၁၃ ဇွန် ၂၀၂၅ - ၁၅:၄၀
အီရန်လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဟာဂျီ ဇါဒဟ် သည်လည်း အကြမ်းဖက် အစ္စရေး၏ တိုက်ခိုက်မှု တွင် ရှဟီးဒ် ဖြစ်

အကြမ်းဖက် ဇီယွန်ဝါဒီအစိုးရ ၏ လေကြောင်း တိုက်ခိုက်မှု တွင် အခြားသော အီရန် ၏ အရေးကြီး စစ်ဗိုလ်မှူး များ နှင့် သိပ္ပံပညာရှင်များစွာ ရှဟီးဒ် ဖြစ်ခဲ့ပြီး ဒဏ်ရာရရှိခဲ့ကြပါတယ်။ ထိုအထဲတွင် အီရန် လေတပ်ဦးစီး ချုပ် ဗိုလ်ချုပ်ကြီး ဟာဂျီ ဇါဒဟ် လည်း ရှဟီးဒ် ဖြစ်ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahar News အစီရင်ခံစာ အရ ယနေ့နံနက်တွင် အီရန်နိုင်ငံရှိ ဒေသအသီးသီးရှိ လူနေအိမ်များနှင့် နျူကလီးယား စက်ရုံများကို အကြမ်းဖက် ဇီယွန်ဝါဒီအစိုးရ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ ၏ လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အမီးရ်အလီ ဟာဂျီ ဇါဒဟ် လည်း  ရှဟီးဒ်  ဖြစ်ခဲ့ပါတယ်။

ယနေ့နံနက်တွင် ကျူးကျော်ဝင်ရောက်လာသော အစ္စရေးတို့၏ တိုက်ခိုက်မှုများတွင် အီရန် အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ်၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဟိုစိုင်းန် စလာမ်မီ ၊ ခါသန်မ်မိုလ်အန်ဗီယာ (ဆွ) ဗဟိုဌာနချုပ် IRGC (အီရန် တော်လှန်ရေး အစောင့်တပ် ) ၏  ဗိုလ်ချုပ် ကြီး ဂိုလာန်မ် အလီ ရရှီးဒ်  ၊ အီရန် နျူကလီးယားသိပ္ပံပညာရှင် မိုဟမ္မဒ် မဲဟ်ဒီ တီဟီရန်ဂျီ နှင့် ဖရီဒူန်အဘာစ်စီ ပြီးနောက် ကလေးများနှင့် အမျိုးသမီး များ အပါအဝင် ပြည်သူ အများအပြား ရှဟီးဒ် ဖြစ်ပြီး ဒဏ်ရာရရှိခဲ့ကြပါတယ်။

အကြမ်းဖက် အစ္စရေး အနေဖြင့် အမေရိကန် ၊ နောက်အာရပ်နိုင်ငံ ၏ အကူအညီများ ဖြင့် အီရန် အား နာလန် မထူနိုင် အောင် အကွက်ကျကျ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပါတယ်။ လောလောဆယ် အီရန်ကို ချစ်သူများ အနေဖြင့် အီရန် ထိထိမိမိ အဖြေပြန်မပေးနိုင်သေးဟု မြင်နေရ၍ စိတ်တို စိတ်ဆိုး အားမလိုအားမရဖြစ်နေကြပြီး အီရန် ရန်သူများ နဲ့ မိုနာဖေက်များ အထူးသဖြင့် ရှီအဟ် မုန်းတီးရေး ဝါဒီများ ကတော့ ဟားတိုက် ပျော်ရွှင်နေ ကြပါ တယ်။

အင်န်ရှာအလ္လာဟ် ကရ်ဗလာ နောက်လိုက် အီရန် အနေဖြင့်လည်း ထိမိသည့် အဖြေပေးကိုပေးမည်ဟု ယုံကြည် ပါတယ်။

.......................................................

END / 251

Tags

Your Comment

You are replying to: .
captcha