အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr သတင်းဌာန ၏ အစီရင်ခံစာအရ အမေရိကန် ယာယီတာဝန်ခံသည် ယမန်နေ့က ပါကစ္စတန်နိုင်ငံ၊ ဘာလ်တစ္စတန်ဒေသရှိ စကာဒူမြို့သို့ သွားရောက်ခဲ့ပြီး ယင်းခရီးစဉ်ကို ပြည်သူများ သိရှိသွားသည့်အခါ အကြီးအကျယ် ဆန္ဒပြခဲ့ကြပါတယ်။
ရှဟီးဒ် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ ရှဟီးဒ် ဖြစ်သွားပြီးနောက် အန်ဂျုမန် အေမာမ်မီယဟ် ဘာလ်တစ္စတန် အဖွဲ့သည် တညီတညွတ်တည်း ဆုံးဖြတ်ချက်တစ်ရပ်ကို အတည်ပြုခဲ့ကြောင်း သတိပြုရန် လိုအပ်ပါတယ်။
ထိုဆုံးဖြတ်ချက်တွင် ယနေ့မှစ၍ မည်သည့်အမေရိကန်နိုင်ငံသားမျှ စကာဒူမြို့သို့ လာရောက်ခွင့်မရှိကြောင်း၊ ထိုသို့လာရောက်ပြီး အမေရိကန်နိုင်ငံသားတစ်ဦးဦး ထိခိုက်မှုတစ်စုံတစ်ရာ ဖြစ်ပွားခဲ့ပါက မိမိတို့အနေဖြင့် တာဝန်ယူမည်မဟုတ်ကြောင်း ပြောကြားထားပါတယ်။
လူမှုကွန်ရက်များပေါ်တွင်လည်း ပြည်သူများသည် အဆိုပါခရီးစဉ်အကြောင်း အမှန်တကယ် မသိရှိခဲ့ကြသလား၊ သို့မဟုတ် အခြားအကြောင်းရင်းတစ်ခုခု ရှိနေသလားဟူသည့် မေးခွန်းများကို မေးမြန်းနေကြပါတယ်။
ဂီလ်ဂစ်၊ ဘာလ်တစ္စတန် ဒေသလွှတ်တော်အဖွဲ့ဝင် ကာဇင်းမ် မိုင်းဇန်မ် ကလည်း အမေရိကန်အရာရှိများ၏ စကာဒူမြို့ခရီးစဉ်အပေါ် ပြင်းထန်သော စိုးရိမ်ပူပန်မှုကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ပြည်သူများသည် အမေရိကန် ယာယီတာဝန်ခံ၏ ခရီးစဉ်ကို လျှို့ဝှက်ခရီးစဉ်တစ်ခုဟု သတ်မှတ်ကာ ဆန္ဒပြမှုများ စတင်ခဲ့ကြောင်း သိရပါတယ်။ သို့သော် အမေရိကန် ယာယီတာဝန်ခံသည် ဂီလ်ဂစ်-ဘာလ်တစ္စတန်ဒေသ အုပ်ချုပ်ရေးမှူး၏ ဧည့်သည်အဖြစ် လာရောက်ခဲ့ခြင်းဖြစ်ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment