၅ ဇွန် ၂၀၁၆ - ၁၈:၄၉
၉၆ နှစ်အရွယ် ဂျပန်အဘိုးအို ကမ္ဘာ့အသက်အကြီးဆုံး ဘွဲ့ရကျောင်းသား ဖြစ်လာ

ဂျပန်နိုင်ငံမှ အသက် ၉၆ နှစ်အရွယ် အဘိုးအိုတဦးဟာ ကမ္ဘာ့စံချိန်ချိုးကာ အ သက်အကြီးဆုံး ဘွဲ့ရကျောင်းသားတဦးဖြစ်လာပါတယ်။ ရှီဂဲမိ ဟီရာတာဟာ ပင်စင်စားအဘိုးအိုတဦးဖြစ်ကာ ကျိုတိုအနုပညာနဲ့ ဒီဇိုင်း တက္ကသိုလ်မှ ပြီးခဲ့တဲ့ မတ်လမှာ ကြွေထည်မြေထည်အနုပညာဆိုင်ရာဘွဲ့ကို ရရှိခဲ့တာလို့ ဘန်ကောက်ပို့စ်သတင်းမှာ ဒီကနေ့ဖော်ပြပါတယ်။ သူဟာ ပင်စင်စားတဦးအဖြစ် ဖြတ်သန်းခဲ့ရာကနေ ဒီဘွဲ့ကို ရရှိဖို့ အချိန် ၁၁ နှစ်ကြာ အားထုတ်ခဲ့ရတယ်လို့ ဆိုပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဂျပန်နိုင်ငံမှ အသက် ၉၆ နှစ်အရွယ် အဘိုးအိုတဦးဟာ ကမ္ဘာ့စံချိန်ချိုးကာ အ သက်အကြီးဆုံး ဘွဲ့ရကျောင်းသားတဦးဖြစ်လာပါတယ်။

ရှီဂဲမိ ဟီရာတာဟာ ပင်စင်စားအဘိုးအိုတဦးဖြစ်ကာ ကျိုတိုအနုပညာနဲ့ ဒီဇိုင်း တက္ကသိုလ်မှ ပြီးခဲ့တဲ့ မတ်လမှာ ကြွေထည်မြေထည်အနုပညာဆိုင်ရာဘွဲ့ကို ရရှိခဲ့တာလို့ ဘန်ကောက်ပို့စ်သတင်းမှာ ဒီကနေ့ဖော်ပြပါတယ်။

သူဟာ ပင်စင်စားတဦးအဖြစ် ဖြတ်သန်းခဲ့ရာကနေ ဒီဘွဲ့ကို ရရှိဖို့ အချိန် ၁၁ နှစ်ကြာ အားထုတ်ခဲ့ရတယ်လို့ ဆိုပါတယ်။

ဘွဲ့ကို လက်ခံရပြီးချိန်မှာတော့ သူ့ကို ဂီးနက်စ်ကမ္ဘာ့မှတ်တမ်းစံချိန်တင် အသက် အကြီးဆုံး အဘိုးအိုအဖြစ် ဇွန်လ ၃ ရက်နေ့မှာ အသိအမှတ်ပြုခဲ့တာလို့ ဒေသ တွင်းသတင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။

၁၉၈၉ ခုနှစ်က ဟီရိုရှီးမားမြို့မှာ မွေးဖွားခဲ့သူ ဟီရာတာက “နာမည်တွေ မသိတဲ့ ကျောင်းသားတွေအများကြီး လာပြီး ချီးကျူးနှုတ်ဆက်ကြပါတယ်။ ကျနော့်အတွက် ဒါဟာ အင်အားကုန်စိုက်ထုတ်အသုံးပြုခဲ့ရတာပါ။ ကျနော့်ရည်မှန်းချက်က အသက် ၁၀၀ ထိ နေထိုင်သွားနိုင်ဖို့ပါပဲ” လို့ ပြောပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်းက စစ်သားတဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဟီရာတာကို ငွေရောင်ဖွေးဖွေးဖြူနေတဲ့ ဆံပင်တွေနဲ့ ပြုံးပြူံရွှင်ရွှင်တွေ့ရပြီး မိသားစုနဲ့အတူ ပျော်ပျော်ရွှင်ရွှင်နေထိုင်ကြတာပါ။

ဂျပန်နိုင်ငံမှာ သက်ကြီးရွယ်အိုဦးရေများပြီး သူတို့ဟာလည်း တခြားသက်ကြီး ရွယ်အိုတွေလို ဘ၀ကို အလွယ်တကူ အရှုံးပေးကြသူတွေ မဟုတ်ကြပါဘူး။

၂၀၁၅ ခုနှစ်မှာ ဂျပန်နိုင်ငံမှာ သက်ကြီးရွယ်အိုဦးရေ ၅ သောင်း ၉ ထောင်နီးပါး ရှိနေတာဖြစ်ပြီး ဒါဟာ လူဦးရေ ၁ သိန်းမှာ အသက် ၁၀၀ အထက်လူဦးရေ ၄၆ ဦးရှိနေ တယ်လို့ ကိန်းဂဏန်းတွေက ဖော်ပြနေတာပါ။

=======================

251 / End