၃ ဇူလိုင် ၂၀၁၆ - ၁၆:၃၇
ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်အပြီး ထိုင်းတွင် မြန်မာမုန်းတီးရေး လှုံ့ဆော်မှုနှင့် မြန်မာလုပ်သားများအပေါ် ကန့်သတ်ထိန်းချုပ်မှုအချို့ရှိ

ကြိုဆိုနေကြသော ထိုင်းရောက် မြန်မာ လုပ်သားများနှင့် ၎င်းတို့၏ မိသားစုဝင် များကို ကားပေါ်မှဆင်း၍ နှုတ်ဆက်နေ သည့် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ ရစဉ် (ဓာတ်ပုံ − Myanmar State Counsellor Office) ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများ၏ အခွင့်အရေးများ နှင့်ပတ်သက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်၏ တောင်းဆိုချက် များ လွန်းသည်ဟုဆိုကာ ထိုင်းနိုင်ငံသားအချို့က မြန်မာမုန်းတီးရေး လှုပ်ရှားမှုများကို လူမှုကွန်ရက်စာမျက်နှာများပေါ် ရေးသားလှုံ့ဆော်နေပြီး ထိုင်းအစိုးရကလည်း မြန်မာလုပ်သားများကို တင်းကျပ်စွာစစ်ဆေးမှုများ ပြုလုပ်လာကြောင်း ထိုင်းရောက် မြန်မာလုပ်သားများ အရေး ဆောင်ရွက်ပေးနေသော မြန်မာအဖွဲ့အစည်းများက ပြော သည်။ ထိုင်းနိုင်ငံ အလုပ်သမားဝန် ကြီးဌာနနှင့် ရဲတပ်ဖွဲ့သည် ဥပဒေ အရ ခွင့်ပြုချက်မရရှိသော အလုပ် အမျိုးအစားများတွင် လုပ်ကိုင်နေသော မြန်မာလုပ်သားများကို ပုဒ်မ ၅၄ အရ တင်းကျပ်စွာ စိစစ်အ ရေးယူမှုများ စတင်လုပ်ဆောင် လျက်ရှိပြီး ထိုင်းနိုင်ငံ အတွင်း ရောင်းချနေသည့် မြန်မာဈေးဆိုင်အချို့အား ပိတ်သိမ်းခိုင်းထား ကြောင်း သတင်းရရှိသည်။ ‘‘တောင်းဆိုချက်တွေများတယ်ဆိုပြီး ထိုင်းလူမျိုးတွေက ဝေဖန်နေကြတယ်။ အစကမြန်မာလူမျိုး မုန်းတီးရေး နည်းနည်းသာရှိပေမယ့် အခုလူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ အုံနဲ့ကျင်းနဲ့ လုပ်လာတာ တွေ့ရတယ်။ အဓိကကတော့ သူတို့ နိုင်ငံသားနည်းတူ အခွင့်အရေးပေးရမယ်ဆိုတာ လက်မခံတာပဲ။ မြန်မာတွေကြောင့် ထိုင်းလူမျိုး တွေ အလုပ်လက်မဲ့ဖြစ်သွားမှာကို လည်း စိုးရိမ်ပြီး လှုံ့ဆော်နေကြ တာလည်း ပါမယ်။ ထိုင်းစာသင် ကျောင်းတွေက ဆရာ၊ ဆရာမ တွေကလည်း တိုက်ခိုက်မှုတွေဖြစ် လာနိုင်လို့ မြန်မာ ကျောင်းသား တွေကို လူစုလူဝေးနဲ့ မနေဖို့လာ ပြောတာတွေအထိ ဖြစ်နေတယ်’’ဟု ထိုင်းနိုင်ငံတောင်ပိုင်း အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED) ဒါရိုက်တာ ဦးထူးချစ်က ပြောသည်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ကြိုဆိုနေကြသော ထိုင်းရောက် မြန်မာ လုပ်သားများနှင့် ၎င်းတို့၏ မိသားစုဝင် များကို ကားပေါ်မှဆင်း၍ နှုတ်ဆက်နေ သည့် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ ရစဉ် (ဓာတ်ပုံ − Myanmar State Counsellor Office)

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများ၏ အခွင့်အရေးများ နှင့်ပတ်သက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်၏ တောင်းဆိုချက် များ လွန်းသည်ဟုဆိုကာ ထိုင်းနိုင်ငံသားအချို့က မြန်မာမုန်းတီးရေး လှုပ်ရှားမှုများကို လူမှုကွန်ရက်စာမျက်နှာများပေါ် ရေးသားလှုံ့ဆော်နေပြီး ထိုင်းအစိုးရကလည်း မြန်မာလုပ်သားများကို တင်းကျပ်စွာစစ်ဆေးမှုများ ပြုလုပ်လာကြောင်း ထိုင်းရောက် မြန်မာလုပ်သားများ အရေး ဆောင်ရွက်ပေးနေသော မြန်မာအဖွဲ့အစည်းများက ပြော သည်။

ထိုင်းနိုင်ငံ အလုပ်သမားဝန် ကြီးဌာနနှင့် ရဲတပ်ဖွဲ့သည် ဥပဒေ အရ ခွင့်ပြုချက်မရရှိသော အလုပ် အမျိုးအစားများတွင် လုပ်ကိုင်နေသော မြန်မာလုပ်သားများကို ပုဒ်မ ၅၄ အရ တင်းကျပ်စွာ စိစစ်အ ရေးယူမှုများ စတင်လုပ်ဆောင် လျက်ရှိပြီး ထိုင်းနိုင်ငံ အတွင်း ရောင်းချနေသည့် မြန်မာဈေးဆိုင်အချို့အား ပိတ်သိမ်းခိုင်းထား ကြောင်း သတင်းရရှိသည်။

 ‘‘တောင်းဆိုချက်တွေများတယ်ဆိုပြီး ထိုင်းလူမျိုးတွေက ဝေဖန်နေကြတယ်။ အစကမြန်မာလူမျိုး မုန်းတီးရေး နည်းနည်းသာရှိပေမယ့် အခုလူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ အုံနဲ့ကျင်းနဲ့ လုပ်လာတာ တွေ့ရတယ်။ အဓိကကတော့ သူတို့ နိုင်ငံသားနည်းတူ အခွင့်အရေးပေးရမယ်ဆိုတာ လက်မခံတာပဲ။ မြန်မာတွေကြောင့် ထိုင်းလူမျိုး တွေ အလုပ်လက်မဲ့ဖြစ်သွားမှာကို လည်း စိုးရိမ်ပြီး လှုံ့ဆော်နေကြ တာလည်း ပါမယ်။ ထိုင်းစာသင် ကျောင်းတွေက ဆရာ၊ ဆရာမ တွေကလည်း တိုက်ခိုက်မှုတွေဖြစ် လာနိုင်လို့ မြန်မာ ကျောင်းသား တွေကို လူစုလူဝေးနဲ့ မနေဖို့လာ ပြောတာတွေအထိ ဖြစ်နေတယ်’’ဟု ထိုင်းနိုင်ငံတောင်ပိုင်း အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED) ဒါရိုက်တာ ဦးထူးချစ်က ပြောသည်။

ထို့ကြောင့် ထိုင်းရောက်မြန်မာလုပ်သားများ ယခုကာလတွင်သတိနှင့် သွားလာနေထိုင်ကြရန်FED က ဇူလိုင် ၁ ရက်တွင် ကြေညာချက်တစ်စောင် ထုတ်ထား သည်။

ဇွန်လ ၂၇ ရက်က ထိုင်းနိုင်ငံ တောင်ပိုင်း ဖန်ငခရိုင်တွင်လုပ်ကိုင်နေသော မြန်မာရေလုပ်သား ၂၁ ဦးက အလုပ်သမား အခွင့်အရေး များ တောင်းဆိုသည်ဟုဆိုကာ ၎င်းတို့၏ လှေပိုင်ရှင်ကအလုပ်မှ ထုတ်လိုက်ကြောင်း ဦးထူးချစ်က ပြောသည်။

ဇူလိုင်​ ၁ ရက်​ကလည်း မဟာချိုင်​မြို့ နာနတ်​သီးစက်​ရုံ တွင်​ MoU စာချုပ်​ဖြင့်​ လာရောက်​ လုပ်​ကိုင်သည့် မြန်​မာလုပ်​သား ၂၅ ဦး အပါအဝင်​ မြန်​မာလုပ် သား ၁၂၇ ဦးမှာ ထိုင်းရဲတပ်​ဖွဲ့၏ ဖမ်းဆီး ခြင်းခံခဲ့ရကြောင်း AAC မဟာ မိတ်​အဖွဲ့မှ ကိုရဲမင်းက ​ပြောသည်။ ဖမ်းဆီးခံရ​သော မြန်​မာလုပ်​သားများကို ဇူလိုင်​ ၂ ရက်​တွင်​ တရားရုံးထုတ်​စစ်​​ဆေးခဲ့​ကြောင်း  ၎င်းကပြောသည်။

       ဒေါ်အောင် ဆန်းစုကြည်က ထိုင်းရောက် မြန်မာလုပ်သားများ တရားဝင်အလုပ်လုပ်ကိုင်ခွင့်ရရှိစေရန်၊ ထိုင်းနိုင်ငံသားများနည်း တူ ပညာရေး၊ ကျန်းမာရေးစောင့် ရှောက်မှုများပေးရန် ထိုင်းဝန်ကြီးချုပ်နှင့် တွေ့ဆုံစဉ် ပြောသည်။ ထိုင်းခရီးစဉ်အတွင်း အလုပ်သမားရေးဆိုင်ရာ ပူးပေါင်းဆောင် ရွက်ခြင်းနားလည်မှုစာချွန်လွှာ၊အ လုပ်သမား အလုပ်ခန့်ထားရေး ဆိုင်ရာ သဘောတူစာချုပ်နှင့် နယ်စပ်ဖြတ်ကျော်မှုဆိုင်ရာ သဘောတူညီချက်စာချုပ်တို့ကို လက်မှတ်ရေးထိုးခဲ့သည်။

အလုပ်ခန့်ထားခြင်းဆိုင်ရာ သဘောတူစာချုပ်ပါ ကာလနှင့် သတ်မှတ်ချက်များပြီးဆုံးသည့်အ လုပ်သမားများကို နေရပ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ရေးလုပ်ငန်းအ စီအစဉ်များထိရောက်မှုရှိရေး၊ အ လုပ်သမားများအား ဥပဒေအရအ  ကာအကွယ်ပေးမှုများရရှိခံစား နိုင်ရေး၊ အလုပ်ခန့်ထားခြင်းအ တွက် လက်ခံသည့်နိုင်ငံ၏ နယ် မြေအတွင်း ၀င်ရောက်လာသော အလုပ်သမားများသည် လူမျိုးနှင့် ဘာသာ၊ ကျား/မ ခွဲခြားမှုမရှိဘဲ တန်းတူညီမျှမှုအပေါ် အခြေခံ၍ မိမိနိုင်ငံသားများနှင့် တန်းတူအ ခွင့်အရေး ရရှိစေရေး စသည့်အ ချက်များပါဝင်သည်။

ထိုင်းအစိုးရသည် ရွှေ့ပြောင်းအလုပ်သမားများကို လုပ်ကိုင်ခွင့်ပြုသော အလုပ်အကိုင် ၂၄ မျိုးတွင် ရေလုပ်ငန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်ရုံ၊ အလုပ်ရုံနှင့် အိမ်တွင်းမှုလုပ်ငန်းစသည့် အလုပ်ကြမ်းများကိုသာ မြန်မာလုပ်သားများအား လုပ်ကိုင်ခွင့်ပြုထားသည်။ ထိုင်းဥပဒေပုဒ်မ ၅၄ အရ ခွင့်ပြုမထားသည့် ကျွမ်းကျင်မှုဆိုင်ရာ လုပ်ငန်းများဖြစ်သော ကုမ္ပဏီ၊ အရောင်းဝန်ထမ်း၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း စသည့်နေရာများတွင် မြန်မာ လုပ်သားများကို လုပ်ကိုင်ခြင်း မရှိစေရန် လက်ရှိတွင် စစ်ဆေးအရေးယူမှုများ စတင်လုပ်ဆောင်နေကြောင်း ထိုင်းရောက်မြန်မာလုပ်သားများအရေး ဆောင်ရွက်ပေးနေသော မြန်မာအဖွဲ့အစည်းများက ပြောသည်။

 ‘‘ဆဲဗင်း အလဲဗင်းတို့လို ဆိုင်တွေမှာ လုပ်နေတဲ့ မြန်မာ အရောင်းဝန်ထမ်းတွေ၊ နောက်ပြီး ဟိုတယ်တွေမှာ ဧည့်ကြိုလုပ်နေ တဲ့ ၀န်ထမ်းတွေအဓိကပညာကျွမ်း ကျင်မှုနဲ့ လုပ်နေတဲ့အလုပ်တွေမှာ မြန်မာလုပ်သားတွေကို မရှိစေဖို့ အတွက် လိုက်လံစိစစ်နေတယ်။ အဲဒီလို နေရာတွေမှာ မြန်မာလုပ် သားတွေကို မခိုင်းဖို့အတွက်လည်း အလုပ်ရှင်တွေဆီကို စာပို့ထား တယ် ကြားတယ်’’ဟု ဦးထူးချစ်က ပြောသည်။

        ယခုဖြစ်ရပ်များနှင့်ပတ်သက်၍ ထိုင်းနိုင်ငံရှိ လူမှုကွန်ရက်အကောင့်များတွင် မြန်မာအလုပ်သမားများနှင့်ပတ်သက်၍ ပြင်းပြင်းထန်ထန် ပြောဆိုထားသည့် အကောင့်များ ရှိသကဲ့သို့ဆန့်ကျင့်ဘက်အမြင်များဖြင့် ဆွေးနွေးထားသည့် ပြောဆိုမှုများကိုလည်း တွေ့ရသည်။

ရှပ်ဝါထောက်ခံသူ ဖီဖက် ဆိုသူက ဗီဒီယိုဖိုင်တစ်ခု၎င်း၏ အကောင့်တွင် တင်ထားပြီး ယင်းဗီဒီယိုဖိုင်တွင် ‘‘ခင်ဗျားမြန်မာလူ မျိုးတွေကို မြန်မာပြည်ကို ခေါ်သွားလိုက်ပါလား။ ခင်ဗျားပေး လိုက်ပါ။ တစ်နေ့ ၃၀၀ ဘတ်နဲ့ခင်ဗျားထိုင်းနိုင်ငံမှာ တောင်းစရာ မလိုဘူး။ ထိုင်းမှာလည်း ထိုင်းလူမျိုးတွေ ဒုက္ခရောက်တဲ့သူလည်း ရှိတာပဲ။ တစ်နေ့ ၃၀၀ လည်းလိုချင် တာပဲလေ။ ခင်ဗျားတို့ သေချာ ပြန်စဉ်းစားပါ။ တချို့ခင်ဗျား တို့ မြန်မာတွေဆို ထိုင်းနိုင်ငံမှာ နေပြီး ပြဿနာရှာတတ်တာလည်း ရှိတာပဲ။ ခင်ဗျား မသိပါဘူး။ ဒါ တွေကို။ ခင်ဗျားတို့မြန်မာတွေက ပြဿနာတော်တော်ရှာတတ်ကြ တာပဲလေ။ ဒီလိုမတောင်းနေပါနဲ့။ ထိုင်းတွေကလည်း မြန်မာတွေအ အပေါ် မရက်စက်တတ်ပါဘူး။ ဒီ လိုတောင်းဆိုခြင်းဟာ ထိုင်းနိုင်ငံ ကို သိမ်းပိုက်ချင်လို့လား။ ကျွန် တော်တို့ထိုင်းလူမျိုးတွေက မြန်မာ တွေကို ထိုင်းနိုင်ငံမှာ နေခွင့်ပေး တာကိုက ကျေးဇူးကြီးမားနေပါ ပြီ’’ဟု ပြောဆိုထားသည်။

အလားတူ ဒေါ်အောင်ဆန်း စုကြည် ခရီးစဉ်နှင့် ပတ်သက်၍ ထောက်ခံပြောဆိုထားသည့် ရှပ်နီ ထောက်ခံသူတစ်ဦးဖြစ်သူ ရိုဘိုဒ် ၏ အကောင့်တွင်မူ ယခုကဲ့သို့ ပြောဆိုထားသည်။

‘‘ဒေါ်အောင်ဆန်းစုကြည် ဒီကိုလာတာက သူ့ပြည်သူတွေကို အိမ်ပြန်ဖို့သတင်းကောင်းလာပေး တာပါ။ ကျွန်တော်တို့ ထိုင်းပြည် သူက အများက နားမလည်လို့ ဟို ဟာဒီဟာပြောနေတာပါ။ ဒီကိစ္စ က ထိုင်းလူမျိုးတွေနားလည်မှု လွဲ လို့ဖြစ်တာပါ။ အခု ကျွန်တော်တို့ နိုင်ငံရဲ့ စီးပွားရေးအခြေအနေအရဆိုရင် ထိုင်းလူမျိုးတွေတောင် ဘတ်၃၀၀ ပေးဖို့ခက်ခဲနေတဲ့အခြေအနေမျိုးပါ။ နိုင်ငံခြားသားတွေဆိုပြီး မနှိမ်ဖို့၊ အထင်မသေးဖို့၊ လူသားချင်းစာနာဖို့ လိုပါတယ်’’ ဟု ထိုင်းနိုင်ငံသား တစ်ဦးဖြစ်ပြီး ရှပ်နီ ထောက်ခံသူ ရိုဘိုဒ်က ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဗီဒီယို ဖိုင်တင်၍ ပြောဆိုထားသည်။

 ‘‘တောင်းဆိုတာတွေ များ တယ်ဆိုပြီး ဖေ့စ်ဘွတ်ခ်တွေပေါ် မှာ ရေးသားနေကြတာ။ ဒေါ်အောင်ဆန်းစုကြည်က မြန်မာလုပ်သား တွေအတွက် အချက် ၁၂ ချက်ထိ တောင်းဆိုသွားတယ်။ မကျေနပ် ချက်တွေ ရေးသားနေကြတာ။ မြန်မာပြည်က အစွန်းရောက် အဖွဲ့ တွေ ရေးနေတဲ့ ပုံစံမျိုးပဲ။ တချို့က လည်း ထိုင်းတွေကလည်း မြန်မာ လူမျိုးတွေ ပြန်ခေါ်သွားဆိုပြီး ရေး နေကြတယ်’’ဟု ထိုင်းနိုင်ငံ မဟာ ချိုင်မြို့အခြေစိုက် ရွှေ့ပြောင်းအ လုပ်သမား အခွင့်အရေးကွန်ရက် (MWRN)ဥက္ကဋ္ဌဦးစိန်ဌေးက ပြော သည်။

‘‘အွန်လိုင်းပေါ်မှာစပြီး တိုက် ခိုက် နေကြတာ။ တချို့တွေဆို ဆန္ဒပြပြီး ကန့်ကွက်မယ်ထိ လှုံ့ ဆော်နေကြတယ်။ လက်ရှိထိုင်း အစိုးရကို ထောက်ခံနေတဲ့သူတွေ က လုပ်နေကြတာလို့ သိရတယ်’’ ဟု မြန်မာ လုပ်သားများအရေး အား ဆောင်ရွက်ပေးနေသော AAC မဟာမိတ်အဖွဲ့မှ ကိုရဲမင်းက ပြောသည်။

ထိုင်းတွင် ကိုယ်ပိုင်ဈေးဆိုင်များဖွင့်ကာ ရောင်းချနေသူအချို့ကိုလည်း ထိုင်းအစိုးရက လက်ရှိတွင် ပိတ်သိမ်းခိုင်းထားကြောင်း ဘန်ကောက်မြို့ ပသူးနန်းလမ်း တွင် ကိုယ်ပိုင်အထည်ဆိုင်ဖွင့်၍ ရောင်းချနေသူကိုပေါလူက ပြော သည်။  ‘‘ပသူးနန်းလမ်းမှာရှိတဲ့ မြန်မာဆိုင် ၂၀ ကျော်ရှိတယ်။ အဲ ဒီဆိုင်တွေ အကုန်လုံး ပိတ်ထား ရတယ်။ ထိုင်းနာမည်နဲ့ မှတ်ပုံတင် ထားတဲ့  မြန်မာတွေပဲ ဖွင့်ခွင့်ရ တယ်။ ကျွန်တော်တို့ဆိုင်အပါအ ၀င် အားလုံးပိတ်ထားရတယ်’’ဟု ၎င်းက ပြောသည်။

ဇူလိုင် ၂ ရက်ကလည်း ဘန် ကောက်မြို့ရှိ MBK ကုန်တိုက်အတွင်း ဈေးရောင်းချနေသော မြန်မာလုပ်သားများကို ထိုင်းအာဏာပိုင်များက စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ၎င်းကဆက်လက် ပြောသည်။

‘‘အဓိကက လက်ရှိ အစိုးရကို ထောက်ခံနေတဲ့ ရှပ်ဝါတွေက လှုံ့ဆော်နေတာလို့ သိရတယ်။ ဒေါ်အောင်ဆန်းစုကြည် ထိုင်းခရီး စဉ်လာတာကိုလည်း အ၀ါအဖွဲ့က လူတွေက မကြိုက်ကြဘူး’’ ဟု ဘန်ကောက်မြို့တွင် လုပ်ကိုင်နေ သူ ကိုကျော်မျိုးက ပြောသည်။

===================    
251 / End