အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဒေါ်အောင်ဆန်းစုကြည် နှင့်တွေ့ဆုံဆွေးနွေးပွဲတွင် NCA ရေးထိုးထားခြင်းမရှိသည့် တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့များ ဘက်မှ ထိပ်ပိုင်းခေါင်းဆောင် လေးဦး ဦးဆောင်တက်ရောက်မည် ဖြစ်ကြောင်း သတင်းရရှိသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ် (NCA) တွင် မပါဝင်သည့် ညီညွတ်သောတိုင်းရင်းသား လူ မျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင်များ ဇူလိုင် ၁၇ ရက်တွင် ရန်ကုန်မြို့၌ပထမဆုံး အကြိမ် တွေ့ဆုံမည်ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပွဲသို့ တက်ရောက်ရန် တိုင်းရင်းသားအဖွဲ့များဘက်က UNFC ဥက္ကဋ္ဌနှင့် ကေအိုင်အို ဒု ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး အင်ဘန်လ၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) နာယကဗိုလ်ချုပ်ဆေထင်၊ မွန်ပြည်သစ်ပါတီ (NMSP)ဥက္ကဋ္ဌ နိုင်ထောမွန်နှင့် ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP)ဥက္ကဋ္ဌ ခူးအေဘယ်လ်တွိတ်တို့ ဦးဆောင်တက်ရောက်မည်ဖြစ်ကြောင်း တိုင်းရင်းသားကိုယ်စားလှယ်များက ဆိုသည်။
UNFC အထွေထွေအတွင်းရေးမှူးနှင့် နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေးရေးအဖွဲ့ (DPN) ခေါင်းဆောင်ခူးဦးရယ် ခေါင်းဆောင်သောအဖွဲ့ မှာ ဇူလိုင် ၁၅ ရက်က ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ကြောင်း ၂၁ ရာစု ပင်လုံအကြိုပြင်ဆင်ရေးကော်မတီမှ သတင်းရရှိသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက် ရန် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များ ဇူလိုင် ၁၆ ရက်တွင် ရောက်ရှိမည်ဖြစ်သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် NCA လက်မှတ်ရေးထိုး ထားသည့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့ခေါင်းဆောင်များ ပထမဆုံးအကြိမ် ပြီးခဲ့သည့် ဇွန် လ ၂၈ ရက်ကနေပြည်တော်တွင် တွေ့ဆုံခဲ့သည်။
===================
251 / End