၁၂ ဒီဇင်ဘာ ၂၀၁၅ - ၀၇:၃၀
 “အကြမ်းဖက်ဝါဒဖြန့်မှု” ဆိုသည့် စကားလုံးအား ဖယ်ရှားရန် ပျက်ကွက်မှုအတွက် Twitter ကို တူရကီက ဒဏ်ရိုက်

လူမှုကွန်ရက်ဆိုက်တစ်ခုဖြစ်သည့် တွစ်တာကုမ္ပဏီမှာ “အကြမ်းဖက်ဝါဒဖြန့်မှု” စသည့် စာသားများပါဝင်ခြင်းကို မဖယ်ရှားခဲ့သည့်အတွက် တူရကီနိုင်ငံ ဆက်သွယ်ရေးဆိုင်ရာအာဏာပိုင်အဖွဲ့ BTK က ဒဏ်ငွေ ယမန်နေ့တွင် တူရကီလီရာ ၁၅၀၀၀၀ (ကန်ဒေါ်လာ ၅၁၀၀၀) ဒဏ်ရိုက်ခဲ့သည်ဟု သိရသည်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

လူမှုကွန်ရက်ဆိုက်တစ်ခုဖြစ်သည့် တွစ်တာကုမ္ပဏီမှာ “အကြမ်းဖက်ဝါဒဖြန့်မှု” စသည့် စာသားများပါဝင်ခြင်းကို
မဖယ်ရှားခဲ့သည့်အတွက် တူရကီနိုင်ငံ ဆက်သွယ်ရေးဆိုင်ရာအာဏာပိုင်အဖွဲ့ BTK က ဒဏ်ငွေ ယမန်နေ့တွင် တူရကီလီရာ ၁၅၀၀၀၀ (ကန်ဒေါ်လာ ၅၁၀၀၀) ဒဏ်ရိုက်ခဲ့သည်ဟု သိရသည်။

အသေးစိတ်အချက်အလက်များကို ထုတ်ပြန်ခဲ့ခြင်းမပြုသော်လည်း လူမှုကွန်ရက်ဝဘ်ဆိုက်တစ်ခုကို တူရကီက ယခုကဲ့သို့ ဒဏ်ရိုက်ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။

တူရကီမှာ ယခင်ကလည်း ၎င်းတို့ ဖယ်ရှားခိုင်းသည်များကို မလိုက်လျောခဲ့ခြင်းကြောင့် Twitter ကို ယာယီပိတ်သိမ်းမှုများ အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့သည်။

Ref: Reuters

=======================
251 / End