အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Sahar News ၏ အစီရင်ခံစာ အရ ဇီယွန်အစိုးရ၏ ဖိနှိပ်ခံနေရသော ပါလက်စတိုင်းပြည်သူများအပေါ် ဆက်လက် ကျူးလွန်နေသည့် ရာဇ၀တ်မှုများကို တုံ့ပြန်သည့်အနေဖြင့် သိမ်းပိုက်ထားသောအစိုးရနှင့် ကုန်သွယ်ရေး သဘောတူ ညီချက်အသစ်အတွက် စေ့စပ်ညှိနှိုင်းမှုများကို ဆိုင်းငံ့ထားကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ် လေမီက ကြေညာခဲ့ပါတယ်။
စစ်ဆင်ရေးများ တိုးချဲ့ခြင်းသည် ဂါဇာရှိ အကျဉ်းသားများ၏ အသက်ကို အန္တရာယ် ဖြစ်စေကြောင်း အရပ်သား များ ငတ်မွတ်မှု၊ အိုးမဲ့အိမ်မဲ့ဖြစ်မှု၊ ဗုံးခွဲမှုနှင့် ဒုက္ခဆင်းရဲများ ကြုံတွေ့နေရသည့် ဂါဇာတွင် အစ္စရေး၏ လက်ရှိ စစ်မူဝါဒကို ဆက်လက်လုပ်ဆောင်ရန် မဖြစ်နိုင်ကြောင်း ဒေးဗစ် လေမီက ဆက်လက် ပြောကြား ခဲ့ပါ တယ်။
ဂါဇာကမ်းမြှောင်မှာ ဆိုးရွားနေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး နှုတ်ဆိတ်မနေနိုင်တာကြောင့် အစ္စရေးနဲ့ လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူညီချက်အတွက် ညှိနှိုင်းမှုတွေကို ဆိုင်းငံ့ထားရကြောင်း အစ္စရေးက သူ့လမ်းကြောင်း အတိုင်း ဆက်သွားနေမယ်ဆိုရင် လုပ်ငန်းစဉ်မှာ တခြားအစီအမံတွေ ချမှတ်သွားမှာဖြစ်ကြောင်း ဒေးဗစ် လေမီက ထပ်လောင်း ပြောကြားခဲ့ပါတယ်။
အာရဗ် နိုင်ငံများ မွတ်စလင်မ် နိုင်ငံများ အနေဖြင့် ရှက်ကြော ရှိလျင် လန်ဒန် ကို စံနမူနာ ယူသင့်ပါတယ်။ အမှန်တကယ်လန်ဒန် သည်လည်း အစ္စရေး နှင့် အမေရိကန် မဟာမိတ်များ မှ ဖြစ်ပါတယ်။
.......................................................
END / 251
Your Comment