၂၆ ဖေဖော်ဝါရီ ၂၀၁၆ - ၂၀:၁၉
ထိုင်းမှပြန်သည့် မြန်မာများ ယာဉ်မတော်မဆမှုကြောင့် ၃ ဦးသေဆုံး

ထိုင်းနိုင်ငံအလယ်ပိုင်း ဆုဖန်းပူးရီးခရိုင်ထဲမှာ ဒီနေ့မနက်က ဌာနေပြန်ကြတဲ့ မြန်မာ အလုပ်သမားတွေ စီးလာတဲ့မှန်လုံကား ယာဉ်တိုက်မှုဖြစ်ပွားပြီး ၃ ဦးသေဆုံးကာ ၆ ဦး ဒဏ်ရာရ ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

ဓာတ်ပုံ - dailynews

 

ထိုင်းနိုင်ငံအလယ်ပိုင်း ဆုဖန်းပူးရီးခရိုင်ထဲမှာ ဒီနေ့မနက်က ဌာနေပြန်ကြတဲ့ မြန်မာ အလုပ်သမားတွေ စီးလာတဲ့မှန်လုံကား ယာဉ်တိုက်မှုဖြစ်ပွားပြီး ၃ ဦးသေဆုံးကာ ၆ ဦး ဒဏ်ရာရ ခဲ့ပါတယ်။

နခွန်းပထုန်ခရိုင်ကနေ မနေ့ည ၁၁ နာရီက ထွက်လာတဲ့ သူတို့ကားဟာ မဲဆောက် အပြန် နောင်ယားဆိုင်းမြို့နယ်မှာ ကြံပင်တွေတင်ဆောင်လာတဲ့ကားနဲ့ တိုက်မိခဲ့တာလို့  နောင်ယာဆိုင်းမြို့နယ် ရဲစခန်းအရာရှိရဲ့ပြောကြားချက်ကို ကိုးကားပြီး ဒေးလီးသတင်းမှာ ဖော်ပြပါတယ်။

ကားပေါ်ပါ ၁၂ ဦးအနက် ကားရှေ့ခန်းမှာ ယာဉ်မောင်းထိုင်းအမျိုးသားနဲ့ မြန်မာ အလုပ်သမား ၂ ဦး ပွဲချင်းပြီး သေဆုံးကြောင်း၊ ၆ ဦးဒဏ်ရာရရှိပြီး ဒန်ချန့်ဆေးရုံကို ပို့ဆောင်ထား ပြီး ယာဉ်တိုက်မှုအကြောင်းရင်းကို စုံစမ်းဆဲလို့ သူက ပြောပါတယ်။