အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr News Agency ၏ အစီရင်ခံစာအရ အီရန်နှင့် ရုရှားရေတပ် ကယ်ဆယ်ရေးအဖွဲ့များသည် ပူးပေါင်း၍ ကက်စပီယံပင်လယ်အတွင်း ပင်လယ်ပြင်တွင် မတော်တဆမီးလောင်း ခဲ့လျင် မီးငြိမ်း သတ် နိုင်ရန် အတွက် လေ့ကျင့်မှုများ ပြုလုပ်ခဲ့ ကြောင်း သိရပါတယ်။
စစ်ရေးလေ့ကျင့်မှု၏ ပြောရေးဆိုခွင့်ရှိသူ၏ အဆိုအရ ရေတပ်ဗိုလ်ချုပ်ကြီး မိုဟ်စင်န် ရဇက်ကီး က ယခုအဆင့်တွင် အီရန်နှင့် ရုရှားရေတပ်နှင့် လေကြောင်းတပ်ဖွဲ့များသည် ပူးပေါင်း၍ ကုန်သွယ်သင်္ဘောတစ်စင်း ဟုသတ်မှတ်ထားသည့် သင်္ဘော ပေါ်တွင် မီးငြိမ်းသတ်ခဲ့ခြင်း ဒဏ်ရာရသင်္ဘောသားများကို ကယ်ဆယ်ခြင်း သင်္ဘောကို ဘေးကင်းသောနေရာသို့ ဆွဲတင်ခြင်း တို့ကို လေ့ကျင့်ခဲ့ကြောင်း သိရပါတယ်။
အဆိုပါ စစ်ရေးလေ့ကျင့်မှုအတွင်း ရေတပ်ရဟတ်ယာဉ်များသည် မတော်တဆမှုဖြစ်ပွားရာနေရာအား ဝေဟင်မှ စူးစမ်းရှာဖွေခြင်းများကို ပထမဆုံးလုပ်ဆောင်ခဲ့ခြင်း ယင်းနောက် အီရန်စစ်သင်္ဘော "စူပါ" သည် အဆိုပါဒေသရှိ ရေတပ်တပ်ဖွဲ့များကို မီးငြိမ်းသတ်ရန် စေလွတ်ခဲ့ခြင်း တို့ကိုပါ ပြုလုပ်လေကျင့် ခဲ့ကြောင်း မိုဟ်စင်န် ရဇက်ကီး က ပြောကြားခဲ့ပါတယ်။
မိုဟ်စင်န် ရဇက်ကီး မှ ဆက်လက်ပြီး အီရန်ရေတပ်၏ အထူးစစ်ဆင်ရေးတပ်ဖွဲ့များသည် သင်္ဘောကုန်းပတ်သို့ ဝင်ရောက်ခဲ့ခြင်း ဒဏ်ရာရရှိကာ သောင်တင်နေသော ဝန်ထမ်းများကို ကယ်ဆယ်ခြင်း ၎င်းတို့အား ဆေးဘက် ဆိုင်ရာဌာနများ သို့ ချက်ခြင်း လွဲပြောင်းပေးခြင်း လေကျင့်ခန်းများကို ပြုခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
ထို့နောက် ပူးတွဲအဖွဲ့များသည် မီးငြိမ်းသတ်ခြင်းလုပ်ငန်းကို ပြီးမြောက်ခဲ့ပြီး နောက်ဆုံးတွင် မီးလောင်းသွားသည့် သင်္ဘောကို ဘေးကင်းသော ကျောက်ချရပ်နားစခန်းသို့ အောင်မြင်စွာ ရွေ့ပြောင်းနိုင်ခဲ့ကြောင်း သိရပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment