၂၇ မေ ၂၀၂၅ - ၂၂:၁၆
အမျိုးသမီးများ နှင့် ကလေးများ ဇဗဟ် ပြုရင် ပိုင်ပါသလား?

ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ မှ အမျိုးသမီးများ နှင့် ကလေးများ ဇဗဟ် ပြုရင် ပိုင်ပါသလား? နှင့် ပတ်သက်သည့် ရှရီအီ မေးမြန်း ချက်အား ဖြေကြား ပေးထား ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မဒရ်စာသိုလ်ကာအေမ် (အ.ဂျ) ၏ တင်ပြထားချက်ကို ကိုးကားပြီး တင်ပြမည် ဖြစ်ပါတယ်။ ဟဇရသ် အာယာ သွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ မှ အမျိုးသမီးများ နှင့် ကလေးများ ဇဗဟ် ပြုရင် ပိုင်ပါသလား? ဆိုင်ရာ ဥပဒေ ၏ ရှရီအီ မေးမြန်း ချက်အား ဖြေကြား ပေးထား ပါတယ်။

ရှရီအီဆိုင်ရာ ဥပဒေများ ကို  စိတ်ဝင်စားသူများအတွက် ဤနေရာတွင် ဖော်ပြပေးခြင်းဖြစ်ပါတယ်။ ဖြစ်ပါတယ်။ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ  ထံမေးထားသည့် အမေး နှင့် အဖြေမှာ အောက်ပါ အတိုင်းဖြစ်တယ်။

မေးခွန်း

အမျိုးသမီးများ နှင့် ကလေးများ ဇဗဟ် ပြုရင် ပိုင်ပါသလား?

အဖြေ

အမျိုးသမီး အနေဖြင့် တိရိစ္ဆာန် ကို ဇဗဟ် ပြုနိုင်ပါသည်။ (ပိုင်ပါသည်။) အကယ်၍ (တရားတော်အရ )အရွယ် မရောက်သေးသည်ကလေးအနေဖြင့် အကောင်းအဆိုးကို နားလည်လျင် ဇဗဟ်ဟေ ရှရီအီ ကို ပြုလုပ်နိုင်ပါတယ်။ ပိုင်ပါတယ်။

အကြံပြုချက် - ကျနော်တို့ သိထား နားလည်ထားရမည့် အဲဟ်ကာမ် များ မှ တစ်ခု ဖြစ်ပါတယ် ။ တစ်ချို့ က အမျိုးသမီးများ ဇဗဟ် ပြုလုပ်လျင် မပိုင် ။ လုပ်ပိုင်ခွင့် မရှိဟု ထင်နေကြပါတယ်။ တရားတော် အရ အရွယ် မရောက်သေး သည့် ကလေး အနေဖြင့် လည်း အဆိုး အကောင်း ကို နားလည် နေသည့် ကလေးဖြစ်လျင် ၎င်း ၏ ဇဗဟ် သည်လည်း ပိုင်ပါတယ်။

ရှရီအီဥပသေများကို လိုက်နာ ကျင့်သုံးသူတိုင်း လောကီ၊လောကုတ္တရာ အောင်မြင်ကြပါစေ။

****************************************************************

END / 251

Tags

Your Comment

You are replying to: .
captcha