၂၁ မေ ၂၀၂၅ - ၂၃:၃၅
ဂါဇာတွင် ဒဏ်ရာရရှိသူများနှင့် အာဇာနည်မိသားစုများကို ဆော်ဒီ မှ ဟဂျ်ပေးပြုမည်

Wass သတင်းအေဂျင်စီ၏အဆိုအရ ဟီဂျရီ သက္ကရာဇ် ၁၄၄၆ ခုနှစ် တွင် ဆော်ဒီအာရေဗျနိုင်ငံ သို့ ဟဂျ်ပြုရန် ပါလက်စတိုင်းအာဇာနည်များ၊ အကျဉ်းသားများနှင့် ဒဏ်ရာရရှိသူ မိသားစု ဝင် ၁၀၀၀ ကို နိုင်ငံတော်စရိတ်ဖြင့် ဖိတ်ကြားရန် ဆော်ဒီ ဘုရင် စလ်မာန် ဘင်န် အဗ်ဒိုလ်အဇီးဇ် အာလေ့ စအူဒ် မှ အမိန့်ပေးခဲ့ ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အီးက်နာ သတင်းဌာန ၏ အစီရင်ခံစာ အရ ဤပဏာမခြေလှမ်းကို ဟဂျ်၊အွန်မ်ရဟ် နှင့် ဇေယာရသ် ခရီး အစီအစဉ်များ အတွက် သန့်ရှင်းသော မတ်စဂျစ်ဒ် ဝတ်ကျောင်း နှစ်ခု ၏ ဧည့်ခံသူများ နှင့် ဆော်ဒီ အစ္စလာမ့် ရေးရာဝန်ကြီးဌာန၊ ဒအ်ဝသ် (ဖိတ်ကြားမှု)  နှင့် လမ်းညွှန်မှုမှတစ်ဆင့် အကောင်အထည်ဖော်လျက်ရှိကြောင်း ဖြစ်ပါတယ်။

ဆော်ဒီအစ္စလာမ်မစ်ရေးရာဝန်ကြီးနှင့် ပရိုဂရမ်၏ကြီးကြပ်ရေးမှူး အဗ်ဒိုလ်လသီးဖ် ဘင်န် အဗ်ဒိုလ်အဇီးဇ် အာလေ့ ရှိက်ခ် က ဝန်ကြီးဌာနသည် ပါလက်စတိုင်းဟဂျ်ပြုမည်မည့်သူများ အား ၎င်းတို့၏ထွက်ခွာချိန်မှ နေရပ်ပြန် ချိန်အထိ မကဟ်ရွှေမြို့တော် နှင့် မဒီနာ ရွှေမြို့တော်တွင် အကောင်းဆုံးဝန်ဆောင်မှုများနှင့် အထောက် အပံ့များ ပေးဆောင်ရန် ကျယ်ကျယ် ပြန့်ပြန့် လုပ်ဆောင်မှုအစီအစဉ်ကို ချက်ချင်းစတင်ပြင်ဆင်နေပြီဟု ပြော ကြား ခဲ့ပါတယ်။

ဆက်လက်ပြီး အာလေ့  ရှိက်ခ် က ဟီဂျရီ ၁၄၁၇ ခုနှစ် မှ စ၍ ယနေ့ အထိ ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံအသီးသီးမှ လာရောက်ကြသည့် ဟာဂျီ ၆၄၀၀၀ ကျော်ကို လက်ခံဧည်ခံ ပေးခဲ့ပြီး ဖြစ် ကြောင်း ပြောကြား ခဲ့ပါတယ်။

ဤအစီအစဉ်သည် အစ္စလာမ် နှင့် မွတ်စလင်မ် များကို ခသ်မသ်ပြုရန် (ဝန်ဆောင်မှုပြုရန်)  ဆော်ဒီအာရေဗျ၏ မဆုတ်မနစ်သော ကြိုးပမ်းအားထုတ်မှု နှင့် အစ္စလာမ်ကမ္ဘာ၏ နှလုံးသားနှင့် မွတ်စလင်မ်များ၏ ကေဗ်လဟ် (မျက်နှာ မူရာအရပ် ၊ ကအ်ဗဟ်ဝတ်ကျောင်းတော် ရှိသည့် အရပ်)  အဖြစ် မိမိ ၏ ရပ်တည်ချက်ကို ထင်ရှားစေရန်  ဖြစ် ပါတယ်။

အမှန်တကယ် ဂါဇာ ပြည်သူများ အတွက် ဟဂျ်ထက် လက်နက်များ ၊ အစားအသောက်များ၊ဆေးဝါးများ  နှင့် စစ်ရေး အကူ အညီ များ အရေးကြီးလိုအပ်နေပါတယ်။ ဆော်ဒီ အနေဖြင့် ဂါဇာ အား လုံးဝ မကူညီ အသိအမှတ် မပြုတာထက် စာလျင် ဟဂျ် ပြုခွင့် ပေးလာသည်လည်း ကျေးဇူးတင်ရမည် ဖြစ်ပါတယ်။ ပြီးနောက် ဆော်ဒီ အား လက်နက်အား ၊ အစားအသောက်များ ၊ဆေးဝါးများ နှင့် စစ်ရေး အကူအညီများ ပေးနိုင်သည့် သတ္တိ နှင့် စွမ်းအား များ အလ္လာဟ် ဟို အရှင်မြတ် ချီးမြှင့် ပေးသနား ရန် နမာဇ် ဝတ်ပြုပြီး တိုင်း  ဒိုအာ ပြုသင့်ပါတယ်။

.......................................................

END / 251

Your Comment

You are replying to: .
captcha