မေးခွန်း ။ ။ အလ္လာဟ်အမည်ကို ထင်ရှားစွာ ရေးဆွဲထားသည့် လည်ဆွဲ နှင့်ပတ်သက်သည့် ရှရှီအီ ဥပဒေများကို သိလိုပါတယ်။
အဖြေ ။ ။ အာယာသွလ္လာဟ် ကြီးများ ဖြစ်ကြသည့် အေမာမ်ခိုမေနီ (ရ.ဟ) ၊ ဆယက်ဒ် အလီ ခါမေနာအီ ၊စါဖီဂိုလ်ဗိုင်ဂါနီ ၊ ရှိက်္ခ နူးရီဟမ်ဒါနီ တို့၏ အမြင်တွင် အလ္လာဟ်အမည်ကို ထင်ရှားစွာ ရေးဆွဲထားသည့် လည်ဆွဲကို အသုံးပြုနိုင်ပါတယ်။ သို့သော် သွာဟာရသ် နှင့်ဝဇူ မရှိ ဘဲ လုံးဝ ကိုင်တွယ်၍ မရချေ။
အာယာသွလ္လာဟ် ကြီးများ ဖြစ်ကြသည့် ဂျဝါဒ် သဗ်ရေဇီ (ရ.ဟ) ၊ ဆယက်ဒ် အလီ စစ်သာနီ ၊ရှိက်္ခ နာစေရ် မကာရေမ် ရှီရာဇီး ၊ ရှိက်္ခ ဝဟီ ခိုရာစာန်နီ တို့၏ အမြင်တွင် အလ္လာဟ်အမည်ကို ထင်ရှားစွာ ရေးဆွဲထားသည့် လည်ဆွဲကို အသုံးပြုနိုင်ပါတယ်။ သို့သော် အဲဟ်သေရာသ် ဝါဂျစ်ဗ်အရ သွာဟာရသ် နှင့်ဝဇူ မရှိ ဘဲ လုံးဝ (အလ္လာဟ်)ဆိုသည့် စကား လုံးကို ကိုင်တွယ်၍ မရချေ။
အာယာသွလ္လာဟ် ရှိက်္ခ ဖွာဇေလ် လန်ကရာနီ(ရ.ဟ) အမြင်တွင် အလ္လာဟ်အမည်ကို ထင်ရှားစွာ ရေးဆွဲထားသည့် လည်ဆွဲကို အသုံးပြုနိုင်ပါတယ်။ သို့သော် သွာဟာရသ် နှင့်ဝဇူ မရှိ ဘဲ ကိုင်တွယ်ရန် မသင့်ချေ။
ကျမ်းကိုး များ
- خامنه اى، اجوبة الاستفتاءات، س 152 و 153؛ توضيح المسائل مراجع، م319.
- توضيح المسائل مراجع، م 319 و وحيد، توضيح المسائل، م 325.
- توضيح المسائل مراجع، م 319.