အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr News Agency ၏ အဆိုအရ ယီမင်စစ်တပ်သည် ဂါဇာရှိ ပါလက်စတိုင်း လူမျိုးတုံးသတ်ဖြတ်မှုနှင့် ယီမင်နိုင်ငံအပေါ် ရန်စမှုများကို တုံ့ပြန်သည့်အနေဖြင့် ဇီယွန်ဝါဒီမြို့များနှင့် အဆောက်အအုံများကို ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့ပါတယ်။
အစ္စရေးမီဒီယာများ၏ ဖော်ပြချက်အရ အစ္စရေးစစ်တပ်သည် ယီမင်မှ ဒုံးကျည်တစ်စင်း ပစ်လွှတ်ခဲ့ကြောင်းနှင့် လေကြောင်းရန်ကာကွယ်ရေးစနစ်က ၎င်းကို ကြားဖြတ်ရန် ကြိုးစားခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။
အစ္စရေးနိုင်ငံရှိ ဒေသဆိုင်ရာ သတင်းရင်းမြစ်များက တဲလ်အဗစ်မြို့အလယ်ပိုင်းတွင် ပေါက်ကွဲသံများကြားရပြီး တဲလ်အဗစ်မြို့တောင်ပိုင်းရှိ ဗါသ်ယာမ် တွင် လူတစ်ဦး ခိုလှုံရာသို့သွားနေစဉ် ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။
ဤတိုက်ခိုက်မှုအပြီးတွင် Ben Gurion လေဆိပ်သို့ လေယာဥ် အသွားအလာ ပျံသန်းမှု ခရီးစဥ် များအားလုံးကို ယာယီ ရပ်ဆိုင်းထားခဲ့ရပါတယ်။
တစ်ဖက်တွင်မူ အန်ဆွာရိုလ္လာဟ် ခေါင်းဆောင် တစ်ဦး ဖြစ်သည့် နဆရိုဒ်ဒီးန် အာမေရ် က တိုက်ခိုက်မှုကို အတည်ပြုခဲ့ပြီး Ben Gurion လေဆိပ်အပါအဝင် ပါလက်စတိုင်းရှိ လေဆိပ်အားလုံးသည် ယခုအခါ လုံခြုံမှုမရှိဟု ပြောကြားခဲ့ပါ တယ်။
၎င်းမှ ဆက်လက်ပြီး ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးရဲ့ တိုက်ခိုက်မှုတွေ ပြင်းထန်လာပြီးနောက်မှာ လေဆိပ် အားလုံးမှာ လေယာဉ်ပျံသန်းခွင့် ပိတ်ပင်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။
ခရီးသည်များ၏ အသက်အန္တရာယ် လုံခြုံစေရန် သိမ်းပိုက်ထားသော နယ်မြေများသို့ မိမိ တို့၏ ပျံသန်းမှုများကို ရပ်တန့်ရန် လေကြောင်းလိုင်းများအား အန်ဆွာရိုလ္လာဟ် ခေါင်းဆောင် တစ်ဦး ဖြစ်သည့် နဆရိုဒ်ဒီးန် အာမေရ် က တောင်းဆိုခဲ့ပါတယ်။
အန်ဆွာရိုလ္လာဟ် ခေါင်းဆောင် တစ်ဦး ဖြစ်သည့် နဆရိုဒ်ဒီးန် အာမေရ် က အန်ဆွာရိုလ္လာဟ် ၏ စစ်ဆင်ရေးများ ဆက်လက်လုပ်ဆောင်နေရုံသာမက ဂါဇာကမ်းမြောင်ကို အစ္စရေး၏ ရန်လိုမှုနှင့် သိမ်းယူမှု များ မပြီး မခြင်း မိမိတို့ ၏ တုံ့ပြန် တိုက်ခိုက်မှုများကို ပိုမို၍ ပြင်းပြင်း ထန်ထန် ပြုလာမည် ဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့ ပါတယ်။
.......................................................
END / 251
Your Comment