အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr News Agency ၏ အစီရင်ခံစာအရ၊ နိုင်ငံလုံးဆိုင်ရာ အကြမ်းဖက်အဖွဲ့အစည်းတစ်ခု၏ တက်ကြွသော အကြမ်းဖက်သမားနှစ်ဦးကို အီရန်တရားရေးဌာန၏ အမိန့်ဖြင့် ကွပ်မျက်ခဲ့ကြောင်း သိရပါတယ်။
၎င်းတို့နှစ်ဦးသည် တားမြစ်လက်နက်များ ကိုယ်တိုင်ထုတ်လုပ်ကာ နိုင်ငံသားများ၏ နေအိမ်များ၊ ပညာရေးအဖွဲ့ အစည်းများ၊ လူမှုဖူလုံရေးစင်တာများနှင့် အခြားအရေးကြီးသော နေရာများကို ပစ်မှတ်ထား အသုံးပြုသည် ဟု စွဲချက် တင်ခံထားရသူများဖြစ်ပါတယ်။
တရားဝင်ထုတ်ပြန်ချက်များအရ ဟိုစိုင်းန် ၏သား မဲဟ်ဒီ ဟစန်နီ (ခ) ဖရ်ဒီးန် နှင့် ဂျန်မ်ရှီးဒ် အလီ ၏ သား ဗေဟ် ရူဇ် အဲဟ်စာန်နီ အစ္စလာမ်လူ (ခ) ဗေဟ်ဇါဒ် တို့သည် အကြမ်းဖက်အဖွဲ့အတွက် အချိန်အတော်ကြာ စစ်ဆင်ရေး လုပ်ဆောင် မှုများ တွင် ပါဝင်ပတ်သက်နေပြီဖြစ်ကြောင်း သိရပါတယ်။
၎င်းတို့နှစ်ဦးသည် ကိုယ်ပိုင် ဒုံးပျံပစ်လောင်ချာများကို ပြုလုပ်ခဲ့ကြပြီး နယ်မြေအသီးသီးတွင် ဒုံးကျည်ပစ်လွတ်ရန် အတွက် အသုံးပြုခဲ့ကြပြီး အပြစ်မဲ့အရပ်သားများကို အန္တရာယ်ဖြစ်စေခဲ့ပါတယ်။
တရားခံ နှစ်ဦးသည် ပြည်သူတွေကြား အကြောက်တရား ပြန့်ပွားမှု၊ တည်ငြိမ်အေးချမ်းရေး နှင့် ငြိပ်ဝပ်ပိပြား ရေး ကို ပျက်ပြားစေမှု၊ နိုင်ငံတော် အဖွဲ့အစည်းတွေကို ပစ်မှတ်ထား လုပ်ဆောင်မှုတွေမှာ ပါဝင်နေတာ ဖြစ်ပါတယ်။
၎င်းတို့ထုတ်လုပ်သော လက်နက်များသည် နေအိမ်များ၊ ရုံးများ၊ ပညာရေးစင်တာများနှင့် လူမှုဖူလုံရေးဌာနများစွာ ပျက်စီးခဲ့ပါတယ်။ တရားခံ နှစ်ဦးစလုံးကို ဖမ်းဆီးပြီးနောက်လေးလံသည့် အမှုများ ဖွင့်ခံခဲ့ရပါတယ်။
တရားရုံးစာရွက်စာတမ်းများအရ မဲဟ်ဒီ ဟစန်နီ သည် အကြမ်းဖက်အဖွဲ့နှင့် နှစ်အတော်ကြာ ဆက်နွယ်နေခဲ့ပြီး ဗေဟ် ရူဇ် အဲဟ်စာန်နီ အစ္စလာမ်လူ သည် ၁၉၈၀ ခုနှစ်များတွင် အလား တူအဖွဲ့ အစည်း၏ အဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့ ပါတယ်။ ထောင်က လွတ်လာပြီးသည့်တိုင် ထပ်ပြီး အကြမ်းဖက် လှုပ်ရှားမှုများတွင် ပါဝင်လာသူဖြစ်ပါတယ်။
တရားခံ နှစ်ဦးသည် လက်နက်များထုတ်လုပ်ခြင်း၊ အဖျက်အမှောင့်အစီအစဉ်များပြုလုပ်ပြီး ပြင်ပ ကွန်ရက်များ သို့ ပေးပို့ခြင်းတို့ကို တီဟိရန် မြို့ ၏ လျှို့ဝှက်နေရာတစ်နေရာ တွင် ထားရှိခဲ့ပါတယ်။
ဗေဟ် ရူဇ် အဲဟ်စာန်နီ အစ္စလာမ်လူ (ခ) ဗေဟ်ဇါဒ် သည် တူရကီသို့ ကုန်းကြောင်းဖြင့် ထွက်ပြေးရန် ကြိုးစားစဉ် ဖမ်းဆီးခံခဲ့ရသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များက အချိန်မီဖမ်းဆီးနိုင်ခဲ့ပါတယ်။ လက်နက်များ၊ ခဲယမ်းမီး ကျောက် များ၊ လက်နက်ပြုလုပ်သည့် ကိရိယာများနှင့် မျက်နှာကို ပြောင်းလဲနိုင်သော ကိရိယာများကိုလည်း သိမ်းဆည်း ရမိခဲ့ပါတယ်။
တရားခံ နှစ်ဦးစလုံးသည် နိုင်ငံတော်ကို တော်လှန်ပုန်ကန်မှု၊ အကြမ်းဖက်အဖွဲ့နှင့် ပူးပေါင်းမှု၊ နိုင်ငံကို သူလျှိုလုပ်မှု၊ ပြည်သူပိုင်ပစ္စည်းများကို တိုက်ခိုက်ခြင်းနှင့် အပြစ်မဲ့ပြည်သူများ၏ အသက်အန္တရာယ်ကို ထိခိုက် စေခြင်း စသည့် ကြီးလေးသော စွဲချက်များဖြင့် စွဲချက်တင်ခံထားသူများ ဖြစ်ပါတယ်။
အဆိုပါအမှုကို တရားရုံးတွင်တရားဝင်ကြားနာခဲ့ပြီး တရားခံနှစ်ဦးစလုံးကို သက်သေအထောက်အထားများနှင့် တရားခံပြရှေ့နေတို့အပေါ်မူတည်၍ သေဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ပါတယ်။ နောက်ပိုင်းတွင် နိုင်ငံ၏ အမြင့်ဆုံး တရားရုံးက စီရင်ချက်ကို စွဲဆိုခဲ့ပြီး ၎င်းတို့၏ အယူခံဝင်မှုနှင့် ပြန်လည်စစ်ဆေးရန် တောင်းဆိုချက်များကို ပယ်ချခဲ့ခြင်း ဖြစ်ပါတယ်။
တရားရုံးလုပ်ထုံးလုပ်နည်းများ အားလုံးပြီးစီးပြီးနောက် ယနေ့နံနက်ပိုင်းတွင် ၎င်းတို့နှစ်ဦးအား စီရင်ချက်နှင့်အညီ ကြိုးမိန့်ပေးခဲ့ခြင်းဖြစ်ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment