၁၄ ဩဂုတ် ၂၀၁၆ - ၀၈:၁၅
တနင်္သာရီဒေသရှိ ကျားမျိုးစိတ်များ မျိုးသုဉ်းပျောက်ကွယ်ရန် စိုးရိမ်အခြေအနေရောက်နေ

တနင်္သာရီဒေသရှိ သစ် တောများတွင်နေထိုင်သော ကျား မျိုးစိတ်များမှာ အမဲလိုက်ခြင်းနှင့် တရားမ၀င် တောရိုင်းတိရစ္ဆာန် ကုန်ကူးခြင်း အန္တရာယ်များကြောင့် မျိုးသုဉ်းပျောက်ကွယ်ရန် စိုးရိမ်စ ရာအခြေအနေနှင့် ကြုံတွေ့နေရ ကြောင်း သတင်းရရှိသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 တနင်္သာရီဒေသရှိ သစ် တောများတွင်နေထိုင်သော ကျား မျိုးစိတ်များမှာ အမဲလိုက်ခြင်းနှင့် တရားမ၀င် တောရိုင်းတိရစ္ဆာန် ကုန်ကူးခြင်း အန္တရာယ်များကြောင့် မျိုးသုဉ်းပျောက်ကွယ်ရန် စိုးရိမ်စ ရာအခြေအနေနှင့် ကြုံတွေ့နေရ ကြောင်း သတင်းရရှိသည်။

တနင်္သာရီဒေသသည် ရှား ပါးစာရင်းဝင် တောရိုင်းတိရစ္ဆာန် ကျားများအတွက် နောက်ဆုံးမှီခို ရာ နေရာတစ်ခုဖြစ်သော်လည်း သစ်တောများခုတ်ထွင်၍ ဆီအုန်း နှင့် အခြားတောင်ယာစိုက်ခင်းများ အဖြစ် ပြောင်းလဲခြင်း၊ အမဲလိုက် ခြင်းနှင့် တောရိုင်းတိရစ္ဆာန် ကုန်ကူးခြင်းများကြောင့် ယင်းမျိုးစိတ်များ အသက်ရှင်ရပ်တည်ရန် ခြိမ်းခြောက်မှုအန္တရာယ်နှင့် ရင်ဆိုင်နေရသည်ဟု အပြည်ပြည်ဆိုင်ရာတောရိုင်းတိရစ္ဆာန်နှင့် အပင်များအဖွဲ့ (FFI)မှ တနင်္သာရီဒေသ အစီအစဉ် ညှိနှိုင်းရေးမှူးဦးနေမျိုးရွှေက ပြောသည်။ သို့သော် အဆိုပါ ဒေသတွင် ကျားကောင်ရေ မည်မျှ ရှိနိုင်သည်ကို မသိရှိရသေးပေ။

‘‘ကျားတွေ ဆက်လက်ရှင် သန်ဖို့အတွက် အဓိကခြိမ်းခြောက် မှုတွေကတော့ တရားမ၀င်အမဲ ပစ်တာတွေ၊ တရားမ၀င် တောရိုင်း တိရစ္ဆာန်တွေကို ကူးသန်းရောင်း ၀ယ်ယူမှုတွေနဲ့ မှီခိုတောတွေ ပျက် စီးမှုကြောင့် သားကောင်တွေရဲ့ စားကျက်နေရာ ပျောက်ဆုံးတာ တွေကြောင့် ဖြစ်ပါတယ်’’ဟု ဦးနေမျိုးရွှေက ဆိုသည်။

ယင်းအတွက် ဂျာမန်ဖွံ့ဖြိုး တိုးတက်မှုဘဏ်နှင့် KFW တို့၏ ထောက်ပံ့မှုဖြင့် အပြည်ပြည်ဆိုင် ရာတောရိုင်းတိရစ္ဆာန်နှင့် အပင် များအဖွဲ့မှ တနင်္သာရီဒေသကျား စီမံကိန်းကို ၂၀၁၆ မှ ၂၀၁၈ အထိ သုံးနှစ်စီမံကိန်းအဖြစ် လုပ်ဆောင် မည်ဖြစ်သည်။

တနင်္သာရီဒေသကျားထိန်း သိမ်းရေးစီမံကိန်းတွင် ကျားနှင့် တောကောင်များစောင့်ကြည့် လေ့လာခြင်း၊ ရပ်ရွာတွင်း ကင်းလှည့် ခြင်း၊ ဥပဒေကျင့်သုံးမှု တိုးတက် စေခြင်း၊ ကျေးရွာသစ်တောစီမံခန့် ခွဲခြင်း၊ သဘာဝအခြေခံ ခရီးသွား လုပ်ငန်းစမ်းသပ်ဆောင်ရွက်ခြင်း နှင့် ထိုင်းနိုင်ငံနှင့် ပူးပေါင်းဆောင် ရွက်ခြင်း စသည့်လုပ်ငန်းများ ပြု လုပ်မည် ဖြစ်သည်။

တစ်ကမ္ဘာလုံး၌ ကျားကျန် ရှိသည့် နိုင်ငံမှာ မြန်မာနိုင်ငံအပါ အ၀င် ၁၃ နိုင်ငံသာရှိတော့ပြီး မြန်မာနိုင်ငံ၌ ကျားကောင်ရေ ခန့်မှန်း ၈၅ ကောင်ရှိမည်ဟု တရားဝင်ထုတ်ပြန်ထားသည်။ ယင်းစာရင်းမှာလွန်ခဲ့သည့် ၂၀၁၀ ကတည်းက ခန့်မှန်းတွက်ချက်ထားသဖြင့် လက်ရှိ၌ယင်းထက် လျော့နည်း ဖွယ်ရှိသည်ဟု ကျားထိန်းသိမ်း ရေးလုပ်ဆောင်နေသူများက ဆို သည်။

မြန်မာနိုင်ငံတွင် ဟူးကောင်း ချိုင့်ဝှမ်းနယ်မြေ၊ ထမံသီဘေးမဲ့ တော၊ တနင်္သာရီသဘာဝကြိုးဝိုင်း တို့၌ ကျားများကို ထိန်းသိမ်းထားပြီး ယင်းတို့အနက် ဟူးကောင်းနယ် မြေတွင် ကျားကောင်ရေအများ ဆုံး နေထိုင်ကျက်စားသည်။

===================
251 / End