အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
တောင်ကိုရီးယားနိုင်ငံရောက်မြန်မာများ ဆန္ဒပြနေစဉ် (ဓာတ်ပုံ − ၀င်းလှိုင်)
မြန်မာလုပ်သားနှစ်ဦး အတွက် တရားမျှတစွာစီရင်ပေး ရန် တောင်းဆိုဆန္ဒပြပွဲနှင့် ပြန်လည်လွတ် မြောက်ရေးဆုတောင်းပွဲများ ပြည်တွင်းရော ပြည်ပ၌ပါလေးရက်ဆက် အရှိန်မြှင့် လုပ်ဆောင်နေသည်။
မြန်မာ-ထိုင်းနယ်စပ်မြို့ များဖြစ်သည့် မြ၀တီ၊ ကော့သောင်း၊ မြိတ်မြို့များတွင် ဒီဇင်ဘာ ၂၆ ရက်က ဆန္ဒထုတ်ဖော်ပွဲနှင့် ဆုတောင်းပွဲပြုလုပ်ခဲ့ကြသကဲ့သို့ ရန်ကုန်၊ တောင်ကြီး၊ ပြည်မြို့တို့တွင်လည်း ပြုလုပ်ခဲ့ကြသည်။
ပြည်ပနိုင်ငံများတွင် တောင် ကိုရီးယားနိုင်ငံရောက် မြန်မာနိုင် ငံသား ၅၀၀ ကျော်က ဆိုးလ်မြို့ရှိ ထိုင်းသံရုံးရှေ့၌ ဆန္ဒထုတ်ဖော် ခဲ့ကြပြီး နိုင်ငံတကာက လိပ်ကျွန်း အမှုမှန်ကို စိတ်ဝင်တစားဖြစ်စေ ခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံ ရောက် မြန်မာများက ပြောသည်။
‘‘ကျွန်တော်တို့ ဆန္ဒပြတဲ့ ထိုင်းသံရုံးတည်ရှိတဲ့နေရာဟာ နိုင်ငံတ ကာသံရုံးတွေ ရုံးစိုက်ရာနေရာဖြစ် တဲ့အတွက် ဇော်လင်းနဲ့ ၀င်းဇော်ထွန်းတို့ကို ထိုင်းအစိုးရက မတရားသေဒဏ်ချမှတ်လိုက်တာကို နိုင်ငံ တကာသံရုံးဝန်ထမ်းတွေသိသွားပါပြီ။ ဒီလိုသိအောင်လည်း ဆန္ဒပြ ပွဲဖြစ်မြောက်ရေးကော်မတီအနေ နဲ့ ထုတ်ပြန်ကြေညာချက်တွေကို ကိုရီးယားဘာသာနဲ့ရော အင်္ဂလိပ်ဘာသာနဲ့ပါ ရိုက်နှိပ်ပြီး ဝေငှခဲ့ပါ တယ်’’ဟု တောင်ကိုရီးယားနိုင်ငံ တွင် ရောက်ရှိနေသည့် ကိုဝင်းလှိုင်က ပြောသည်။
လိပ်ကျွန်းအမှုတရားမျှတ စွာ ဆောင်ရွက်ရေး ထိုင်းအစိုးရကို ဆန္ဒထုတ်ဖော်ခြင်းများ ဂျပန်၊ အမေရိကန်နှင့် ဗြိတိန်နိုင်ငံတို့တွင်လည်း ဒီဇင်ဘာ ၂၅ ရက်က ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံသား အများအပြားရှိနေသည့် မလေးရှားနိုင်ငံ၌လည်း ဒီဇင်ဘာ ၂၇ ရက်တွင်ပြုလုပ်မည် ဖြစ်ကြောင်း မလေးရှားနိုင်ငံရောက် မြန်မာလူမှုရေး အဖွဲ့အစည်းများထံမှ သတင်းရရှိသည်။ လိပ်ကျွန်းအမှုတွင် တရားခံအဖြစ် သတ်မှတ်ကာ ထိုင်းနိုင်ငံ အစိုးရက မြန်မာနိုင်ငံသားနှစ်ဦး ကို ဒီဇင်ဘာ ၂၄ ရက်၌ သေဒဏ်နှင့် ထောင်ဒဏ်များချမှတ်ခဲ့ ခြင်း ဖြစ်သည်။ ယင်းအမှုကို တရားမျှတမှုမရှိဟုဆိုကာ နိုင်ငံတကာမှ လေ့လာသူများနှင့် ထိုင်းလူမျိုးအ ချို့ကိုယ်တိုင်ထုတ်ပြောထားပြီး မြန်မာနိုင်ငံတွင်လည်း ဆန္ဒထုတ် ဖော်မှုများ ဆက်တိုက်ပြုလုပ်နေ ကြသည်။
ထိုင်းနိုင်ငံရောက် မြန်မာအ လုပ်သမားအရေးဆောင်ရွက်သူ ကိုစောမောင်က ‘‘အခုလို မြန်မာ ပြည်က ကျွန်တော်တို့ ညီနောင်တွေ ဆန္ဒထုတ်ဖော်ပေးတာကို အထူးပဲကျေးဇူးတင်ပါတယ်။ မြန်မာပြည်သူတွေဆန္ဒပြတာ ထိုင်းအာဏာပိုင်တွေအနေနဲ့ မြန်မာနိုင်ငံသားတွေ သူတို့နိုင်ငံသားကို ထိရင်ငြိမ်ခံနေကြတော့မယ့် သူတွေမဟုတ်ဘူးဆိုတာ သူတို့သိသွားတာပေါ့’’ဟု ပြောကြားသည်။
===============================
251 / End