၂ ဩဂုတ် ၂၀၁၆ - ၁၇:၅၀
ရေဘေးသင့်ပြည်သူ ငါးသောင်းကျော်ရှိလာ

ဧရာဝတီမြစ်ရေတိုးမှုကြောင့် တောင်သမန်အင်း ရေလျှံကာ နံ့သာရပ်ကွက်သို့ ရေများဝင်ရောက်နေ၍ ဒေသခံများကို အရေးပေါ်ရွှေ့ပြောင်းပေးနေစဉ် (ဓာတ်ပုံ − Than Htay's Facebook) နိုင်ငံတစ်ဝန်း ရေကြီးနစ်မြုပ် မှုကြောင့် ရေဘေးသင့်လူဦးရေ ငါး သောင်းကျော်ရှိပြီဖြစ်ကြောင်း ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ သတင်းရရှိပြီး ရေဘေးသင့် ဒေသများတွင် အခက်အခဲမျိုးစုံ ကြုံ တွေ့နေရသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ဧရာဝတီမြစ်ရေတိုးမှုကြောင့် တောင်သမန်အင်း ရေလျှံကာ နံ့သာရပ်ကွက်သို့ ရေများဝင်ရောက်နေ၍ ဒေသခံများကို အရေးပေါ်ရွှေ့ပြောင်းပေးနေစဉ် (ဓာတ်ပုံ − Than Htay's Facebook)

နိုင်ငံတစ်ဝန်း ရေကြီးနစ်မြုပ် မှုကြောင့် ရေဘေးသင့်လူဦးရေ ငါး သောင်းကျော်ရှိပြီဖြစ်ကြောင်း ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ သတင်းရရှိပြီး ရေဘေးသင့် ဒေသများတွင် အခက်အခဲမျိုးစုံ ကြုံ တွေ့နေရသည်။

ဧရာဝတီနှင့် ချင်းတွင်းမြစ်ရေကြီးမှုကြောင့် စစ်ကိုင်း၊ မကွေးနှင့် မန္တလေးတိုင်းဒေသကြီး အတွင်းတွင် ဇူလိုင် ၃၁ ရက်အထိ ရေဘေးသင့် ပြည်သူ ၃၅,၀၀၀ ကျော်ရှိခဲ့ရာမှ သြဂုတ် ၁ ရက်တွင် ၅၃,၀၀၀ ခန့် အထိ တိုးလာကြောင်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးတစ်ဦးက ပြောသည်။ရေဘေးသင့် လူဦးရေစာရင်းသည် မန္တလေးတိုင်းဒေသကြီးတွင် ၂၅,၀၄၀ ဦး၊ စစ်ကိုင်းတိုင်း ဒေသကြီးတွင် ၁၃,၄၀၄ ဦး၊ မကွေးတိုင်းဒေသကြီးတွင် ၁၂,၀၄၂ ဦး၊ ကချင်ပြည်နယ်တွင် ၁,၉၀၇ ဦးနှင့် ဧရာဝတီတိုင်းဒေသကြီးတွင် ၃၉၁ ဦးဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါစာရင်းမှာ နေအိမ်စွန့်ခွာ၍ ကယ်ဆယ်ရေးစခန်းနှင့် နီးစပ်ရာ အိမ်များတွင် သွားရောက်နေထိုင် ကြရသူများဖြစ်သည်။ နေအိမ်ကို စွန့်ခွာရခြင်းမရှိသေးသော်လည်း ရေလွှမ်းမိုးမှုရင်ဆိုင်နေရသူများ လည်း ရေဘေးသင့်ဒေသများတွင် အများအပြားရှိနေကြာင်း ကယ် ဆယ်ရေးလုပ်နေသော လူမှုရေး အဖွဲ့များထံမှ သတင်းရရှိသည်။

ရေဘေးသင့် ဒေသတိုင်း၌ အိမ်မွေးတိရစ္ဆာန်များလည်း အစာနှင့် နေစရာအခက်အခဲကြုံတွေ့ နေရသည်ဟု သတင်းရသော ကြောင့် ကူညီထောက်ပံ့မှုများ အမြန်ဆုံး ပို့ဆောင်နေကြောင်း  ကယ်ဆယ်ရေးနှင့် ပြန်လည်နေ ရာချထားရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာကိုကိုနိုင် က ပြောသည်။

ဘင်္ဂလား ပင်လယ်အော် တွင် ဖြစ်ပေါ်နေသော လေဖိအား နည်းရပ်ဝန်းသည် ဆက်လက် တည်ရှိနေပြီး မုတ်သုံလေအားအ လွန်ကောင်းလာနေကြောင်း မိုး/ ဇလဌာနက သတင်းထုတ်ပြန် ထားသည်။  လတ်တလော ရေဘေးရင် ဆိုင်နေရသော မန္တလေး၊ မကွေး၊ စစ်ကိုင်းနှင့် ဧရာဝတီတိုင်းဒေသ ကြီးတို့အပြင် ရန်ကုန်၊ ပဲခူး၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်း၊ ရခိုင်၊ ကရင်နှင့် မွန်ပြည်နယ်တို့၌ နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုး/ဇလဌာန ဒုညွှန်ကြားရေးမှူး ချုပ် ဦးကျော်မိုးဦးက ပြောကြားသည်။

လက်ရှိအချိန်တွင် ဧရာဝတီ နှင့် ချင်းတွင်းမြစ်ရေသည် အထက်ပိုင်းဒေသများမှ ကျဆင်းလာခြင်း ကြောင့် အလယ်ပိုင်းနှင့် မြစ်ဝ ကျွန်းပေါ်ဒေသများ ရေလွှမ်းမိုးမှု ရင်ဆိုင်နေရချိန်၌ လေဖိအားနည်း ရပ်ဝန်းအရှိန်ကြောင့် အထက်ပါ ဒေသများ နေရာကွက်မိုးကြီးမည့် အန္တရာယ်က ခြိမ်းခြောက်နေ ကြောင်း ဦးကျော်မိုးဦးက သတိ ပေးသည်။

မြစ်ကြီးများ စိုးရိမ်ရေမှတ် အထက်မြင့်တက်နေ၍ ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်၊ ကလေးဝ၊မင်းကင်း၊ ကနီ၊ မုံရွာ၊ စစ်ကိုင်း၊ မြင်းမူ၊ ပခုက္ကူ၊ ညောင်ဦး၊ မန္တ လေး၊ မြစ်ငယ်၊ ဟင်္သာတ၊ ဇလွန် နှင့် ငါးသိုင်းချောင်းမြို့တို့မှ မြစ် ကမ်းအနီး နေထိုင်သူများ ရေဘေးအထူးသတိပြုရန် မိုး/ဇလဌာနက သတင်းထုတ်ပြန်ထားသည်။

===================    
251 / End