အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
IRNA သတင်းထောက်တစ်ဦး၏ ပြောကြားချက်အရ အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဆယက်ဒ် အဘာစ် အီရတ်က်ကျီ နှင့် အမေရိကန်သမ္မတ၏ အထူးကိုယ်စားလှယ် Steve Watkoff တို့ကြား ပဉ္စမအကြိမ် သွယ်ဝိုက်သော ညှိနှိုင်း ဆွေးနွေးပွဲသည် ရောမမြို့မှ မကြာမီက ပြီးဆုံးသွားခဲ့ကြောင်း ဖြစ်ပါတယ်။
ပဉ္စမအကြိမ် သွယ်ဝိုက်ဆွေးနွေးပွဲကို အီတလီနိုင်ငံ မြို့တော် ရောမမြို့ရှိ အိုမန် သံအမတ်ကြီး၏ နေအိမ်၌ ကျင်းပခဲ့ပြီး ယခင်လေးကြိမ်ကဲ့သို့ပင် အိုမန်နိုင်ငံခြားရေးဝန်ကြီး ဗဒရ်ပူးရ်စအီဒီ ၏ ဖျန်ဖြေမှုအောက်တွင် ကျင်းပခဲ့ပါတယ်။
အစောပိုင်းက အီရန်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ရောမမြို့ရှိ IRNA သတင်း ထောက်အား ပဉ္စမအကြိမ် သွယ်ဝိုက်သော ညှိနှိုင်း ဆွေးနွေးပွဲကို ပရော်ဖက်ရှင်နယ် အငွေ့အသက်ဖြင့် ကျင်းပနေ ကြောင်း အစောပိုင်းတွင် ပြောကြားခဲ့ပါတယ်။
ခြုံငုံသုံးသပ်ရလျှင် ဤဆွေးနွေးပွဲသည် လုံးဝပရော်ဖက်ရှင်နယ်၊ ကျိုးကြောင်းဆီလျော်ပြီး အေးဆေး တည်ငြိမ်သော အငွေ့အသက်ဖြင့် ကျင်းပသည်ဟု ဆိုနိုင်ပါတယ်။
အနှစ်ချုပ်အားဖြင့် ပဉ္စမအကြိမ် မြောက် အီရန် နှင့် အမေရိကန် ၏ သွယ်ဝိုက်သော ဤ ညှိနှိုင်း ဆွေးနွေးပွဲသည် အနည်းငယ်သာ တိုးတက်မှု ရှိပြီး ပြီးဆုံးခဲ့ပါတယ်။
အမေရိကန် က ယူရေနီယံ အား တစ်ရာခိုင်နှုန်းပင် အီရန် အား ပေးလုပ်မည် မဟုတ်ကြောင်း လက်မခံလျင် စစ်ရေးအရ အရေးယူမည် ဖြစ်ကြောင်း ငြိမ်းခြောက် ပြောဆိုခဲ့ပါတယ်။ တစ်ဖက် မှလည်း အစ္စရေး မှ အီရန် နျူကလီးယား အခြေဆိုက် စခန်းများ တိုက်ခိုက်ရန် အမေရိကန် က ၏ အချက်ပေး မှုကို စောင့်နေပါ တယ်။အကြမ်းဖက် အစ္စရေး မှ လည်း အီရန် တိုက်လျင် ၇ ရက်ဆက်တိုက် ၊ ဆိုက်သွားမည် ဖြစ်ကြောင်း ပြောကြား ထားပါတယ်။
အီရန် အနေဖြင့် လည်း မည်သည့် အခြေအနေတွင် မဆို မိမိတို့ သည် ယူရေနီယံ အတွက် လုံးဝ ညှိနှိုင်း မှုလုပ်မည် မဟုတ်ကြောင်း မိမိတို့ ရပိုင်ခွင့် အတိုင်း ပြုသွားမည် ဖြစ်ကြောင်း မိမိတို့သည် မည်သည့် အချိန်တွင် မဆို ချက်ချင်း နျူကလီးယား ဗုံး ကို ပြုလုပ်နိုင်စွမ်း ရှိကြောင်း သို့သော် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ ၏ဖသ်ဝါ အရ မပြုလပ်ထားသေးကြောင်း အကယ်၍ အစ္စရေး အနေဖြင့် မိမိတို့အား တိုက်လာလျင် အပြည့်အဝ အဖြေပေးပြန်တိုက်မည် ဖြစ်ကြောင်း ဤတိုက်ခိုက် မှု အတွက် တာဝန် ခံ မှာ အမေရိကန် သာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
အစ္စရေး ဝန်ကြီးချုပ် အကြမ်းဖက် သမား ၊ လူယုတ်မာ နေတန်ယာဟု သည် အစ္စရေး အနေဖြင့် စစ်ဖြစ်နေမှသာ မိမိခုံမြဲမည် ဖြစ်ပြီး အစ္စရေး တရားရုံး တွင် အကျင့်ပျက် ခြစားမှု အတွက် တရားမရင်ဆိုင်ရမည် ဖြစ်သည့် အတွက်ကြောင့် မိမိ မနိုင်မှန်း သိလျက် တမင် ပြဿနာ ရှာ နေခြင်း ဖြစ်ပါတယ်။
.......................................................
END / 251
Your Comment