အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မကာရေမ်မိုလ်အခ်လာက် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال رسول اللہ صلی اللہ علیه وآله وسلم :
خَمْسٌ لَا أَدَعُهُنَّ حَتَّى الْمَمَاتِ: ... وَالتَّسْلِيمُ عَلَى الصِّبْيَانِ لِتَكُونَ سُنَّةً مِنْ بعدی ۔
မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မိန့်တော် မူ၏။
« အရာ ငါးခုအား မသေမချင်း မစွန့်လါတ်ကြပါနှင့်။ ထိုအရာများသည် ငါမရှိတော့သည် နောက်ပိုင်းတွင် စွန္နသ် တော် အဖြစ် ကျန်ရှိနေပါစေ။ ၎င်းအရာ (ငါ’ခု) မှ တစ်ခု မှာ ကလေးငယ်များကို စလာမ်ပေးခြင်းဖြစ်ပါသည်။ »
ကျမ်းကိုး ။ ။ မကာရေမ်မိုလ်အခ်လာက် ကျမ်း ၊ အတွဲ ၁ ၊ စာမျက်နှာ ၅၆
သတိပြုရန် - အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီး ကျနော်တို့ အနေဖြင့် ကလေးငယ်များကို စလာမ် ပေးခြင်း သည် ကိုယ်တော်မြတ် (ဆွ) ၏ စွန္နသ်တော် ဖြစ်ကြောင်း ထင်ရှားစွာ သိမြင်ရမည် ဖြစ်ပါတယ်။ ကျနော်တို့ ပတ်ဝန်းကျင်တွင် ကလေးငယ်များ ကို စလာမ်စမပေးပဲ ၎င်းတို့၏ စလာမ် စပေးခြင်း ကို စောင့်ကြသည့် အကျင့်ဆိုးကို ပျောက်ဖို့ ပြင်ဖို့ အချိန်ရောက်နေပြီး ဖြစ်ပါတယ်။ ပြီးနောက် စလာမ်ကို ကလေးဖြစ်စေ ၊ လူကြီး ဖြစ်စေ ၊ ယောက်ကျား ဖြစ်စေ ၊ မိန်းမဖြစ်စေ ၊ စသည်ဖြင့် သူထက်ငါ အလျင် ပေးနိုင်အောင် ကြိုးစားရမည် ဖြစ်ပါ တယ်။ စလာမ် ဆိုင်ရာ အဲဟ်ကာမ်ကိုလည်း လေ့လာ ထားရမည် ဖြစ်ပါတယ်။
****************************************************************
END / 251
Your Comment