၅ ဇူလိုင် ၂၀၂၅ - ၁၃:၀၅
ဘာရိန်းနိုင်ငံမှာ ထင်ရှားကျော်ကြားသည့် ရှီအဟ် အာလင်မ် ရှိက်ခ်အီစာ အလ်မိုအ်မင်အား မဂျ်လစ်စေ ဟိုစိုင်းန် (အ.စ) တွင် ပါဝင်မှုကြောင့် ဖမ်းဆီး ခံရ

အဒ်ဒီးရ် ဒေသတွင်နေထိုင်သူများ နှင့် ဘာရိန်းရှိ ဘာသာရေးနှင့် နိုင်ငံရေးအဖွဲ့အစည်းအုပ်စုတစ်စုက အာရှုရာ ၏ ထုံးတမ်းစဉ်လာများ ပြန်လည်ရှင်သန်ရေးတွင် ပါဝင်သည့်အတွက် မတ်စ်ဂျစ်ဒ် အလ်ခိုင်းဖ် ၏ရှေ့ဆောင် ဆရာ နှင့် တရားဟောဆရာ ဖြစ်သည့် ရှိက်ခ်အီစာ အလ်မိုအ်မင် အား ဖမ်းဆီးခြင်းအတွက် ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ ပြီး ခြွင်းချက်မရှိ ချက်ခြင်းပြန်လွှတ်ပေးရန် တောင်းဆိုခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ထင်ရှားကျော်ကြားသည့် ရှီအဟ် အာလင်မ် ရှိက်ခ်အီစာ အလ်မိုအ်မင်အား ကို ဖမ်းဆီးခြင်းအပေါ် နက်ရှိုင်းစွာ စိုးရိမ်ကြောင်း ဘာရိန်းနိုင်ငံ အဒ်ဒီးရ် ဒေသမှ ပြည်သူများက ကြာသပတေးနေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့ပြီး ၎င်းသည် ဘာသာရေးလွတ်လပ်ခွင့်နှင့် နိုင်ငံသားအခွင့်အရေးများကို ချိုးဖောက်ခြင်းဖြစ်သည်ဟု ဖော်ပြခဲ့ပါ တယ်။

ဘာရိန်းနှင့် အစ္စလာမ့် ကမ္ဘာတို့တွင် အရေးကြီးဆုံး ဘာသာရေးပွဲများထဲမှ တစ်ခုဟု ယူဆရသည့် အေမာမ် ဟိုစိုင်းန် (အ.စ) အတွက် ဘာသာရေး ဝမ်းနည်းခြင်း အခမ်းအနားတွင် ပါဝင်သည့်အတွက် ရှိက်ခ် အား ဖမ်းဆီးခြင်း မှာ ဘာရိန်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ လူ့အခွင့်အရေးနှင့် အခြေခံမူများကို ရှင်းရှင်းလင်းလင်း ချိုးဖောက် ခြင်း ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားပါတယ်။

အဒ်ဒီးရ် တွင်နေထိုင်သူများသည် အာလင်မ် ရှိက်ခ်အီစာ အလ်မိုအ်မင်အား ကိုချက်ချင်းခြွင်းချက်မရှိ လွတ်ပေး ရန်တောင်းဆိုခဲ့ ပြီး မုဟရမ်လ ဝမ်းနည်းခြင်းအခမ်းအနားတွင်ပါဝင်သူများအပေါ်ဆင့်ခေါ်မှု၊ နှောင့်ယှက်ခြင်းနှင့် ဖိအားများ အားလုံးကိုတားဆီးသင့်သည်ဟုအလေးပေးပြောကြားခဲ့သည်။ ဘာသာရေး ခွဲခြားမှု မခွဲခြားဘဲ နိုင်ငံ သား အား လုံးအတွက် လွတ်လပ်စွာ ဘာသာရေး ၀တ်ပြုခွင့် အပြည့်အဝ အာမခံချက် ရှိရန် တောင်းဆိုခဲ့ပါတယ်။

ယင်းဆန္ဒပြပွဲများအပြီးတွင် Al-Wefaq National Islamic Community မှ ရှိက်ခ်အီစာ အလ်မိုအ်မင် အား ဖမ်းဆီးခြင်း အား ရှုတ်ချကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ အာရှုရာ ဆိုင်ရာ ဝမ်းနည်းခြင်း ၊ နာမ်ပိုင်းဆိုင်ရာ နှင့် မွတ်စလင်မ်များ ၏ စည်းလုံးညီညွတ်သော လေထုကို ဖျက်ဆီးရန် ဘာရိန်း ပြည်ထဲရေး ဝန်ကြီးဌာန၏ ပြတ်သားသော ရည်ရွယ်ချက်၏ လက္ခဏာဖြစ်ကြောင်း ဆိုထားပါတယ်။

ဘာသာရေးလွတ်လပ်ခွင့်များကို ထောက်ခံအားပေးရန် အစိုးရ၏ တောင်းဆိုမှုသည် ထိုအပြုအမူနှင့် လုံးဝကွဲလွဲကြောင်း Al-Wefaq က ပြောကြားခဲ့ပါတယ်။ လွန်ခဲ့သည့်ဆယ်စုနှစ်များအတွင်း ၎င်း၏လုံခြုံရေးနှင့် ဖိနှိပ်ချုပ်ချယ်မှုများကြောင့် ပြည်ထဲရေးဝန်ကြီးဌာနသည် အာရှုရာ  အပါအဝင် ဘာသာရေးဆိုင်ရာ အခမ်းအနား များကို စီမံခန့်ခွဲရန် အခွင့်အာဏာမရှိသလို ယခုကာလများအတွင်း အမြဲတမ်း တင်းမာမှုဖြစ်စေခဲ့ကြောင်း အဆိုပါအဖွဲ့က ပြောကြားခဲ့ပါတယ်။

မုဟရမ်  နှင့် အာရှုရာ အခမ်းအနားများသည်ဘာရိန်း လူ့အဖွဲ့အစည်းတွင် စည်းလုံးမှု၊ စည်းလုံးညီညွတ်မှုနှင့် ဝိညာဉ်ရေးဆိုင်ရာ သင်္ကေတအဖြစ် အမြဲတည်ရှိနေသော်လည်း အစိုးရ၏ ဖိနှိပ်ချုပ်ချယ်သော အပြုအမူသည် လုံခြုံရေးအာဏာကို ပြသရန်နှင့် ဘာသာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ပုဂ္ဂိုလ်များနှင့် ဆက်ဆံခြင်းအတွက် စင်မြင့်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

နောက်ဆုံးတွင် Al-Wefaq နှင့် အဒ်ဒီးရ် မှနေထိုင်သူများသည် ဘာရိန်းတွင် လူမှုရေးငြိမ်းချမ်းမှု၏ အဓိကအခြေခံအုတ်မြစ်အဖြစ် ဘာသာရေးကွဲပြားမှုနှင့် လွတ်လပ်စွာယုံကြည်ခွင့်ကို လေးစားရန် လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့ပါတယ်။

ဘာရိန်းရှိ နာမည်ကြီး လူ့အခွင့်အရေး လှုပ်ရှားသူ အလီအလ်ဟာဂျီ ကလည်း ရှိက်ခ်အီစာ အလ်မိုအ်မင် ကို အမြန်ဆုံး ပြန်လွတ် ပေးရန် တောင်းဆိုထားပြီး ရှင်းရှင်းလင်းလင်းနှင့် တရားဥပဒေ ဆိုင်ရာ အကြောင်းပြ ချက်မရှိ ဘဲ အကြီးတန်း ဘာသာရေးခေါင်းဆောင်ကို ဆက်လက် ဖမ်းဆီးခြင်းသည် စိုးရိမ်စရာဖြစ်ပြီး တရားမျှတမှု မရှိ ကြောင်း ပြောဆိုခဲ့ပါတယ်။

အသက် ၆၈ နှစ်ရှိ ရှိက်ခ်အီစာ အလ်မိုအ်မင် သည် မိမိ ၏အဆင့်မြင့်သောအသက်အရွယ် နှင့် ရုပ်ပိုင်းဆိုင်ရာ အခြေအနေကြောင့် ဆေးကုသမှုခံယူရန် လိုအပ်ကြောင်း ၎င်းက အလေးပေးပြောကြားခဲ့ပါတယ်။ ထို့ကြောင့် မိမိ၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိန်းသိမ်းရန် တာဝန်သည် သက်ဆိုင်ရာ အဖွဲ့ အစည်းများနှင့် လုံး၀ သက်ဆိုင်ပါတယ်။

အလီအလ်ဟာဂျီ မှ ရှိက်ခ်အီစာ အလ်မိုအ်မင် အား ၎င်း၏ မိသားစုနှင့် ရှေ့နေထံ အပြည့်အဝ ဝင်ရောက်ခွင့် ပေးရန် အပြင် ၎င်းအား အကျဉ်းထောင် အတွင်း သင့်လျော်သော ဆေးကုသမှု ခံယူရန်လည်း တောင်းဆိုခဲ့ ပါတယ်။

ရှိက်ခ်အီစာ အလ်မိုအ်မင် ၏ မိသားစုအဆိုအရ အင်္ဂါနေ့တွင် မှုခင်းစုံစမ်းစစ်ဆေးရေးဌာနထံမှ ဖုန်းခေါ်ဆိုမှု တစ်ခုရရှိခဲ့ ပြီး ချက်ချင်းလာရောက်မေးမြန်းရန် တောင်းဆိုခဲ့ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့ပါတယ်။  ထိုအချိန်မှစ၍ ရှိက်ခ်အီစာ အလ်မိုအ်မင် သည် သီးခြားတရားစွဲဆိုခြင်းမရှိဘဲ စုံစမ်းစစ်ဆေးရေး အဆောက် အအုံတွင် ထိန်းသိမ်းခံခဲ့ရပါတယ်။

အစီရင်ခံစာအရ ရှိက်ခ်အီစာ အလ်မိုအ်မင် သည် မိမိ အား ဖမ်းဆီးထိန်းသိမ်းထားကြောင်းနှင့် မိမိ ၏သွေး ပေါင်ချိန် အတွက် ဆေးတောင်းရန် ထိုညက မိမိ ၏မိသားစုအား ဖုန်းဆက်အကြောင်းကြားခဲ့ပါတယ်။ ထို့အပြင် နောက်နေ့ နေ့လယ်တွင် မိသားစုနှင့် အခြားဖုန်းခေါ်ဆိုမှုတွင် ရှိက်ခ်အီစာ အလ်မိုအ်မင် က ကြာသပတေး နေ့တွင် အစိုးရ ရှေ့နေရုံးသို့ လွဲပြောင်းခံရဖွယ်ရှိကြောင်း ကြေညာခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha