အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ကိုဖီအာနန်ဦးဆောင် မည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံ ပေးကော်မရှင်အဖွဲ့ ရခိုင်ပြည် နယ်သို့ စက်တင်ဘာ ၆ ရက်တွင်ပထမဆုံးအကြိမ် လာရောက် မည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
ကိုဖီအာနန် ဥက္ကဋ္ဌအဖြစ် ပါဝင်သော နိုင်ငံတကာမှ ပုဂ္ဂိုလ်သုံးဦး၊ မြန်မာနိုင်ငံသား ခြောက်ဦး၊ စုစုပေါင်း ကိုးဦးဖြင့်ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်အဖွဲ့ကို အစိုးရက သြဂုတ် ၂၄ ရက်တွင် ဖွဲ့စည်းခဲ့ သည်။ ယင်းအဖွဲ့သည် စက်တင် ဘာ ၆ ရက်တွင် ရခိုင်ပြည်နယ်သို့ လာရောက်မည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိကြီး တစ်ဦးက ပြောသည်။
‘‘၆ ရက်နေ့လာမယ်။ ၇ ရက်နေ့ပြန်မယ်။ ဒီမှာလာပြီး လွှတ် တော်တို့၊ အစိုးရအဖွဲ့တို့၊ ကမ့် တွေတို့ ထုံးစံအတိုင်းလာကြည့် မယ်ပေါ့’’ဟု အထက်ပါရဲအရာရှိကြီးက ပြောသည်။
ရခိုင်ပြည်နယ် အကြံပေး ကော်မရှင်အဖွဲ့၏ခရီးစဉ်အသေး စိတ်ကို နိုင်ငံခြားရေးဝန်ကြီးဌာန နှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူများထံသို့၎င်းတို့၏ဖုန်းသို့ ဆက်သွယ်ရာ ပြန်လည်ဖြေကြားခြင်းမရှိပေ။
လက်ရှိ ဖွဲ့စည်းထားသော ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်အား ရခိုင်တိုင်းရင်း သားအင်အားစုများက ကန့်ကွက် ထားပြီး ယင်းကော်မတီကို ပြည် တွင်း တတ်သိပညာရှင်များဖြင့် ပြင်ဆင်ဖွဲ့စည်းရေး အစိုးရသို့ တိုက်တွန်းသည့် အရေးကြီးအဆို ကို ရခိုင်အမျိုးသားပါတီ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦး အောင်ကျော်ဇံက သြဂုတ် ၃၀ ရက်တွင် ကျင်းပသော ပြည်သူ့ လွှတ်တော်၌ တင်သွင်းရာ လွှတ် တော်က ဆွေးနွေးရန် သဘောတူ ညီခဲ့သည်။
===================================================
251/End