၂၂ ဇွန် ၂၀၁၆ - ၁၉:၁၅
အလာမာနာစေရ် အဘာစ် ဂျအ်ဖရီ မှ ကဝါလီ အကျော်အမော် အမ်ဂျဒ် ဆွာပေရီ လုပ်ကြံ ခံ ရမှု အတွက် ပြစ်တင် ရှုတ်ချ

((ပါကစ္စတန် နိုင်င်ငံ မဂ်ျလစ် စေ ဝဲဟ်ဒသ် မွတ်စလေမီး )) အထွေထွေ အတွင်းရေမှူးချုပ် အလာမာ ရာဂျာ နာစေရ် အဘာစ် ဂျအ်ဖရီ မှ ကဝါလီ အကျော်အမော် အမ်ဂျဒ် ဆွာပေရီ လုပ်ကြံ ခံ ရမှု အတွက် ပြစ်တင် ရှုတ်ချပြီ ဤလူမဆန်သည့် လုပ်ရပ်အား တရားမဝင် ပိတ်ပင်ခံထားရသည့် အဖွဲ့ သားများ၏ လက်ချက်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

((ပါကစ္စတန် နိုင်ငံ မဂ်ျလစ် စေ ဝဲဟ်ဒသ် မွတ်စလေမီး )) အထွေထွေ အတွင်းရေမှူးချုပ် အလာမာ ရာဂျာ နာစေရ် အဘာစ် ဂျအ်ဖရီ မှ ကဝါလီ အကျော်အမော် အမ်ဂျဒ် ဆွာပေရီ လုပ်ကြံ ခံ ရမှု အတွက် ပြစ်တင် ရှုတ်ချပြီ ဤလူမဆန်သည့် လုပ်ရပ်အား တရားမဝင် ပိတ်ပင်ခံထားရသည့် အဖွဲ့ သားများ၏ လက်ချက်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

၎င်းမှ ဆက်လက်ပြီး ကရာချီ တွင် လက်ရှိ အကြမ်းဖက် သောင်းကြမ်း မှုများ သည် အစိုးရ ဘက်မှ အကြမ်းဖက် သောင်းကြမ်း မှုဆန့်ကျင်ရတွင် မထိလေးစား ပြု မှု ၏ ရလာဒ် ဖြစ်ကြောင်း ပြောကြားခဲ့ ပါတယ်။ ကရာချီမြို့တွင် ဥပဒေများရေးဆွဲ နေသည့် အဖွဲ့အစည်းများ (အစိုးရအဖွဲ့များ ) လုံးဝ မတတ် နိုင်သည့် အခြေ အနေ ဖြစ်နေတာ တွေ့ရပါတယ်။အစိုးရ အဖွဲ့အစည်းများတွင် အကြမ်းဖက် သောင်းကြမ်းသူများ အတွက် ပျော့ပျောင်း စွာ ကိုင်တွယ်နေသည့်သူများရှိနေသည့်အတွက်ကြောင့် ယခုလို ဖြစ်ရပ်များ ဖြစ်နေရခြင်း အလာမာ မှ ပြောကြားခဲ့ပါတယ်။

အလာမာ ရာဂျာ နာစေရ် အဘာစ် ဂျအ်ဖရီ

အစိုးရ ဌာနများတွင် မကောင်းသည့် သူများကို မသုတ်သင် မရှင်းလင်းနိုင်သမျှ အပြစ်မဲ့ သူများကို ဤကဲ့သို့ လူမဆန်စွာ လုပ်ကြံ သတ်ဖြတ်မှုများဖြစ်ပွားနေမည် ကိုလည်း ဆိုခဲ့ပါတယ်။

အလာမာ ရာဂျာ နာစေရ် အဘာစ် ဂျအ်ဖရီ မှ ကဝါလီ အကျော်အမော် အမ်ဂျဒ် ဆွာပေရီ အား အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) အပေါ်ထားသည့် အချစ် မေတ္တာ အတွက်ကြောင့် လုပ်ကြံ ခံခဲ့ရကြောင်း ၊ အသွားအလာ ရှုပ်နေသည့် အဝေးပြေးလမ်းမ တွင် လုပ်ကြံခံရမှု သည် သက်ဆိုင်ရာအာဏာ ရှင်များ အရည်အချင်းမရှိကြောင်း ၊လစ်လျူ ရှု မှု အတွက် အဆိုးတကာ အဆိုးဆုံး သာဓက ဖြစ်ကြောင်း ပြောဆို ခဲ့ပါတယ်။

၎င်းအနေဖြင့် အစိုးရ ထံ အမ်ဂျဒ် ဆွာပေရီ အား သတ်သွားသူများကို ချက်ချင်း ဖမ်းဆီး ပြီး သင်ခန်းစာ ယူဖွယ် ပြစ်ဒဏ်ပေး ရန် တောင်းဆို လိုက်ပါတယ်။

ကဝါလီ အကျော်အမော် အမ်ဂျဒ် ဆွာပေရီ

အလာမာ ရာဂျာ နာစေရ် အဘာစ် ဂျအ်ဖရီဖက်မှ မရ်ဟွန်မ် ၏ ဝိဥာဏ် အမြင့်နေရာသို့ရောက် ရှိရန် နှင့် ကျန်ရစ်သူမိသားစု ဝင်များ ကို လည်း သည်းခံခြင်း တရား ပေးသနားတော်မူရန် အလ္လာဟ် အရှင်မြတ် ထံ တောင်းဆို ဒိုအာပြုခဲ့ပါတယ်။

================

251/ End