၂၃ မေ ၂၀၂၅ - ၁၁:၂၈
အီရန် နှင့် လွတ်လပ်စွာ ကုန်သွယ်မှုအတွက် လမ်းပြမြေပုံ ပြင်ဆင်ထား Eurasian Union ပြောကြား

ပြည်ထောင်စုအဖွဲ့ဝင်ငါးနိုင်ငံနှင့် အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံတို့ကြား လွတ်လပ် သောကုန်သွယ်မှု သဘောတူညီချက်ကို ၂၀၂၅ ခုနှစ် မေလ ၁၅ ရက်နေ့မှစတင်၍ အကောင် အထည် ဖော်ဆောင်ရွက်နေ သည့် Eurasian Economic Union ၏ ကုန်သွယ်ရေးဝန်ကြီးက ဤသဘောတူညီချက်ကို အကောင်အထည်ဖော်ရန် လမ်းပြမြေပုံကို ပြင်ဆင်ပြီးဖြစ် ကြောင်း ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

IRNA ၏ အဆိုအရ Eurasian Economic Union Trade Minister Andrei Aslanov က မော်စကိုတွင် အီရန်စက်မှု လုပ်ငန်း၊ ကုန်သွယ်မှု၊ သတ္တုအရင်းအမြစ်နှင့် စိုက်ပျိုးရေးဆိုင်ရာ ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ ဆမဒ် ဟစန်ဇါဒေဟ် နှင့် တွေ့ဆုံစဉ် ဤလမ်းပြမြေပုံတွင် ကုန်သွယ်ရေးနှင့် အလုပ်အကိုင်နယ်ပယ်တွင် အီရန်နှင့် Eurasian Economic Union အကြား တိုက်ရိုက်ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်နှင့် အပြန်အလှန်ကုန်သွယ်မှု အသေး စိတ်ရှင်းပြရန်အတွက် ဆွေးနွေးပွဲများကျင်းပသည့်အဖွဲ့အစည်းတို့ ပါဝင် မည် ဖြစ်ကြောင်း ပြောကြား ခဲ့ပါ တယ်။

ဆက်လက်ပြီး အီရန်နှင့် ယူရေးရှားတို့ကြား လွတ်လပ်သောကုန်သွယ်မှု သဘောတူညီချက်သည် နှစ်ဖက်စလုံးမှ ကုန်သည်များ အချင်းချင်း၏ စျေးကွက်များသို့ ဝင်ရောက်ရန် အထူးအခွင့်အရေးများ ပေးထားကြောင်း မစ္စတာ Andrei Aslanov က ပြောကြား ခဲ့ပါတယ်။

Eurasian Economic Union ၏ ကုန်သွယ်ရေးဝန်ကြီးက ဤသဘောတူညီချက်တွင် စီးပွားရေးနှင့် ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ပြဿနာများကို အပြန်အလှန်နားလည်သဘောပေါက်ရန်နှင့် အမြန် ဖြေရှင်းရန် အတွက် သင့်လျော်သောနည်းလမ်းများနှင့် လုပ်ထုံးလုပ်နည်းများကိုလည်း ထည့်သွင်းစဉ်းစားခဲ့ကြောင်း ပြော ကြား ခဲ့ပါတယ်။

အီရန်နှင့် ပူးပေါင်းဆောင်ရွက်မှုအဆင့်သစ်ကို မိတ်ဖက်အဖြစ် ကျွန်ုပ်တို့မြင်ရပြီး အရေးကြီးသည့်အချက်မှာ ကျွန်ုပ်တို့သည် ပြိုင်ဘက်များထက် မိတ်ဖက်များနှင့် မဟာမိတ်များအဖြစ် တစ်ဦးကိုတစ်ဦး သဘောထားကာ သန်း 250 တန်ဖိုးရှိသော စျေးကွက်တွင် အချင်းချင်း ပူးပေါင်းလုပ်ဆောင်ရန်ဖြစ်ကြောင်း မစ္စတာ Andrei Aslanov က ပြောကြားခဲ့ပါတယ်။

.......................................................

END / 251

Tags

Your Comment

You are replying to: .
captcha