၅ ဇွန် ၂၀၁၆ - ၁၈:၃၂
ကျော်သူပရဟိတကွန်ရက်က ပြည်မြို့ဝန်းကျင်ရှိ လူမှုကူညီရေးအသင်းခြောက်သင်းအား ကျပ်သိန်း ၁၅၀ စီလှူ

ကျော်သူပရဟိတကွန်ရက် က ပြည်မြို့နယ်ဒေသအနီးဝန်း ကျင်ရှိ လူမှုကူညီရေးအသင်းများ အား တစ်သင်းလျှင် ကျပ်သိန်းတစ်ရာ့ငါးဆယ်စီ ပေးအပ်လှူဒါန်းခဲ့ ကြောင်း သတင်းရရှိသည်။ အဆိုပါ လှူဒါန်းပွဲကို ပြည် မြို့ တစ်ဖက်ကမ်းရှိ ပရဟိတ တောင်ကုန်းပေါ်တွင် ဇွန်လ ၄ ရက်က ပြုလုပ်ခဲ့ပြီး ကမ္ဘောဇအ နာဂတ်အလင်းတန်းမြန်မာဖောင် ဒေးရှင်းမှ ကျော်သူပရဟိတကွန် ရက်သို့ လှူဒါန်းသည့် ကျပ်သိန်း ငါးထောင်ကို ထပ်ဆင့်ပြန်လည် လှူဒါန်းခြင်း ဖြစ်သည်ဟုကျော်သူ ပရဟိတကွန်ရက်မှ ဦးကျော်သူက ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ကျော်သူပရဟိတကွန်ရက် က ပြည်မြို့နယ်ဒေသအနီးဝန်း ကျင်ရှိ လူမှုကူညီရေးအသင်းများ အား တစ်သင်းလျှင် ကျပ်သိန်းတစ်ရာ့ငါးဆယ်စီ ပေးအပ်လှူဒါန်းခဲ့ ကြောင်း သတင်းရရှိသည်။

အဆိုပါ လှူဒါန်းပွဲကို ပြည် မြို့ တစ်ဖက်ကမ်းရှိ ပရဟိတ တောင်ကုန်းပေါ်တွင် ဇွန်လ ၄ ရက်က ပြုလုပ်ခဲ့ပြီး ကမ္ဘောဇအ နာဂတ်အလင်းတန်းမြန်မာဖောင် ဒေးရှင်းမှ ကျော်သူပရဟိတကွန် ရက်သို့ လှူဒါန်းသည့် ကျပ်သိန်း ငါးထောင်ကို ထပ်ဆင့်ပြန်လည် လှူဒါန်းခြင်း ဖြစ်သည်ဟုကျော်သူ ပရဟိတကွန်ရက်မှ ဦးကျော်သူက ပြောသည်။

‘‘လူမှုကူညီရေးအသင်းတွေ အနေနဲ့ ဒေသတွင်းလူမှုကူညီရေး လုပ်ငန်းတွေမှာ ပြည်သူတွေအ တွက် အကျိုးပြုသုံးစွဲနိုင်ဖို့ ရည် ရွယ်ပြီးထပ်ဆင့်ပြန်လည်လှူဒါန်း တာ ဖြစ်တယ်’’ဟု ဦးကျော်သူက ပြောသည်။ ပြည်မြို့ မိုးမေတ္တာနာရေးကူညီမှုအသင်း၊ ဆင်မြီးဆွဲမြို့နာရေးကူညီမှုအသင်း၊ ပေါင်းတ လည်မြို့ငြိမ်းချမ်းလူငယ်အသင်း၊ ထုံးဘိုမြို့ရွှေမေတ္တာနာရေးကူညီ မှုအသင်း၊ လက်ပံတန်းမြို့ မေတ္တာမွန်နာရေးကူညီမှုအသင်း၊ မြန်အောင်မြို့ ပါရမီလူမှုကူညီမှု အသင်းတို့အားလှူဒါန်းခဲ့ခြင်း ဖြစ်သည်။  ‘‘ကျွန်တော်တို့အနေနဲ့ လူမှု ကူညီမှုလုပ်ငန်းတွေမှာ ပိုမိုကျယ် ပြန့်စွာဆောင်ရွက်နိုင်ဖို့ လှူဒါန်း ငွေတွေကို ပြည်သူတွေ အကျိုးရှိ အောင် ဆောင်ရွက်သွားမယ်။ အသက်ရှူဖို့ခက်ခဲနေတဲ့ လူနာ တွေအသက်ရှူနိုင်ဖို့ အောက်ဆီဂျင် အခမဲ့ရရှိရေးကို ယခုရရှိတဲ့အလှူ ငွေတွေနဲ့ အဓိကထားဆောင်ရွက် သွားဖို့ ရှိပါတယ်’’ဟု မြန်အောင် မြို့ ပါရမီလူမှုကူညီရေးအသင်းမှ ဦးခင်မောင်လွင်က ပြောသည်။

===================

251 / End