၂၇ မေ ၂၀၂၅ - ၂၃:၂၅
အနောက်တိုင်းမီဒီယာ များသည် မွတ်စလင်မ်များ ကြား သဘောထားကွဲလွဲမှု ကိုဖန်တီးနေကြောင်း အာယာ သွလ္လာဟ် ဆယက်ဒ်ခါသေမီ မိန့်ကြား

တီဟီရန်မြို့ ၏ သောကြာနမာဇ် ရှေ့ဆောင် ဆရာတော် ဟဇရသ် အာယာ သွလ္လာဟ် ဆယက်ဒ် အဲဟ်မဒ် ခါသေမီ မှ အမေရိကန် နှင့် အီရန် ၏ သွယ်ဝိုက်သော ညှိနှိုင်း ဆွေးနွေးပွဲများကို ညွှန်ပြပြီး နျူကလီးယားနည်းပညာ သည်ကျွန်ုပ်တို့၏ အနီရောင်မျဉ်းဖြစ်သည် ဟု မိန့်ကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Hawza News Agency ၏အဆိုအရ တီဟီရန်မြို့ ၏ သောကြာနမာဇ် ရှေ့ဆောင် ဆရာတော် ဟဇရသ် အာယာ သွလ္လာဟ် ဆယက်ဒ် အဲဟ်မဒ် ခါသေမီ  သည် ရှက်ဗ်ဗေ ရှဟာဒသ် အောမ် ဂျဝါဒ် (အ.စ) ၏ မဂျ်လစ် အား တရားဟောကြားစဥ် အေမာမ် ဂျဝါဒ် (အ.စ) သက်တော် ငယ်ရွယ် ချိန် ရှဟာဒသ် ဖြစ်ခဲ့ ခြင်း သည် သက်တော် ၁၈ နှစ် တွင် ရှဟာဒသ် ဖြစ်တော် မူခဲ့သည့် ဟဇရသ် ဇဲဟ်ရာ (စ.အ) အား အောက်မေ့ သတိရစေကြောင်း ဟောကြား ခဲ့ပါတယ်။

ဟဇရသ် အာယာ သွလ္လာဟ် ဆယက်ဒ် အဲဟ်မဒ် ခါသေမီ  မှ မိမိ တရားတော် ၏ အခြားတစ်စိတ်တစ်ပိုင်း၌ ရန်လိုသောမီဒီယာများမှ သတင်းအတုများကို သတိပြုရန်လိုကြောင်း အလေးပေး ဟောကြားခဲ့ပြီး အမေရိကန် နှင့် အနောက်နိုင်ငံများမှ ပံ့ပိုးပေးထားသည့် အဆိုပါမီဒီယာများသည် ဆိုရှယ်မီဒီယာပေါ်ရှိ လူထုအမြင်ကို လွဲမှားစေရန် နှင့် မွတ်စလင်မ်များ အကြား သဘောထားကွဲလွဲမှုများ ဖန်တီးရန် ကြိုးပမ်းနေကြောင်း ဟောကြား ခဲ့ပါတယ်။

တီဟီရန်မြို့ ၏ သောကြာနမာဇ် ရှေ့ဆောင် ဆရာတော် ဟဇရသ် အာယာ သွလ္လာဟ် ဆယက်ဒ် အဲဟ်မဒ် ခါသေမီ  က မီဒီယာ နယ်ပယ်တွင် အပြောင်းအလဲများကို ထောက်ပြခဲ့ပြီး အစောပိုင်းက သတင်းစာသည် သတင်းအရင်း အမြစ်ဖြစ်ခဲ့သော်လည်း ယနေ့တွင် မိုဘိုင်းလ် ၊ အင်တာနက်နှင့် ဉာဏ်ရည်တု (AI) တို့သည် ယင်းအခန်းကဏ္ဍတွင် ပါဝင်နေ ကြောင်း ၎င်း လက်ရှိအသုံးပြုနေသော အရာများကို အခွင့်ကောင်းယူခြင်းဖြင့် ကျွန်ုပ်တို့ အမြဲ အပ်ဒိတ် ပြုနေသင့်ကြောင်း ဟောကြား ခဲ့ပါတယ်။

ဆက်လက်ပြီး အာယာသွလ္လာဟ် မှ အမေရိကန်ပြည်ထောင်စု နှင့် သွယ်ဝိုက်သော စေ့စပ်ညှိနှိုင်းမှုများကို ထောက်ပြခဲ့ ပြီး နျူကလီးယားနှင့် ဒုံးကျည်နည်းပညာများသည် ကျွန်ုပ်တို့၏ အနီရောင်မျဉ်းများဖြစ်ကြောင်း ဟောကြား ခဲ့ပါတယ်။

ဟဇရသ် အာယာ သွလ္လာဟ် ဆယက်ဒ် အဲဟ်မဒ် ခါသေမီ  သည် ထရမ့် ၏ မကြာသေးမီက ပါရှန် ပင်လယ်ကွေ့ ခရီးစဉ်ကို ရည်ညွှန်းပြီး အမေရိကန် သမ္မတသည် ဤဒေသကို သုံးရက်ကြာ လာရောက်ခဲ့ပြီး ဒေါ်လာသန်း ပေါင်းများ စွာရရှိခဲ့ပြီးယူကရိန်း၏ကုန်ကျစရိတ်ထက်ဤခရီးစဉ်မှဝင်ငွေပိုမိုရရှိ ခဲ့ကြောင်း ဟောကြား ခဲ့ပါတယ်။

.......................................................

END / 251

Tags

Your Comment

You are replying to: .
captcha