အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ယမန်နေ့ညနေပိုင်းက အင်အားပြင်း ငလျင်လှုပ်ခတ်မှု ကြောင့် ည ၁၂ နာရီအထိရရှိသော သတင်းများအရ လူသုံးဦးသေဆုံးပြီး ရှေးဟောင်းမြို့တော်ပုဂံဒေသရှိ စေတီပုထိုး ၁၈၆ ဆူ အပါအ၀င် နိုင်ငံတစ်ဝန်းရှိ စေတီပုထိုး ပေါင်း ၂၃၀ ကျော် ထိခိုက်ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။
သြဂုတ် ၂၄ရက် ညနေ ၅နာ ရီ ၅မိနစ်က မကွေးတိုင်းဒေသ ကြီး ချောက်မြို့၏အနောက်ဘက် ၁၂ မိုင်ခန့်အကွာကို ဗဟိုပြု၍ အင် အားရစ်ခ်ျတာစကေး ၆ ဒသမ ၈အဆင့်ရှိ အင်အားပြင်းထန်သော ငလျင်လှုပ်ခတ်ခဲ့ကြောင်း မိုးလေ ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီး ဌာနက သတင်းထုတ်ပြန်သည်။

ငလျင်လှုပ်နေစဉ် တွေ့ရသည့် စူဠာမဏိစေတီတော် (ဓာတ်ပုံ − MOI/EPA)
မြေငလျင်လှုပ်ခတ်သည်ကိုမြန်မာနိုင်ငံ ဒေသအနှံ့အပြားတွင်ခံစားခဲ့ရပြီး ပြည်တွင်း၌ လူသုံးများသော ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာများတွင် ဒေသအသီးသီး၌ ငလျင်လှုပ်ခတ်သည့်သတင်းနှင့် ဓာတ်ပုံများ မိနစ်ပိုင်းအတွင်း ပျံ့နှံခဲ့သည်။
ယမန်နေ့ညပိုင်းအထိ ရရှိသောစာရင်းများအရ ရေနံချောင်းမြို့တွင် လူနှစ်ဦး၊ ပခုက္ကူမြို့တွင် လူတစ်ဦး သေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကိုကိုနိုင်က ပြောသည်။
ပုဂံဒေသရှိ ရှေးဟောင်းစေတီပုထိုး ၁၇၁ ဆူ ပြိုကျပျက်စီးခဲ့ကြောင်း လူကယ်ပြန်ဝန်ကြီးဌာနက ည၈ နာရီခွဲ၌ရရှိသော စာရင်းကို ထုတ်ပြန်သည်။ သို့သော် ပြန်ကြားရေးဝန်ကြီးဌာနက ည ၁၁ နာရီ ထုတ်ပြန်ချက်တွင် ပုဂံရှိ ရှေးဟောင်းစေတီပုထိုး ၁၈၆ ဆူ ထိခိုက်ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
ထို့အပြင် စလေ ဒေသရှိ စေတီပုထိုး ကိုးဆူ၊ မြောက်ဦးဒေသမှ ရတနာမာန်အောင်ဘုရား၊ ကိုးသောင်းပုထိုးတော်အရံစေတီနှင့် ရတနာပုံစေတီတော်တို့လည်း ထိခိုက်ပျက်စီးခဲ့သည်။ အလားတူစစ်ကိုင်းဒေသရှိ စေတီပုထိုးနှင့်သာသနိက အဆောက်အအုံ ခုနစ်ခုလည်း ထိခိုက်ပျက်စီးခဲ့သည်။
ထို့အပြင် 7Day က ထပ်မံရရှိသော သတင်းများအရ တောင်သာမြို့နယ်တွင် စေတီ ၁၀ ဆူ၊ မကွေးတိုင်းရှိ ရေနံချောင်း၊ ပွင့်ဖြူ၊ မင်းလှ၊ ဆိပ်ဖြူမြို့နယ်တို့ရှိစေတီ ၁၃ ဆူ၊ ရခိုင်ပြည်နယ် ရမ်းဗြဲမြို့ရှိ စေတီတော်တစ်ဆူ ထိခိုက်ပျက်စီးခဲ့သည်။ ထို့ကြောင့်ကနဦးသတင်းများအရပင် ပုဂံမြို့ရှိ ရှေးဟောင်းစေတီ ၁၈၆ ဆူ အပါအ၀င် နိုင်ငံတစ်ဝန်းရှိ စေတီ၊ပုထိုးနှင့် သာသနိကအဆောက်အအုံပေါင်း၂၃၀ ကျော် ထိခိုက်ပျက်စီးခဲ့ခြင်းဖြစ်သည်။
ယခုလှုပ်ခတ်ခဲ့သော ငလျင် သည် မကွေးတိုင်းဒေသကြီးချောက် မြို့အနီး ဗဟိုပြုခြင်းဖြစ်သော ကြောင့် ယင်းဒေသရှိ တုရင် တောင် ပြတ်ရွေ့ကြော လှုပ်ရှား ခြင်းဖြစ်နိုင်ကြောင်း ဘူမိဗေဒပ ညာရှင်များက ကနဦးသုံးသပ်ထားသည်။ ရခိုင်ပြည်နယ်နှင့် ထိ စပ်နေသော ပြတ်ရွေ့ကြောအချို့ လည်းဖြစ်နိုင်ကြောင်း သုံးသပ်နေ ပြီး သွားရောက်လေ့လာရန်စီစဉ် နေကြောင်း မြန်မာနိုင်ငံမြေငလျင် ကော်မတီမှ သတင်းရရှိသည်။

စူဠာမဏိစေတီတော်ကို ငလျင်မလှုပ်မီက ဖူးတွေ့ရစဉ် (ဓာတ်ပုံ − စိုင်းဇော်)
တုရင်တောင်ပြတ်ရွေ့ကြောသည် ၁၉၇၅က ပုဂံကို ဗဟိုပြု၍ အင်အားပြင်းငလျင် နောက် ဆုံးလှုပ်ခတ်ခဲ့ပြီး နှစ်ပေါင်း ၄၀ ကျော်အကြာ၌ တစ်ဖန်လှုပ်ရှား လာခြင်းဖြစ်ကြောင်း ဘူမိဗေဒပ ညာရှင်ဒေါက်တာကျော်ထွန်းက ပြောသည်။ ငလျင်မှာမြေအောက် အနက် ၈၄ ဒသမ ၁ ကီလိုမီတာ တွင် ဗဟိုပြုခဲ့သောကြောင့်နောက်ဆက်တွဲငလျင်ငယ်လေးများကို သတိပြုရန် ဒေါက်တာ ကျော်ထွန်းက သတိပေးသည်။
‘‘ငလျင်က ဇောက်တိမ်လေ ပိုအန္တရာယ်ကြီးလေပဲ။ ၇၀ကီလို မီတာအထိက ဇောက်တိမ်၊ ၇၀ ကနေ ၃၀၀ ကီလီုမီတာအထိက ဇောက်လတ်၊ ၃၀၀ အထက်က ဇောက်နက်၊ အခုက ၈၄ ကီလိုမီ တာဆိုတော့ နောက်ဆက်တွဲ ငလျင်လေးတွေ သေချာပေါက် သတိထားရမယ်’’ဟု ဒေါက်တာ ကျော်ထွန်းကပြောသည်။
‘‘ဆိုးဆိုးရွားရွား ဖြစ်တာက တော့ စူဠာမဏိ။ နောက်တစ်ခုက စေတနာကြီးဘုရားပါ ပါတယ်။ ထီးလိုမင်းလို၊ လောကနန္ဒာတို့ပါ ပါတယ်။ အရမ်းကြီး ထိခိုက်မှုမ များဘူး။ ထီးတော်မြေခတာပေါ့။
ဘုရားဖူးခွင့်ကို သီးသန့် ပိတ်ထားတာ မရှိပါဘူး။ တချို့ အပျက်အစီးများတဲ့ ဘုရားဆိုရင် တော့ ပိတ်ထားတာရှိပါတယ်။ ဥပမာ စေတနာကြီး ဘုရားတို့၊စူဠာမဏိတို့ပေါ့’’ဟု ရှေးဟောင်း သုတေသန၊ အမျိုးသားပြတိုက် နှင့် ယဉ်ကျေးမှုဦးစီးဌာန ပုဂံရုံးခွဲ မှ ညွှန်ကြားရေးမှူး ဦးအောင် အောင်ကျော်ပြောသည်။
‘‘ခါးကနေ ပြတ်ကျတာ။ ထီးတော်မြေခတာတို့ပေါ့။ ရှေး ဟောင်းဘုရားကြီးတွေအတွက် လုံခြုံရေးချထားပြီးပါပြီ။ ဘုရား တွေကို လုံးလုံးလျားလျားကြီး ပိတ်ထားတာမရှိပါဘူး။ ပရိဝုဏ် ကို သတ်မှတ်ထားပါတယ်။ လုံးဝ ပိတ်တဲ့ဘုရား ခုနစ်ဆူလောက် တော့ရှိပါတယ်။ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးကို အကြောင်း ကြားပြီးဝန်ကြီးချုပ် လာရောက် ဖို့အတွက် အဆိုပြုထားတာရှိပါ တယ်’’ဟု မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့် စိန်ကပြောသည်။
မြေငလျင်မှာ ပြင်းထန်သည့် အတွက် မကွေးမြို့တွင် ဆီစက် ဟောင်း အဆောက်အအုံနံရံ ပြို ကျခဲ့သည်။ ငလျင်ဗဟိုချက်မနှင့် နီးသော ချောက်မြို့တွင် အ ဆောက်အအုံတစ်ခု ပြိုကျပြီး အ ဆောက်အအုံအချို့ နံရံအက်ကွဲမှု များ ဖြစ်ခဲ့သော်လည်း ပျက်စီးမှု အနည်းငယ်သာ ရှိခဲ့ကြောင်း ချောက်မြို့နယ် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် တိုင်းအလုပ်အမှု ဆောင် ဦးသန်းတင်ကပြောသည်။
မင်းဘူးမြို့ရှိ နဂါးပွက် တောင်မှ ရွှံ့ချော်ရည်များ လျှံကျ ကာ အနီးရှိအဆောက်အအုံ အ ချို့ ပျက်စီးခဲ့သည်။ ငလျင်မှာပြင်း ထန်သည့်အတွက် ဒေသ အနှံ့ အပြားတွင် အပျက်အစီးများရှိခဲ့ သည်။ မအီမြို့နယ် ရန်ကုန်- ကျောက်ဖြူ ကားလမ်းပေါ်ရှိ လုံး တော်ပေါက် တံတားမှာ ထိခိုက် ပျက်စီးခဲ့၍ ကားလမ်းကို ယာယီပိတ်ထားသည်။
ယခုနှစ် ဧပြီက ကချင်ပြည် နယ်မိုးညှင်းမြို့အနီး ဗဟိုပြု၍ အင်အားရစ်ခ်ျတာစကေး ၆ဒသမ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့သော ကြောင့် မြန်မာနိုင်ငံ၌ လေးလအ တွင်း အင်အားပြင်းငလျင်ဒုတိယ အကြိမ်မြောက်လှုပ်ခတ်ခြင်းဖြစ် သည်။

ပုဂံရှိ ရှေးဟောင်းစေတီတစ်ဆူ ပြိုကျပျက်စီးမှုကို ကြည့်ရှုနေသော ဒေသခံများ (ဓာတ်ပုံ − ရိုက်တာ)
ထိခိုက်ပျက်စီးမှုများပြားခဲ့ သော သပိတ်ကျင်းငလျင် လှုပ် ခတ်ခဲ့ပြီးနောက်လေးနှစ်အကြာ တွင် ယခုငလျင်ကြီး ထပ်မံရင်ဆိုင်ရခြင်းဖြစ်သည်။ ကမ္ဘာ့နေရာအနှံ့ တွင် သြဂုတ် ၂၄ ရက်က ငလျင် စုစုပေါင်း ၉၃ကြိမ်လှုပ်ရှားခဲ့ကာ ချောက်မြို့အနီးဗဟိုပြုသော ယခု ငလျင်သည် အပြင်းထန်ဆုံးဖြစ် ကြောင်း မိုးလေ၀သ ပညာရှင် ဒေါက်တာထွန်းလွင်ကပြောသည်။
၂၀၁၂က လှုပ်ခတ်ခဲ့သော သပိတ်ကျင်း ငလျင်ကြောင့် နောက်ဆက်တွဲငလျင်အကြိမ်ရေ ရာချီလှုပ်ခတ်ခဲ့ကာ ဒေသခံများ စိုးရိမ်ထိတ်လန့်ခဲ့ရခြင်းကို နည်း မျိုးစုံဖြင့် ကုစားခဲ့ရသောကြောင့် ယင်းအပေါ် သင်ခန်းစာယူကြရန် ဘူမိဗေဒပညာရှင်များက သတိ ပေးသည်။
မြန်မာနိုင်ငံမြေငလျင်ကော် မတီက ငလျင်ဗဟိုပြုရာနေရာသို့ သွားရောက်လေ့လာရန် ကော်မ တီဝင်များ ယနေ့(သြဂုတ် ၂၅ ရက်)အစည်းအဝေးပြုလုပ်မည် ဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါငလျင်ကြောင့် မန္တ လေးတိုင်းနှင့် မကွေးတိုင်းတို့တွင် ဘုရား၊ စေတီ၊နေအိမ် အဆောက်အအုံပြိုကျခြင်းကဲ့သို့ ထိခိုက်ပျက်စီးပြီး ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဘုရားစေတီအများအပြားထိခိုက်ပျက်စီးခဲ့သည်။
===================
251 / End