၁၉ ဇွန် ၂၀၂၅ - ၁၅:၀၃
ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ နှင့် ပတ်သက်၍ ဇီယွန်ဝါဒီ မီဒီယာများ၏ ပြောဆိုချက် သတင်းအမှား

ဇွန်လ ၁၈ရက်နေ့ တီဗီတွင် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ ၏ မိန့်ခွန်းအပြီးတွင် ၎င်း၏ နေအိမ်ကို ပစ်မှတ်ထားသည်ဟု ဇီယွန်နစ်မီဒီယာက အခိုင်အမာဆိုခဲ့ကြပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr News Agency ၏အဆိုအရ သတင်းရင်းမြစ်များက ဤကဲ့သို့ ပြောဆိုချက်ကို အခြေအမြစ်မရှိဘဲ ရယ်စရာကောင်းသည်ဟု ဆိုထားပါတယ်။  ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ  ၏ ကြေငြာချက်အပြီးတွင်  အမေရိကန်နှင့် ဇီယွန်ဝါဒီ အစိုးရတို့သည် မိမိ တို့၏ အသိဥာဏ်များ ပျောက်ဆုံးသွားကာ ယင်းကဲ့သို့  သတင်းမှားကို အခိုင်အမာ ပြောဆိုခဲ့ကြခြင်း ဖြစ်ပါတယ်။

အခြေအမြစ်မရှိသော သတင်းမှားများ ဖြန့်ဝေရခြင်း၏ ရည်ရွယ်ချက်မှာ အီရန်ပြည်သူများကြား ရှိရင်းစွဲ စည်းလုံးညီညွတ်မှုကို ဖြိုခွဲရန်ဖြစ်ပါတယ်။

အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံ၏ အင်အားနှင့် လူထုထံမှ အီရန် ထိပ်တန်းခေါင်းဆောင်ကြီး ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ ၏ ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံအားပေးမှုသည် ရန်သူ၏ ပူးပေါင်းကြံစည်မှုများကို ဟန့်တားလိမ့်မည်ဟု နိုင်ငံရေးလေ့လာသူများက ယုံကြည်ကြပါတယ်။

ထိုကဲ့သို့ ရက်စက်ကြမ်းကြုတ်သော လူမဆန်သည့် ယောက်ကျားမပီသသည့် ပူးပေါင်းကြံစည်မှုများ သည် ဒေသတွင်းတွင် အီရန်၏အာဏာကို ရင်ဆိုင်ရချိန်တွင် အကြမ်းဖက် ဇီယွန်ဝါဒီအစိုးရ၏ အားနည်းမှုနှင့် အကူအညီမဲ့မှု၏ လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။

.......................................................

END / 251

Tags

Your Comment

You are replying to: .
captcha