အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရှမ်းပြည်နယ်တောင် ပိုင်း ပင်လုံမြို့တွင် ကျင်းပခဲ့သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်း သားလူငယ်များ ညီလာခံ၌ အမျိုးသားတန်းတူညီမျှရေးနှင့် ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အပါအဝင် အချက်ခြောက် ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်ရန် သဘောတူညီခဲ့ ကြောင်း သတင်းရရှိသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်း ရင်းသားလူငယ်များ ညီလာခံကို ပင်လုံမြို့၌ ဇူလိုင် ၂၇ ရက်မှ သြဂုတ် ၁ ရက်အထိ ကျင်းပခဲ့ပြီး ယင်းညီလာခံသို့ တက်ရောက် လာသည့် လူမျိုး ၂၆ မျိုးက တင် သွင်းသည့် စာတမ်း ၂၂ စောင် အနက်မှ ဌာနေတိုင်းရင်းသား အခွင့်အရေး၊ အမျိုးသား တန်းတူ ညီမျှရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် (ဖက်ဒရယ်)ရရှိရေး၊ ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံဥပဒေ ပြင်ဆင် ရေး၊ သဘာဝပတ်ဝန်းကျင် သယံ ဇာတနှင့် ရင်းနှီးမြှုပ်နှံမှု၊ မူးယစ် ဆေးပြဿနာနှင့် ပညာရေး၊ ကျန်းမာရေး စသည့်ကဏ္ဍတို့ကို သဘောတူညီခဲ့ကြောင်း သတင်းရရှိသည်။
‘‘ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ အမျိုးသားတန်းတူညီမျှရရှိရေးနဲ့ ပတ်သက်ပြီး ကျွန်တော်တို့မှာ ရေ ရှည်ဆောင်ရွက်မယ့် လုပ်ငန်းစဉ် တွေ ရေးဆွဲထားတာ ရှိတယ်။ ဘယ်လိုနည်းနဲ့ ဘယ်လိုပုံစံ ဖြေ ရှင်းမလဲဆိုတာ ကျွန်တော်တို့ အဖွဲ့ဝင် တိုင်းရင်းသားတွေ အားလုံးတိုင်ပင်ပြီး လုပ်ဆောင်မှာပါ။ ဒီစာတမ်းတွေ တိုင်းရင်းသားလူငယ်တွေရဲ့ အသံတွေကို လူငယ်ရေးရာမူဝါဒ ရေးဆွဲတဲ့နေရာ ရောက်တဲ့အထိ ပေးပို့သွားမယ်’’ ဟု အဆိုပါညီလာခံဖြစ်မြောက်ရေး ဦးဆောင်ကော်မတီ ကိုစောထွန်းထွန်းက ပြောသည်။
တိုင်းရင်းသား ဒေသများ တွင် ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်အခွင့်အလမ်းများလိုအပ်လျက်ရှိနေပြီး တိုင်းရင်း သားလူငယ်များအကြား အဓိက ဖြစ်ပွားနေသည့် ပြဿနာသည် မူးယစ်ဆေးပြဿနာဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြား သည်။
ပင်လုံမြို့တွင် ကျင်းပခဲ့ သည့် တိုင်းရင်းသားလူငယ်များ ညီလာခံ၌ ဆွေးနွေးခဲ့သော အ ကြောင်းအရာများနှင့် ပတ်သက် ၍ ပြန်လည်ရှင်းလင်းပွဲကို သြ ဂုတ် ၁၇ ရက်က ရန်ကုန်မြို့ ၃၆လမ်းရှိ MJN ရုံးခန်း၌ ပြုလုပ်ရာ တိုင်းရင်းသား လူငယ်များ ညီလာခံဖြစ်မြောက်ရေး ကော်မတီ အဖွဲ့ဝင်များက ရှင်းလင်းပြောကြားခဲ့သည်။
ထို့အပြင် ၂၁ ရာစု ပင်လုံ ညီလာခံတွင် လူငယ်များ ပူးပေါင်းပါဝင်သင့်ကြောင်း တိုင်းရင်းသားလူငယ်များ ညီလာခံဖြစ်မြောက်ရေး ကော်မတီက တိုက်တွန်းတောင်းဆိုထားသည်။
‘‘တိုင်းရင်းသားလူငယ် ညီ လာခံကို တစ်နှစ်တစ်ခါ လုပ်ဖို့ သဘောတူခဲ့ကြပါတယ်။ နောက် ပြီး လူငယ်တွေရဲ့ တောင်းဆိုချက် တွေ၊ တင်သွင်းလာတဲ့ စာတမ်း တွေကို တိုင်းရင်းသား ခေါင်း ဆောင်တွေ၊ အစိုးရအဖွဲ့နဲ့ အရပ် ဘက်အဖွဲ့တွေကို တင်ပြပေးပို့ သွားမယ်’’ဟု အဆိုပါ ဖြစ်မြောက် ရေး ကော်မတီဝင် မမိုင်းမိုင်က ပြောသည်။
တိုင်းရင်းသားများ လိုလား သော ဖက်ဒရယ်ပြည်ထောင်စု စနစ် ရရှိနိုင်ရေးနှင့် ချမှတ်ထား သော လုပ်ငန်းစဉ်များ ထိရောက် စွာ အကောင်အထည်ဖော်နိုင်ရန်ယင်းညီလာခံတက်ရောက် လာ သည့် တိုင်းရင်းသားလူမျိုး ၂၆ မျိုးမှ ကိုယ်စားလှယ်သုံးဦးစီဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်း သားလူငယ်များ မဟာမိတ်အဖွဲ့ ဖွဲ့စည်းခဲ့ကြောင်း သတင်းရရှိ သည်။
--------------------------------
251/End