၃၀ ဇူလိုင် ၂၀၂၅ - ၁၁:၀၁
ကလေးငယ်များကို စလာမ်ပေးခြင်း

မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မှ ရီဝါယသ် တော် တစ်ခု တွင် ကလေးငယ်များကို စလာမ်ပေးခြင်း ဘက်သို့ ညွှန် ပြ၍ မိန့်တော် မူထား ပါတယ်။ ဤဟဒီးစ်တော် အား လေ့လာ နှလုံးသွင်းပြီး လက်တွေ့ လိုက်နာ ကျင့်သုံး နိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မကာရေမ်မိုလ်အခ်လာက် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

قال رسول اللہ صلی اللہ علیه وآله وسلم :

خَمْسٌ لَا أَدَعُهُنَّ حَتَّى الْمَمَاتِ: ... وَالتَّسْلِيمُ عَلَى الصِّبْيَانِ لِتَكُونَ سُنَّةً مِنْ بعدی ۔

မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မိန့်တော် မူ၏။

«   အရာ ငါးခုအား မသေမချင်း မစွန့်လါတ်ကြပါနှင့်။ ထိုအရာများသည် ငါမရှိတော့သည် နောက်ပိုင်းတွင် စွန္နသ် တော် အဖြစ် ကျန်ရှိနေပါစေ။ ၎င်းအရာ (ငါ’ခု) မှ တစ်ခု မှာ ကလေးငယ်များကို စလာမ်ပေးခြင်းဖြစ်ပါသည်။ »

ကျမ်းကိုး ။ ။ မကာရေမ်မိုလ်အခ်လာက် ကျမ်း ၊ အတွဲ ၁  ၊ စာမျက်နှာ ၅၆

သတိပြုရန်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီး  ကျနော်တို့ အနေဖြင့်  ကလေးငယ်များကို စလာမ် ပေးခြင်း သည် ကိုယ်တော်မြတ် (ဆွ) ၏ စွန္နသ်တော် ဖြစ်ကြောင်း ထင်ရှားစွာ သိမြင်ရမည် ဖြစ်ပါတယ်။ ကျနော်တို့ ပတ်ဝန်းကျင်တွင် ကလေးငယ်များ ကို စလာမ်စမပေးပဲ ၎င်းတို့၏ စလာမ် စပေးခြင်း ကို စောင့်ကြသည့် အကျင့်ဆိုးကို ပျောက်ဖို့ ပြင်ဖို့ အချိန်ရောက်နေပြီး ဖြစ်ပါတယ်။ ပြီးနောက် စလာမ်ကို ကလေးဖြစ်စေ ၊ လူကြီး ဖြစ်စေ ၊ ယောက်ကျား ဖြစ်စေ ၊ မိန်းမဖြစ်စေ ၊ စသည်ဖြင့် သူထက်ငါ အလျင် ပေးနိုင်အောင် ကြိုးစားရမည် ဖြစ်ပါ တယ်။ စလာမ် ဆိုင်ရာ အဲဟ်ကာမ်ကိုလည်း လေ့လာ ထားရမည် ဖြစ်ပါတယ်။

****************************************************************

END / 251

Tags

Your Comment

You are replying to: .
captcha