အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အီးက်နာ သတင်းဌာန နှင့် Al-Siyasa News အစီရင်ခံစာ အရ ဆီးရီးယားနိုင်ငံမြို့တော် ဒမတ်စကတ် အပြည်ပြည်ဆိုင်ရာလေဆိပ် မှ ဆီးရီးယားနိုင်ငံရှိ ပြည်နယ်အသီးသီးမှ နိုင်ငံသားများပါဝင်သည့် ဟဂျ်ပြုရမည့် ပထမဆုံး အုပ်စု သည် ဆော်ဒီနိုင်ငံ သို့ တနင်္ဂနွေနေ့တွင် ထွက်ခွာသွားဖြစ်ကြောင်း ဖြစ်ပါတယ်။
သမ္မတဟောင်း ဗရှားအစဒ် ဖြုတ်ချခံရပြီးနောက် ဆီးရီးယားမှ ဟဂျ်ပြုခွင့် ပထမဆုံးအကြိမ်ပြန်ရခြင်း ဖြစ်ပါ တယ်။
ယခင်က ဆီးရီးယားမြောက်ပိုင်းရှိ အတိုက်အခံအဖွဲ့များ ထိန်းချုပ်ထားသော နယ်မြေများတွင် နေထိုင်သူများ သည် ဟဂျ် ပြုလုပ် ဆောင်ရွက်ရန် အိမ်နီးချင်းနိုင်ငံများမှတဆင့် ခရီးသွားခဲ့ကြရပါတယ်။
ဆီးရီးယား သာသနာရေး ဝန်ကြီး မိုဟမ္မဒ် အဘူလ်ခိုင်းရ် ရှကရီ က ဟာဂျီ လောင်းများသည် ဒမတ်စကတ် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ပထမဆုံး အကြိမ် ငြိမ်သက် အေးချမ်းမှု ဖြင့် ထွက်ခွာသွားခြင်း ဖြစ်ကြောင်း ပြောကြား ခဲ့ပါတယ်။
၎င်းမှဆက်လက်ပြီး ဟာဂျီလောင်း တစ်ဦးတစ်ယောက်မျှ စောင့်ကြည့်ခြင်း သို့မဟုတ် လုံခြုံရေး အစီအမံများအရ စိစစ်ခြင်း မပြုလုပ်သည့် အပြင် ၎င်းတို့အားလုံးကို တံဆိပ်ခတ်ထားသည့် နိုင်ငံကူးလက်မှတ် များ နှင့် လေးစားစွာဖြင့် နိုင်ငံတွင်းမှ ထွက်ခွာ စေခဲ့ကြောင်း ပြောကြား ခဲ့ပါတယ်။
ထပ်လောင်း၍ ဟဂျ် ခရီးစဉ်များကို ဇွန်လ ၂ ရက် အထိ ဆက်လက်ထားရှိမည်ဖြစ်ပြီး ဟာဂျီလောင်း များ ကို တူရကီနှင့် ဥဇဘတ်လေကြောင်းလိုင်းများမှ တစ်ဆင့် ပို့ဆောင်မည်ဖြစ်ကြောင်း ဆီးရီးယား သာသနာရေး ဝန်ကြီး မိုဟမ္မဒ် အဘူလ်ခိုင်းရ် ရှကရီ က ပြောကြားခဲ့ပါတယ်။
ယခုနှစ်အတွင်း ဟာဂျီလောင်း ၂၂၅၀၀ ကို ဝန်ဆောင်မှုများ ပေးဆောင်သွားမည်ဖြစ်ပြီး ၎င်းတို့ထဲမှ အချို့သည် ဆီးရီးယားမှ ဟဂျ်ပြုရန် ထွက်ခွာမည်ဖြစ်ပြီး အချို့မှာ အခြားနိုင်ငံမှ ထွက်ခွာသွားမည်ဖြစ်ကြောင်း မိုဟမ္မဒ် အဘူလ်ခိုင်းရ် ရှကရီ က က ပြောကြားခဲ့ပါတယ်။
ဒီအခါသမယမှာ ဆီးရီးယားမြို့ပြလေကြောင်းအာဏာပိုင်အဖွဲ့၊ ပြည်သူ့ဆက်ဆံရေးဒါရိုက်တာ အလာ အို ဆွလာလ် က ဟဂ်ျဝတ်ပြုဖို့ ဂျဒ်ဒါ ကို ထွက်ခွာလာသည့် ပထမဆုံး အုပ်စု တွင် ဟာဂျီလောင်း ၂၄၇ ဦး ပါဝင် ကြောင်း ပြောကြား ခဲ့ပါတယ်။
ဟဂျ် ကာလအတွင်း ဟာဂျီလောင်း များအတွက် ဖြစ်နိုင်သမျှ အထောက်အကူပစ္စည်းများ ပံ့ပိုးပေးနိုင်ရန် ကြိုးပမ်း ဆောင်ရွက်နေကြောင်း အလာအိုဆွလာလ် က အလေးအနက် ပြောကြားခဲ့ပါတယ်။
.......................................................
END / 251
Your Comment