၂၅ ဇူလိုင် ၂၀၂၅ - ၁၇:၄၇
အစ္စရေး သံရုံးတွေကို ပိတ်ပြီး ကုန်သွယ်ရေး ဆက်ဆံရေး အဆုံးသတ်ဖို့ H.I ရှိက်ခ် နအီးမ် ကာစင်မ် က အာရပ် နှင့် အစ္စလာမ် နိုင်ငံများကို ပန်ကြား

ဟစ်ဘွလ္လာဟ် အထွေထွေအတွင်းရေးမှူးချုပ် မှ ဇီယွန်နစ်အစိုးရနဲ့ ဆက်ဆံရေးဟာ ဂါဇာကမ်းမြောင်က ဖိနှိပ်ခံ ပြည်သူတွေကို သစ္စာဖောက်တာ ဖြစ်ကြောင်း ပြောကြားပြီး အစ္စလာမ် နိုင်ငံများ အား အစ္စရေး အား လက်တွေ့ကျသည့် ဆန့်ကျင်ရေး ခြေလှမ်းများ လှမ်းကြဖို့ ပန်ကြား ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr News Agency ၏ အစီရင်ခံစာအရ ဟစ်ဘွလ္လာဟ် အထွေထွေ အတွင်းရေးမှူး H.I ရှိက်ခ် နအီးမ် ကာစင်မ် သည် ဇီယွန်အစိုးရနှင့် ဆက်ဆံရေး ချက်ချင်းရပ်ရန်နှင့် ဂါဇာရှိ ဖိနှိပ်ခံ ပါလက်စတိုင်းများနှင့် တညီတညွတ်တည်း ဇီယွန် အစိုး၏ သံရုံးများကို ပိတ်ရန် အာရပ် နှင့် အစ္စလာမ် နိုင်ငံများအား အကြံပြု ပန်ကြားထားခဲ့ပါတယ်။

Al-Manar ၏အဆိုအရ H.I ရှိက်ခ် နအီးမ် ကာစင်မ် သည် အမေရိကန် နှင့် ဇီယွန်  ညွန့်ပေါင်း အဖွဲ့ ၏ ရန်လိုမှု၊ အစုလိုက် အပြုံလိုက်သတ်ဖြတ်မှု၊ ငတ်မွတ်ခေါင်းပါး မှုနှင့်လူမျိုးတုံး သတ်ဖြတ်မှုတို့ သည် ဂါဇာကမ်းမြောင် ဒေသရှိ ပါလက်စတိုင်းလူမျိုးများအပေါ် လူသားနှင့်ကိုယ်ကျင့်တရားတန်ဖိုးအားလုံးကို ချိုးဖောက်နေသည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး H.I ရှိက်ခ် နအီးမ် ကာစင်မ်  မှ ဂါဇာကမ်းမြောင်ဒေသရှိ ရက်စက်ကြမ်းကြုတ်မှုများကို ဆန့်ကျင်ရန်  နိုင်ငံတကာ အသိုင်းအဝိုင်း၏ နှုတ်ဆိတ်နေခြင်းသည် ရှက်ဖွယ်ကောင်းပြီး ရာဇ၀တ်မှုဖြစ်ကြောင်း နိုင်ငံတကာဥပဒေအား ပိုမိုအားနည်းစေကြောင်း  နိုင်ငံပေါင်း ၂၅ နိုင်ငံက အပစ်အခတ်ရပ်စဲရေး တောင်းဆိုရုံနှင့် မလုံလောက် ကြောင်း ပြောကြား ခဲ့ပါတယ်။

ထပ်လောင်း၍ ကျွန်ုပ်တို့သည် မိမိတို့ကိုယ်ကို ထုတ်ပြန်ချက်သက်သက်မျှသာ ကန့်သတ်မထားသင့်ဘဲ လက်တွေ့ကျသော ပိတ်ဆို့မှုများချမှတ်ခြင်းဖြင့် ကမ္ဘာ့စင်မြင့်တွင် အစ္စရေးကို သီးခြားခွဲထားသင့်သည်ဟု ပြောကြား ခဲ့ပါတယ်။

အာရပ် နှင့် အစ္စလာမ်မစ် နိုင်ငံများထံမှ စည်းလုံးညီညွတ်ပြီး ခိုင်မာသော ရပ်တည်ချက်ဖြင့်ရပ်တည်လျင်  အမေရိကန်သည် ဆုတ်ခွာသွားမည်ဖြစ်ကြောင်း ဤကိစ္စအတွက် အကြီးကျယ်ဆုံးတာဝန် ဝတ္တရားမှာ  အာရပ် နှင့်  အစ္စလာမ့် အုပ်ချုပ်သူ အစိုးရများ နှင့်  ပြည်သူများ ဖြစ်ကြောင်း ဟစ်ဘွလ္လာဟ် အထွေထွေ အတွင်းရေးမှူး H.I ရှိက်ခ် နအီးမ် ကာစင်မ် ကပြောကြားခဲ့ပါတယ်။

နိုင်ငံတိုင်းနှင့် လူမျိုးတိုင်းသည် မိမိတို့တတ်နိုင်သမျှ ခြေလှမ်းများ လှမ်းသင့်ကြောင်း ဆက်ဆံရေး ထူထောင်ရန် ရပ်သင့်ကြောင်း ရန်သူ၏ သံရုံးများကို ပိတ်သင့်ကြောင်း ရန်သူ နှင့် ကုန်သွယ်မှုကို အဆုံးသတ်ကာ ဂါဇာကမ်းမြောင်ဒေသ၏ အသက်တာ လိုအပ်ချက်များကို အတတ်နိုင်ဆုံး ပံ့ပိုးပေးခြင်းဖြင့် စည်းလုံးမှုကို ပြသသင့်ကြောင်း အတွင်းရေးမှူး H.I ရှိက်ခ် နအီးမ် ကာစင်မ် က ပြောကြားခဲ့ပါတယ်။

အဆုံး၌ အတွင်းရေးမှူး H.I ရှိက်ခ် နအီးမ် ကာစင်မ် မှ ဇွာလင်မ် (မတရား ဖိနှိပ် ရက်စက်သူ၊သတ်ဖြတ်သူ ) များ သည် ဘယ်တော့ မှ အောင်နိုင်မည် မဟုတ်ကြောင်း ကို သတိပြုကြရန် ပြောကြားခဲ့ပါတယ်။

အစ္စရေး ၏ လူမဆန်မှု ၊ ပုန်ကန်မှုတို့သည် အထွတ်အထိပ်သို့ ရောက်ရှိခဲ့ပြီးဖြစ်ပါတယ်။ ပြီး နောက် ၎င်းတို့၏ ဤ ရာဇဝတ်မှုသည် အလ္လာဟ်ဟို အရှင်မြတ် ၏ အမိန့်တော် ဖြင့် ၎င်းတို့ ကျဆုံးတော့မည့် လက္ခဏာ ဖြစ်ပါတယ်။မတရားမှု မှန်သမျှ အား အလ္လာဟ် ဟို အရှင်မြတ်သည် အနှေး နှင့် အမြန် အရေးယူတော် မူသည့် အရှင် ဖြစ်ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha