ပေါ်စေမည်ဆိုလျှင်မလွဲမသွေ၎င်း၏
အခြေအနေတွင်ကောင်းမှု (များ) ဖြစ်ပေါ်လာပေလိမ့်မည်။
ဤအကျင့်ဆိုးမှ စွန့်လွှတ်ပြီးသားဖြစ်သွားပါလိမ့်မည်။
ယေဘုယျအားဖြင့်အကျင့်ဆိုးရှိသူများ၊စွဲနေသူများ၏ကိုယ်ခန္ဓာတွင်အားနည်းမှုအားလျော့မှုကိုယ်ခန္ဓာအစိတ်အပိုင်းများ(အကြောစသည်) သည် အားနည်းမှုရှိပေသည်။
သင့်တင့်လျှောက်ပတ်သည့်အားကစားမျိုးစုံကြောင့်ကိုယ်ခန္ဓာ၏ အစိတ်အပိုင်းများကိုအားကောင်းသန်မာရန်အလွန်တရာအာနိသင်ရှိပေသည်။
အကျင့်ဆိုးတွင်နစ်မြှုပ်နေသူများအနေဖြင့်မိမိတို့၏အလုပ်ရှုပ်ထွေး၊အလုပ်များနေသည့်ကြားမှမည်မျှပင်အချိန်ပို၊အချိန်အလကားရပါစေ၊ထိုအချိန်များ
ကိုကစားနည်းမျိုးစုံနှင့်အားကစားများတွင်အသုံးချရပေမည်။
သို့မှသာ မိမိတို့ဆုံးရှုံးသွား သည့် ကျန်းမာရေးကို တဖန်ပြန် လည် ပိုင်ဆိုင်နိုင် တွက်သီးသန့်ဖြစ်သွားမည်ဖြစ်ပါသည်။
လှုပ်ရှားမှုနှင့်အားကစားသည်၎င်းတို့အတွက် (အကျင့်ဆိုးသူများ) အကျိုး အမြတ်ကို ပေးဆောင်နိုင်သကဲ့သို့အထီးကျန်နေခြင်းနှင့် နက်ရှိုင်းစွာ (အချည်းနှီး)တွေးတောခြင်းသည်လည်းအဆိပ်ကဲ့သို့လူသတ်သူဖြစ်ပေသည်။မလွဲမသွေတန်ဖိုးဈေးဘယ်လောက်ပင်ကြီးပစေ၊ကုန်ပါစေ၊ဤအရာများကိုအဝေးသို့ပစ်သင့်ပေသည်။
ဤဆိုဆုံးမမှု ကိုမမေ့လျော့လိုက်ကြပါနှင့်။ တန်ခိုးကြီးသည့် အကျိုး အာနိသင်စွမ်းအားများကိုကြည့်ရှုရမည်ဖြစ်ပါသည်။တစ်နေ့လုံးအားကစားလုပ်ပြီးနောက်ညအိပ်ယာဝင်စဉ်ချက်ချင်းနှစ်ခြိုက်စွာကောင်းကောင်းကြီးအိပ်ပျော်သွားပေလိမ့်မည်။
ထိုနည်းတူစွာမကောင်းမှုနှင့်ဆုံးရှုံးမှုများကိုသာပေးသည့်ဖြစ်ပေါ်စေသည့် စိတ်ကူးယဉ်မှုများ၊ တွေးတောမှုများမှ စောင့်ထိန်းပေးလိမ့် မည်ဖြစ် ပါသည်။
* * * * *
ပညတ်တော်(၄)
မလွဲမသွေ အကျင့်တစ်ခုကိုနောက်အကျင့်တစ်ခုဖြစ်နေရာပြောင်းပေးခြင်း
စိတ်ပိုင်းဆိုင်ရာကျွမ်းကျင်သူများကပြောကြလေသည်…..
မကောင်းသည့် အကျင့်ဆိုးကိုလက်လွတ်၊ စွန့်လွှတ်ရန်အကျင့် ကောင်းကိုရှာဖွေပြုလုပ်ရန်လုံးဝအရေးကြီးပေသည်။ထိုမှသာလျှင်ထိုအကျင့်ဆိုး၏
ကိုယ်စားလှယ်ဖြစ်ပေမည်ဖြစ်ပါသည်။
သာဓကအားဖြင့်ဆုံးရှုံးမှုအားလုံးကိုသိပြီးလောင်းကစားအကျင့်ရှိသူ ဖြစ်မည်။ဒါလည်းပဲမစွန့်လွှတ်မည်။၎င်းတို့၏ပြောဆိုချက်အရလောင်းကစားရမည့် အချိန်
ရောက်လျှင်ထောင်သမား တစ်ဦးပမာခိုင်း စေနေ ပြီး မသိသည့် ခွန်အားလုပ်ခိုင်းကြောင်းဆိုလေသည်။ဤအချိန်၌အသိဥာဏ်နှင့်ဆင်ခြင်တုံတရားသည်လည်းအစေခံဖြစ်သွားရလေသည်။
ဤသို့သောပုဂ္ဂိုလ်များသည်ဒီအကျင့်ဆိုး၊မကောင်းသည့်အကျင့်စွဲ သွားသူများဖြစ်သွားကြလေသည်။မလွဲမသွေထိုအချိန်(လောင်းကစား၊အရက်သောက်…..)ကိုမှန်ကန်သည့်ကစားမှု(ပမာအားဖြင့်ကောင်းမြတ်သည့်အားကစားပြိုင်ပွဲတစ်ခုကို အစားထိုးကစားရပေမည်။ထိုမှသာဤအကျင့်ကောင်းက မကောင်းသည့်အကျင့်ဆိုးနေရာယူမည်ဖြစ်ပေသည်။
နောက်တစ်မျိုးဆိုရလျှင်(မကောင်းသည့်)အကျင့်အတွက်လှုပ်ရှားမှုကိုဖြစ်စေသည့်သီးသန့်ခွန်အား(များ)ကိုအကျင့်ကောင်းဖက်သို့ရွှေ့ပေးလိုက်ရမည်။မလိုလားမနှစ်သက်သည့်
တန်ပြန်မှုများကိုလည်းမည်သူမျှမလာအောင်ထိန်းချုပ်ရပေမည်။(သတိပြု၊ဂရုပြုပါလေ။)
လိင်ကိစ္စဆိုင်ရာဖောက်ပြန်မှုများတွင်လည်း(ဤအတိုင်း)မလွဲမသွေလူငယ်လူရွယ်များ၏တဏှာ၊ရာဂကိုနိုးထစေချိန်မရောက်မှီ (အချိန်မီ) အစီ အစဉ်(များ)ကို(ကြိုးပမ်း)
ရှာဖွေရပေမည်။ပြီးနောက်လက်တွေ့ကျင့် သုံးရ ပါ မည်။သာဓကအားဖြင့်ပညာရေးဆိုင်ရာပြိုင်ပွဲ၊အားကစား၊ဥာဏ်စမ်းပွဲ၊စိတ်ဝင်စားဖွယ်စာအုပ်တစ်အုပ်အားလေ့လာခြင်း၊(မိမိ)ကြိုက်သည့်အားကစား
တစ်ခုခုကိုပြုခြင်း၊တောင်တက်ခြင်း၊မြင်းစီးခြင်းစသည်အလုပ်များကိုမကောင်းသည့်အကျင့်ဆိုးများနေရာသို့ရောက်လာသည့်အထိဆက်တိုက်ပြုလုပ်ရပေမည်။
* * * * *
ပညတ်တော်(၅)
အခြေအနေတိုင်း တွင်တစ်ဦးတစ်ယောက်တည်းအထီးကျန်အဖြစ်မနေခြင်း
အကျင့်ဆိုးစွဲနေသူများအနေဖြင့်မည်သည့်စည်းမျဉ်းစည်းကမ်းချက် များမှမရှိဘဲအထီးကျန်နေခြင်းမှရှောင်ကြဉ်သင့်ပေသည်။
လုံးဝဥဿုံတစ်ဦးတည်း၊တစ်ယောက်တည်းအထီးကျန်နေခြင်းမပြုပါလေနှင့်။အိမ်တွင်လည်းတစ်ယောက်တည်းနေခြင်းမှရှောင်ပါလေ။ညကိုလည်းအခန်း၌ တစ်ယောက်တည်း အိပ်ခြင်းမှ ရှောင်ကြဉ်ပါလေ။ လူမရှိသည့် နေရာ တစ်ဦးတည်းစာအုပ်မလေ့လာပါနှင့်။
မည်သည့်နေရာ၌မဆိုတစ်ဦးတည်း၊တစ်ကိုယ်တည်းဟုခံစားရတိုင်းချက်ချင်းထိုနေရာမှထွက်ခွာပါလေ။အပြင်ထွက်ပါလေ။
ဤကဲ့သို့အကျင့်ဆိုးတွင်နှစ်မြှုပ်နေသူများအနေဖြင့်ပထမအကျင့်ဆိုးနှင့်ပတ်သက်သည့်လှုံ့ဆော်မှုကိုခံစားရလျှင်ရခြင်း၊ချက်ချင်းအခြားအလုပ်ကိုပြောင်းလုပ်ရန်ဆိုသည့်
အချက်ကိုမမေ့သင့်ချေ။(သို့သော်လည်းပဲ)ဤကဲ့သို့မမေ့လျော့ဖို့ဆိုတာယေဘုယျအားဖြင့်အလွန်ခက်ခဲလေသည်။
လူငယ်လူရွယ်တိုင်း၏အတွေးများ၌အကျင့်ဆိုး၊အကျင့်မကောင်းများကိုပျိုးထောင်ပေးသည့်အပြည့်စုံဆုံးလမ်းမှာအထီးကျန်၊တစ်ဦးတည်းနေထိုင် ခြင်းဖြစ်ပေသည်။
(ဤအတွက်ကြောင့်)မည်သည့်လူငယ်လူရွယ်မဆိုမိမိ၏ ကံကောင်း ကံထူးမှု၊ ကျန်းမာခြင်း၊ လက်ဖြင့်အာသာဖြေခြင်း၏အန္တရာယ်ဆိုး များမှ လုံခြုံ မှု ရ
လိုလျှင်အထီးကျန်နေခြင်းမှရှောင်ရ၊ကြဉ်ရမည်ဖြစ်ပေသည်။
* * * * *
ပညတ်တော်(၆)
ပထမအခွင့်အရေး၌အိမ်ထောင်ပြုခြင်း
အကျင့်ဆိုးရှိသူများဆီမှာအခြေအနေကောင်းလျှင်ပထမအခွင့်အ ရေးရချိန်(လူပျိုအချိန်၊အချိန်မီ)အိမ်ထောင်ပြုသင့်ပေသည်။ယုတ်စွအဆုံး၎င်းတို့၏ဖြစ်နိုင်ချေများဟာစေ့စပ်ထားပြီးသူ(တစ်ဦးတည်း)(သို့သော်စေ့စပ်ထားသူမှာရှရီအီစေ့စပ်ထားမှုအရပြုထားသူဖြစ်ရမည်)ရှိပါကမလွဲမသွေဤအခွင့်အရေးကိုလက်လွတ်မခံသင့်ချေ။
အကျဉ်းချုပ်အားဖြင့်အိမ်ထောင်ပြုခြင်းသည်ဤလိင်ကိစ္စဆိုင်ရာ ဖောက်ပြန်မှုများကိုတော်လှန်နိုင်ဖို့အစွမ်းသတ္တိရှိပေသည်။ပြီးနောက်
အိမ်ထောင်ကိစ္စအတွက်မျှော်လင့်တောင်းခံချက်များကိုနည်းလိုက်မည်၊မလို အပ်သည့်ဧည့်ခံမှုအဆောင်အယောင်များကိုဖြုတ်လိုက်မည်ဆိုလျှင်အလွန်တရာလွယ်ကူသွားပြီး၊သာမန်ကိစ္စဖြစ်သွားပေမည်။
သို့သော်ဝမ်းနည်းလေစွ! မှားယွင်းနေသည့် ထုံးထမ်းစဉ်လာများ၊ မှားယွင်းသည့်စည်းမျဉ်းစည်းကမ်းများမှအဆင့်အတန်းများ(စာတတ်ပေတတ်နှင့်စာမတတ်ပေမတတ်)
ကိုလွှမ်းမိုးထားပြီး၎င်းတို့ကိုချုပ်ကိုင်ထားလေသည်။
အများအားဖြင့်အချို့လူငယ်လူရွယ်များမှာမင်္ဂလာဆောင်ဖို့၊ အိမ်ထောင်ပြုဖို့ကြောက်ကြပေသည်။အမှန်တကယ်ဤကြောက်ရွံ့မှု၊ကြောက်လန့်မှုသည်အခြေအမြစ်မရှိချေ။
အကြောင်းမှာ-(ရှရီအီ) ဥပဒေပညတ်ချက်များ ကိုလက်တွေ့ ကျင့်သုံးခြင်းဖြင့် အကျင့်မှား၊ အကျင့်ဆိုး များကို လည်းစွန့် လွှတ်ရန် လွယ်ကူ သွားလေသည်။ ပြီးနောက် အိမ်ထောင် ပြုဖို့အဆင့်အားလုံးသည် လည်း အောင်မြင်သွား မည်ဖြစ်ပါသည်။
* * * * *
ပညတ်တော်(၇)
သလ်ကင်(န)(ပြန်လည်အသိပေးခြင်း)နှင့်ဆုံးဖြတ်ချက်ကိုအားဖြည့်ခြင်း
“သလ်ကင်(န)”လည် ဤအကျင့်ဆိုး၊အကျင့်မကောင်းအား တော် လှန် ရာ၌ အကောင်းဆုံးကဏ္ဍမှပါဝင်လေသည်။ဤအကျင့်ဆိုးစွဲနေသူ
များအနေဖြင့်အဆက်မပြတ်မိမိကိုယ်ကို“သလ်ကင်(န)”လုပ်နေရပေမည်။ “သလ်ကင်(န)”သည်အကျင့်ဆိုးများကိုစွန့်လွှတ်စေဖို့အပြည့်အ၀တတ်စွမ်းနိုင်ပေသည်။အကြောင်းမှာ - “သလ်ကင်(န)”သည်ဤကဲ့သို့သောရောဂါသည်၊ အကျင့်ဆိုး သမားများအတွက် အာနိသင်ထိရောက်မှု ကြီးမားပြီး၊ အလွန်အမြန် စွမ်းဆောင်နိုင်လေသည်။ စိတ်ပညာဆိုင်ရာ ဆရာ ၀န်များ မှ တစ်ဦးဖြစ်သူ (ဒေါက်တာဝီးက်သူရ်ပူရှေဟ်-ပြင်သစ် နိုင်ငံသား)မှ ပြောကြား လေ၏။
“သလ်ကင်(န)”အားအောက်ဖော်ပြပါအသွင်အဖြစ်ရက်အချို့အထိ ဆောင်ရွက်ရပေမည်။
နေ့စဉ်နေ့တိုင်းတိတ်ဆိတ်ငြိမ်သက်ပြီး၊စိတ်(ချမ်းသာ)လုံခြုံရသည့် နေရာတွင်ထိုင်ပြီးဦးနှောက်(အာရုံပြု)ခိုင်ခိုင်မာမာထပ်ထပ်ဆိုရပေမည်။
“ငါဤအကျင့်ဆိုးကိုမိမိကိုယ်မှဝေးအောင်စွမ်းနိုင်စေသည်။ငါစွမ်းနိုင်ပေသည်။”
ဤသာမန်၊ရိုးရိုးသလ်ကင်(န)လေးတစ်ခုကိုအကြိမ်ကြိမ်ရွတ်ဆိုခြင်း ဖြင့်အံ့သြဖွယ်အာနိသင်အဖြစ်(လူသား၏)၀ိဥာဉ်အားခွန်အားဖြစ်ပြီးဤ
အကျင့်ဆိုးနှင့်အကျင့်ဆိုးမှန်သမျှကိုစွန့်လွှတ်နိုင်ပေမည်။(အသင့်အနေဖြင့်လည်းစမ်းသပ်နိုင်ပေသည်။)
ထို့ပြင်တ၀မလွဲမသွေ ဆုံးဖြတ်ချက်၏ခွန်အား ၊စွမ်းအား ကိုဖြစ်စေ သည့်စာအုပ်များကိုလေ့လာဖတ်ရှုရပေမည်။လူသား၏ဂုဏ်သရေရှိမှု
အတွက်တိုးတက်ခြင်း၊(ခိုင်မာသည့်)ဆုံးဖြတ်ချက်ကိုခွန်အားကိုဖြစ်စေသည့်
စာအုပ်စာပေများဖူလုံပါသည့်အထိရေးသားသီကုံးထားကြလေသည်။
ဤအကျင့်ဆိုး(သို့မဟုတ်)မကောင်းသည့်အကျင့်ဆိုးတိုင်းကိုလက်လွတ်၊စွန့်လွှတ်နိုင်မှုတွင်အောင်မြင်ခဲ့ကြသူများကိုယ်တိုင်ဝန်ခံထားသည့် အချက်ကိုကျွန်ုပ်တို့သိထားကြပါသည်။
(ထိုအချက်မှာ)ဤလမ်းစဉ်အတွက်အောင်မြင်မှုရရန်“ဆုံးဖြတ်ချက်၊ရည်ရွယ်ချက်”ပင်ဖြစ်ပါသည်။
* * * * *
ပညတ်တော်(၈) လုံးဝရှောင်ခြင်း
လမ်းလွဲ လမ်းမှားပြီးအကျင့် ဆိုးရှိသူများ ၏ပတ်ဝန်းကျင်နှင့် အတူ နေထိုင်ခြင်း မှ အချိန်တိုင်း၊ အထူးသဖြင့် အကျင့်ဆိုးအား တော် လှန် တိုက်ထုတ်နေချိန်တွင်လုံးဝရှောင်ရပေမည်။ကာလ၀မ်းရောဂါသည်များဆီမှာထွက်ပြေး၊တိမ်းရှောင်သကဲ့သို့ထွက်ပြေးတိမ်းရှောင်ကြပေမည်။
ထို့ပြင်ဤအလုပ်၏ကြောက်မက်ဖွယ်နှင့်သေချင်ဖွယ်ကောင်း သည့် ရလာဒ်ဆိုးများကိုလုံးဝနမော်နမဲ့မတိုင်းဘဲနေရပေမည်။ဒွိဟ၊သံသယဖြစ် စေ မည့်စကားများကိုလုံးဝနားထောင်စရာမလိုချေ။
မကောင်းသည့်မိတ်ဆွေ၊သူငယ်ချင်းအပျက်များ၊ဖောက်ပြန်နေပြီး၊ လမ်းလွဲလမ်းမှားနေသည့်မိတ်ဆွေသူငယ်ချင်းများသည်ဤအကျင့်ဆိုးကို (တော်လှန်နေသည့်သူ)ဆက်လုပ်ရန်တိုက်တွန်းရာတွင်အလွန်အံ့သြဖွယ် သရုပ်ကိုဆောင်ကြလေသည်။
၎င်းတို့သည်ကိုယ်တိုင်ဂိုနာပြစ်မှုဒုစရိုက်များကိုနည်းနည်းသာခံစား လေပြီးသူတစ်ပါးကိုလည်းကံဆိုးမိုးမှောင်ကျအောင်လုပ်လေသည်။
ဤပုဂ္ဂိုလ်များသည်မိမိတို့၏၀မ်းနည်းဖွယ်အစီအစဉ်၊အချိန်ဇယားများတွင်ပြုပြင်ရန်ကြိုးပမ်းနေသူများကိုပါဝင်ရန်ကြိုးစားအားထုတ်ထားလေသည်။
ဒါကြောင့်၎င်းတို့သည်ဤအလုပ်ကိုနူးညံ့ပျော့ပြောင်းပြီးအန္တရာယ်မဲ့သည်ကိုသက်သေထူနိုင်ရန်ကြိုးစားလေသည်။
သို့သော်လည်းပဲအသိ၊သတိရှိကြသည့်လူငယ်လူရွယ်များသည်၎င်းတို့ထောင်ထားသည့် ရှိုင်တွာန် မိစ္ဆာမကောင်းဆိုးဝါး၏ကျော့ကွင်းတွင်မည် သည့် အခါမျှမမိကြပေ။
* * * *
ပညတ်တော်(၉)
ရိုးရိုးသာမန်ခွန်အားနှင့်စားခြင်းသောက်ခြင်း၏ခွန်အား
ပြည့်စုံပြီး (ဘေးကင်း)ကောင်းမွန်သည့် အစားအသောက် များသည် ကိုယ်ခန္ဓာ အားခွန်အားဖြစ်စေသည့် အပြင်လူငယ်လူရွယ်တို့ ၏ အကျင့်ဆိုး ကြောင့် အားပျော့ အားနည်းသွား သောအဓိက ကိုယ်ခန္ဓာအစိတ်အပိုင်း များ (သို့) ကိုယ်တိုင်ကိုယ်ခန္ဓာ အစိတ်အပိုင်း များကိုအားနည်း အားပျော့မှု အကြောင်း ဖြစ်စေ မှုအပေါ်အံ့သြဖွယ် စွမ်းဆောင်နိုင် လေသည်။
(ရာသီဥတု အခြေအနေ အရကြည့်ပြီး) ရေအေးဖြင့်ရေချိုးခြင်း ပြီး နောက် တပက်ဖြင့်ကိုယ်ခန္ဓာကိုသုတ်ခြင်းဖြင့် ဤကဲ့သို့ အကျင့်ဆိုးရှိ သူများ ကို အလွန် တရာ (စွန့်လွှတ်ဖို့၊ပြတ်ဖို့) အကူ အညီပြုရာ ရောက်လေသည်။
ထိုနည်းတူစွာဤကဲ့သို့သော်ပုဂ္ဂိုလ်များအနေဖြင့်မလွဲမသွေ၊တဏှာ၊ရာဂကို နိုးထစေသည့်အကြောင်းခံသည့် အင်္ကျီ၊အ၀တ်များ သည် ယေဘုယျ အား ဖြင့်ဆုံးရှုံးမှု ကိုဖြစ်ပေါ် စေပါသည်။
တစ်ခါ တစ်လေ ကိုယ်ခန္ဓာ၏သဘာဝအရတိုးတက်ဖွံ့ဖြိုးမှု အ တွက် အကျိုးယုတ်မှုနှင့်အန္တရာယ်ဖြစ်သွားလေသည်။၎င်းအပြင်ဒွိဟသံသယ၊မတည်ငြိမ်မှု နှင့် တဏှာရာဂစိတ်ကိုနိုးထပေးရာအကြောင်းခံဖြစ်လေသည်။ (ဂရု နှင့် သတိပြုပါလေ။)
* * * * *
ပညတ်တော်(၁၀)
အီမာန်နှင့်ဘာသာရေးဆိုင်ရာအကီဒါ၏ခွန်အား၏အကူအညီ၊အဖေးအမ
အီမာန်နှင့်အကီဒါ၏ခွန်အား၊စွမ်းအားသည်ဤကဲ့သို့သော်ပုဂ္ဂိုလ်များအတွက်အကြီးတကာအကြီးဆုံးအကူအညီပေးသူဖြစ်ကြောင်းတွေ့ရပါသည်။၎င်းတို့ကိုအကျင့်ဆိုး၏လက်မှလွတ်မြောက်မှုကိုပေးလေသည်။
ဤကဲ့သို့ အကျင့် ဆိုးစွဲနေသူများရှိနေသူများသည်မိမိတို့ ကိုယ်မိမိ မြတ်အလ္လာဟ်အမုန်းခံထားရသူနှင့်မောင်းထုတ်ခံထားသူအဖြစ်မြတ်အလ္လာဟ်ထံဝယ်လုံးဝဥဿုံ(မထင်မှတ်)မသတ်မှတ်လိုက်ပါနှင့်။တနည်းအားဖြင့်အမြဲတစေကြီးကျယ်မြင့်မြတ်တော်မူသောမြတ်အလ္လာဟ်၏ အကြင်နာ၊အယုအယ မေတ္တာ ကို အပြည့်အ၀မျှောင်လင့်သူဖြစ်ရပါမည်။ နမာဇ် အချိန်နှင့်နမာဇ်ပြီး နောက်မိမိဦးခေါင်းကို စဂ်ျသာ ပြုပြီးသနားကြင်နာတော်မူပြီးခွင့်လွှတ်ပလပ် ပေးတော်မူသည့်မိမိ၏ထာဝရအရှင်၊မြတ်အလ္လာဟ်ထံလျှို့ဝှက်ချက်နှင့်လိုလားချက်များကိုတောင်းခံပါလေ။
မိမိ၏နှလုံးသား၊အသက်၊ ကိုယ်ခန္ဓာ တည်ရှိ နေမှုဖြင့် အားလုံးကို (အာရုံစိုက်၊ဂရုပြုပြီး) မိမိ အရှင်မြတ်အလ္လာဟ်ဟိုအရှင်မြတ်ထံတောင်းခံမှုပြု ပါလေ။
ဤမကောင်းသည့်အကျင့်ဆိုးကိုစွန့်လွှတ်၊လက်လွှတ်နိုင်ရန် အကူ အညီ မြတ်အလ္လာဟ် ထံတောင်းခံပါလေ။
ယုံကြည်မှု၊စိတ်ချမှုထားပါလေ။အကယ်၍မည်သည့်လူငယ်လူရွယ်မဆိုအသက်နှင့်နှလုံးနှင့်တကွ(ကိုယ်ရောစိတ်ပါ)မြတ်အလ္လာဟ်
၏နန်းတော်ဝယ်တောင်းဆုပြုမည်ဆိုလျှင်မြတ်အလ္လာဟ်၏သနားကြင်နာ၊ယုယမှု၊ထွေးပိုက်မှု နှင့်အကူအညီအဖေးအမ(မလွဲမသွေ)ရရှိခံစားရလိမ့်မည်ဖြစ်ပါသည်။ ဘ၀၏ ဤတိုက်ပွဲတွင်အောင်လံလွှင့်ထူသူဖြစ်ပေလိမ့်မည်။
၎င်းအပြင် နေရာတိုင်း ၊ အခြေအနေတိုင်းမြတ် အလ္လာဟ်ရှိတော်မူ ကြောင်း၊မြင်တော်မူ ကြောင်းဆိုသည့် အချက်သိရှိနားလည်ထား ရ ပေမည်။
ဘယ်တော့မှမြတ်အလ္လာဟ်၏ရှေ့တော်မှောက်ဝယ်ဤကဲ့သို့ မကောင်း သည့် အလုပ် မလုပ်မိဖို့မိမိကိုယ်ကိုခွင့်မပြုပါလေနှင့်။ကျွန်ုပ် အနေဖြင့် အပြည့် အ၀ ယုံကြည်ပါသည်။
အကယ်၍ ဤရောဂါဆိုး တွင်နစ်မြှုပ်နေသူများ အထက်ဖော်ပြထား သည့် ပညတ်တော်များကိုအတိအကျတစ်လအတွက်သာကြိုးပမ်း အားထုတ် မည် ဆို လျှင်
လမ်းလွဲ လမ်းမှားမှလွတ်မြောက်မှုကိုဆွတ်ခူးရ လိမ့်မည် ( ဖြစ် ကြောင်း အသိပေးမေတ္တာရပ်ခံလိုက်)ပါသည်။
==================================
251/ End