အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Iqna ကုရ်အာန်သတင်းဌာန နှင့် Al-Quds Al-Arabi News ၏အဆိုအရ ရှိက်ခ်ခိုလ်အဇ်ဟရ် အဲဟ်မဒ် အလ်သွယစ်ဗ် ဂါဇာကမ်းမြောင်ဒေသတွင် ဆိုးရွားလှသော အခြေအနေအတွက် ပန်ကြားချက်တစ်ရပ်ကို ထုတ်ပြန် ခဲ့ပြီး ယနေ့ လူသားတို့၏ နှလုံးသား(အသိစိတ်) သည် စမ်းသပ်မှု မှ ဖြတ်သန်းနေရကြောင်း ပြောကြား ခဲ့ပါတယ်။
ဆက်လက်ပြီး အစ္စရေးနိုင်ငံအား လက်နက်ဖြင့် ပံ့ပိုးပေးသူ သို့မဟုတ် ၎င်းတို့၏ ဆုံးဖြတ်ချက်များဖြင့် ထောက်ခံသူ မည်သူမဆို ဤရာဇ၀တ်မှုတွင် တိုက်ရိုက်ပတ်သက်နေကြောင်း ရှိက်ခ်ခိုလ်အဇ်ဟရ် အဲဟ်မဒ် အလ်သွယစ်ဗ် က သတိပေးပြောကြားခဲ့ပါတယ်။
သိမ်းပိုက်ထားတဲ့ တပ်ဖွဲ့တွေက မုန့်တစ်ဖဲ့ ဒါမှမဟုတ် ရေတစ်စက်ကို ရှာဖွေနေကြတဲ့ ဂါဇာပြည်သူတွေကို တမင်တကာ အငတ်ထားထားကြောင်း ဒုက္ခသည်စခန်းများနှင့် အကူအညီပေးရေးဌာနတွေကို တမင် တကာ ပစ်မှတ်ထားနေတယ်လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။
ဂါဇာကမ်းမြောင်ဒေသမှာ အပြစ်မဲ့ပြည်သူ ထောင်ပေါင်းများစွာကို သွေးအေးအေးနဲ့ အသတ်ခံနေရတာကို ကျွန်တော်တို့ မြင်တွေ့နေရပြီး အသက်ရှင်ကျန်ရစ်သူတွေဟာ ငတ်မွတ်ပြီး ဆေးဝါးမလုံလောက်လို့ သေဆုံးနေကြပါတယ် ဟု ရှိက်ခ်ခိုလ်အဇ်ဟရ် အဲဟ်မဒ် အလ်သွယစ်ဗ် ပြောကြားခဲ့ပါတယ်။
အစ္စရေးအစိုးရအား လက်နက်များ သို့မဟုတ် အရေခြုံသော ပြောဆိုမှုများနှင့် ဆုံးဖြတ်ချက်များမှတစ်ဆင့် အစ္စရေးအစိုးရအား ထောက်ခံသူ မည်သူမဆိုသည် ဤလူမျိုးတုံးသတ်ဖြတ်မှုတွင် ပါဝင်နေကြောင်း ရှိက်ခ်ခိုလ်အဇ်ဟရ် အဲဟ်မဒ် အလ်သွယစ်ဗ် မှ ထပ်မံ၍ အလေးပေး ပြောကြား ခဲ့ပါတယ်။
ဂါဇာကမ်းမြှောင်တွင် အငတ်ဘေးနှင့် ငတ်မွတ်ခေါင်းပါးမှု အကျပ်အတည်းသည် နယ်မြေအတွင်း ပိတ်ဆို့ခြင်း များကို တင်းကျပ်ထားပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ဝင်ရောက်ခြင်းမှ ပိတ်ဆို့ ထားခြင်း ကြောင့် ပိုမိုဆိုးရွားလာခြင်း ဖြစ်ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment