၁၁ ဒီဇင်ဘာ ၂၀၁၅ - ၁၉:၃၈
 ကျမ်းတော်မြတ် ကုရ်အာန် သည် တရားဥပဒေ အတွက် ပထမဆုံး ပင်မ စံ မှတ်ကျောက် ဖြစ်ပါတယ်

လက်ဘနွန် နိုင်ငံ ၏ မွဖ်သီ ချုပ် ရှိက်္ခ အဗ်ဒိုလ်လသီးဖ် အနေဖြင့် လက်ဘနွန် နိုင်ငံ ၏ မြို့တော် ဘေရွတ် တွင်ကျင်းပ သည့် ကျမ်းတော်မြတ် ကုရ်အာန် အာဂုံဆောင်ပွဲ အခမ်းအနား ပွဲ တွင် ကျမ်း တော်မြတ် ကုရ်အာန် သည် တရားဥပဒေ အတွက် ပထမဆုံး ပင်မ စံ မှတ်ကျောက် ကြောင်း ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

Rasa သတင်းဌာန ၏ သတင်းအရ လက်ဘနွန် နိုင်ငံ ၏ မွဖ်သီ ချုပ် ရှိက်္ခ အဗ်ဒိုလ်လသီးဖ် အနေဖြင့် လက်ဘနွန် နိုင်ငံ ၏ မြို့တော် ဘေရွတ် ရှိ (အလ်ဇိုင်ဒါနီယဟ် ) ဒေတွင် ကျင်းပ သည့် ယောက်ကျား လေး နှင့် နှင့်မိန်းကလေး ကျမ်းတော်မြတ် ကုရ်အာန် အာဂုံဆောင်ပွဲ အခမ်းအနား ပွဲ တွင် တရားရေအေးတိုက်ကျွေး ရင် ကျမ်း တော်မြတ် ကုရ်အာန် သည် တရားဥပဒေ အတွက် ပထမဆုံး ပင်မ စံ မှတ်ကျောက် ကြောင်း ဟောကြား ခဲ့ပါတယ်။

၎င်းမှဆက်လက်ပြီး လက်ဘနွန် နိုင်ငံတွင် ကျမ်းတော်မြတ် ကုရ်အာန် အာဂုံဆောင် ဌာန အမြောက် အများ ရှိနေပြီး ဟာဖေဇ် ဖြစ်အောင် စနစ်တကျ သွန်သင်ပေးလျက် ရှိကြောင်း မိန့်ကြား ခဲ့ပါတယ် ။ ကျမ်းတော်မြတ် ကုရ်အာန် ကာရီ အမြောက်အများ ပိုင်ဆိုင်ထား မှု ကြောင့် လက်ဘနွန် နိုင်ငံ ၏ ကျက်သရေ ကို တိုးပွားစေကြောင်း ၊ မိမိနိုင်ငံ ရှိ ဟာဖေဇ် များ အနေဖြင့် အာရပ်နိုင်ငံ များ နှင့် မွတ်စလင်မ် နိုင်ငံ များတွင် ကျင်းပသည့် ကျမ်းတော်မြတ်ကုရ်အာန် ပြိုင်ပွဲများတွင် ဝင်ရောက်နေရာ ယူလျက် ရှိကြောင်း ဟောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ဖွသ်သီချုပ် အနေဖြင့် ကျမ်း တော်မြတ် ကုရ်အာန် သည် တရားဥပဒေ အတွက် ပထမဆုံး ပင်မ စံ မှတ်ကျောက် ကြောင်း ဟောကြား ခဲ့ပါတယ်။

ကျမ်းတော်မြတ် ကုရ်အာန် ၏ ပထမဆုံး အာယသ်တော်များသည် မနုဿ လူသားအား ပညာ သို လှောင် ဖို့ ၊ မအ်ရေဖသ် ရှိဖို့ ဖိတ်ခေါ်နေပါတယ်။ ဤ အချက်ကို အခြေခံပြီး ကျမ်းတော်မြတ် ကုရ်အာန် ဆိုင်ရာပညာရပ်များ အတွက် ပထမဆုံး နှင့် အကောင်းတကာ အကောင်းဆုံး ပညာ ရပ်များ အဖြင့် ကေရာအသ်ပညာ ၊ သဖ်သီးပညာ ၊ ဖေက်ဟ် ပညာ တို့ ဖြစ်နေပါတယ်။

ဤအစီအစဉ်၏ နောက်ဆုံးတွင် လက်ဘနွန် နိုင်ငံ ၏ မွဖ်သီ ချုပ် ရှိက်္ခ အဗ်ဒိုလ်လသီးဖ် နှင့် ရှိက်္ခ မိုဟမ္မဒ် အကာဝီး တို့မှ ဟာဖေဇ်စေကုရ်အာန်များ ကို အောင်လက်မှတ် များ ချီးမြှင့်ခဲ့ပါတယ်။

===============================

251 / End