၁ မတ် ၂၀၁၆ - ၁၇:၅၃
ဦးသိန်းစိန်အစိုးရ လက်ထက်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ ၂၃ ဘီလီယံကျော်ရှိ

လက်ရှိအစိုးရ သက် တမ်းအတွင်း ပြည်ပနိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုစုစုပေါင်း အမေရိ ကန်ဒေါ်လာ ၂၃ ဘီလီယံကျော် ဝင်ရောက်ရင်းနှီးမြှုပ်နှံပြီး အလုပ် အကိုင်အခွင့်အလမ်း သုံးသိန်းခွဲ ခန့် ဖန်တီးပေးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မတီမှ သတင်းရရှိသည်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

လက်ရှိအစိုးရ သက် တမ်းအတွင်း ပြည်ပနိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုစုစုပေါင်း အမေရိ ကန်ဒေါ်လာ ၂၃ ဘီလီယံကျော် ဝင်ရောက်ရင်းနှီးမြှုပ်နှံပြီး အလုပ် အကိုင်အခွင့်အလမ်း သုံးသိန်းခွဲ ခန့် ဖန်တီးပေးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မတီမှ သတင်းရရှိသည်။

ပြည်ပရင်းနှီးမြှုပ်နှံမှုသည် လက်ရှိ အစိုးရလက်ထက်တွင် တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးတက်လာပြီး ၂၀၁၄-၁၅ ဘဏ္ဍာနှစ်၌ အမေရိကန်ဒေါ်လာ ရှစ်ဘီလီယံ ဖြင့် စံချိန်တင်ခဲ့သည်။ ယခုဘဏ္ဍာနှစ်တွင်လည်း ဇန်နဝါရီလကုန်အထိ ရင်းနှီးမြှုပ်နှံမှုပမာဏသည် အမေရိကန်ဒေါ်လာ ငါး ဘီလီယံကျော် ရှိနေကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အထွေထွေအတွင်းရေးမှူး ဦးအောင်နိုင် ဦးက ပြောသည်။

မြန်မာနိုင်ငံတွင် ပြည်ပနိုင်ငံ များမှ အများဆုံးရင်းနှီးမြှုပ်နှံသည့် ကဏ္ဍသည် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ဖြစ်ပြီး စက်မှုကဏ္ဍဖြစ် သည်။ စက်မှုကဏ္ဍတွင် လုပ်သား အခြေပြုသည့် ထုတ်ကုန်လုပ်ငန်း များဖြစ်သော အထည်ချုပ်၊ ဖိနပ်ချုပ်လုပ်ငန်းနှင့် လခစား ရေထွက် ကုန်လုပ်ငန်းများ ပါဝင်သည်။ ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ် ငန်းသည် လက်ရှိအစိုးရလက် ထက်တွင် ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ငါးဘီလီယံ ကျော်ရှိနေပြီး စက်မှုကဏ္ဍတွင် ၄ ဒသမ ၇ ဘီလီယံခန့်ရှိနေသည်။ပြည်ပမှ ရင်းနှီးမြှုပ်နှံမှု အ များဆုံးဝင်ရောက်သော နိုင်ငံများ တွင် စင်ကာပူနိုင်ငံသည် အမေရိ ကန်ဒေါ်လာ ကိုးဘီလီယံ ရှိသည်။ စစ်အစိုးရလက်ထက်တွင် တရုတ် နိုင်ငံသည် ရင်းနှီးမြှုပ်နှံမှု အမေရိ ကန်ဒေါ်လာ ၁၄ ဘီလီယံကျော် ဖြင့် အများဆုံးရှိခဲ့သည်။

ထိုကဲ့သို့ နိုင်ငံခြားရင်းနှီးမြှုပ် နှံမှုများပြားလာခြင်းသည် ၂၀၁၂ တွင် ပြဋ္ဌာန်းခဲ့သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နိုင်ငံခြားသား လုပ်ငန်းရှင်များအား ပုဂ္ဂလိကပိုင် မြေများတွင် ငှားရမ်းရင်းနှီးမြှုပ်နှံ မှု၊ အခွန်သက်သာခွင့်များကြောင့် ဟု မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော် မရှင်မှ တာဝန်ရှိသူများက ပြော သည်။  မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမည့် နိုင်ငံခြားသားလုပ်ငန်းရှင် များသည် အခွန်သက်သာခွင့်များ ထက် စီးပွားရေးနှင့်ပတ်သက်၍ ခိုင်မာသည့် စည်းမျဉ်းစည်းကမ်း ကို ပွင့်လင်းမြင်သာမှုရှိစွာ သိနိုင်ခြင်းကိုသာ အဓိက လိုချင်ကြသည်ဟု ကမ္ဘာ့ဘဏ်မှ စီမံခန့်ခွဲမှု အကြီးတန်းအရာရှိ မစ္စတာ Charles Schneider က ပြောသည်။



======================
251 / End

X