အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
အလ်အီရတ်ကီးယာ ရုပ်မြင်သံကြား သတင်း ဌာန၏ သတင်းအရ ဗဒဲရ် အမည်ရှိ ( ပြည့်သူတပ်မတော် အဖွဲ့တစ်ခုအမည်) အဖွဲ့၏ အထွေထွေ အတွင်း ရေးမှူး ဗိုလ်ချုပ် အလ်အာမေရီ အနေဖြင့်ပြောကြား ခဲ့ပါတယ်။
အာရှအလယ်ပိုင်း ဒေသတွေမှာ အခက်အခဲ အကျပ်အတည်း တွေ ဟာ ဆော်ဒီ ဝင်ဝင်ပြီးပတ် သက်နေ လို့ ဖြစ်ရကြောင်း ၊ဆီးရီးယား နိုင်ငံ တွင်ပြည်သူ့လူ ထု မျိုးပြုတ်အသတ်ခံနေမှု နှင့် အကျပ် အတည်း ၏ တာဝန်ခံ ၊တရားခံမှာ ဆော်ဒီ နှင့်ကာတာ အစိုးရကြောင့် ဖြစ်ကြောင်း ၊ အကြောင်းမှာ ဆော်ဒီ နှင့်ကာတာ နိုင်ငံ တို့သည် သက္က်ဖီးရီး အစွန်းရောက်အဖွဲ့ များ ၏ အမြင် နှင့် အတွေး အခေါ် ၏ ပင်မ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ဗိုလ်ချုပ်မှ ဆက်လက်ပြီးပြောကြားပါတယ်။ မည်သူမဆို ယီမင် ၊ အီရတ် ၊ လက်ဘနွန် နှင့် အီဂျစ် ကို ခွဲဖို့ ကြိုးပမ်းမည်ဆိုလျှင် ထိုသူ၏ လုပ်ရပ်ဟာ ဆိုက်ယူနစ် ( ဇီယွန် ဝါဒီ) တွေ၏ အကွက်ချထားမှု အတိုင်း လုပ် ပေးတာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ် ။ဒါကြောင့် သူတို့တွေနှင့်ရင်ဆိုင်ဖို့ မာမာ မတ်မတ် ရပ်တည် နေရမည် ဖြစ်ကြောင်းကိုလည်း ပြောကြားခဲ့ပါတယ်။
ဗဒဲရ် အမည်ရှိ အဖွဲ့၏ အထွေထွေ အတွင်း ရေးမှူး ဗိုလ်ချုပ် အလ်အာမေရီ အနေဖြင့် အီရတ် နိုင်ငံ အတွင်း တူရကီ နိုင်ငံ ဘက်မှ စစ်တပ် ပို့ထားမှု ကိစ္စ နှင့် ပတ်သက်ပြီး တူရကီ အစိုးရကို သတိ ပေး ပြော ကြားခဲ့ပါတယ်။ တူရကီ အစိုးရ အနေဖြင့် IS အကြမ်းဖက်ကို တိုက်မည့် အကြောင်းပြ ချက် ဖြင့် ဒီိဇင်ဘာလ ၄ရက်နေ့က မိမိစစ်တပ်များကို အီရတ် နိုင်ငံ မြောက်ပိုင်း နိုင်နဝါ ပြည်နယ်၊ မိုစဲလ်မြို့ အနီး ရှိ ဒေသတွင် တပ်များကို လွတ်ထားခဲ့ ခြင်း ဖြစ်ပါ တယ်။ ဤအတွက်ကြောင့် အီရတ် နှင့်တူရကီ ဆက်ဆံရေး တင်းမာ မှု ဖြစ်လာ ပါတယ်။ အီရတ် အစိုးရ အနေဖြင့် တူရကီအစိုးရကို မိမိစစ်တပ်ကို ၄၈ နာရီ အတွင်း ပြန် ရုပ်သိမ်းဖို့ ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ တူရကီ အစိုးရဘက်မှ မိမိစစ်တပ်ကို အီရတ် မှ ပြန်လည် မရုပ်သိမ်းပေး နိုင်ကြောင်း ကြေငြာ ခဲ့ပါတယ်။
အီရတ် အစိုးရ အရာရှိများ နှင့် ပြည်သူ လူထု အနေဖြင့် ဤလုပ်ရပ်နှင့်ပတ်သက်ပြီး အပြင်းကန့် ကွက် မှုကို ပြခဲ့ကြပါတယ်။
======================
251 / End