၂ ဩဂုတ် ၂၀၂၅ - ၂၂:၃၈
ခိုစ်ရဝီ နယ်စပ်ကနေ အီရတ်နိုင်ငံ သို့  အီရန်နိုင်ငံသား ဇေယာရသ် ပြုသူများ သိသိသာသာ ရောက်ရှိလာ

အရ်ဗအီးန် မရောက်မီ သီတင်းနှစ်ပတ်မပြည့်မီတွင် အီရတ်နိုင်ငံ ဒီယာလီ ပြည်နယ် ၏ ခိုစ်ရဝီ နယ်နိမိတ်သည် အထူး သဖြင့် အီရန်နိုင်ငံသား ဇေယာရသ်ပြုသူများ သိသိသာသာ ဝင်ရောက်လာသည်ကို တွေ့မြင်နေရမည် ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဒီယာလီ ပြည်နယ် ဟိုစိုင်းန်နီ  ဇေယာရသ် ကော်မတီ မှ လွန်ခဲ့သည့် ၂၄ နာရီအတွင်း ခိုစ်ရဝီ နယ်စပ်မှတစ်ဆင့် ဇေယာရသ် ပြုသူ  ၁၂၀၀၀ ကျော်သည် အီရတ်နိုင်ငံ အတွင်းသို့ ဝင်ရောက်ခဲ့ကြောင်း အဆိုပါ ဇေယာရသ် ပြုသူ အများစုသည် အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံမှဖြစ်ကြပါတယ်။

ဟိုစိုင်းန်နီ  ဇေယာရသ် ကော်မတီ အကြီးအကဲ အလီအဲဟ်မဒ် သွာဟေရ် က ဘဂ္ဂဒက် အလ်ယောင်းမ် သတင်း ဆိုက်ကို ပြောကြားခဲ့သည်မှာ - ဇေယာရသ် များကို ဘဂ္ဂဒက်မြို့ အလယ်ပိုင်း ဒီယာလီ ရင်ပြင်မှ တဆင့် နှင့် ထိုနေရာမှ မြင့်မြတ်သော ရောင်ဇာတော် များ ဆီသို့ ပို့ဆောင်ခဲ့ကြောင်း  အဆိုပါ ဇေယာရသ် များ လွဲပြောင်းခြင်း အား စနစ်တကျ စီစဉ်ဆောင်ရွက်ပေးသည့် အစီအစဉ်နှင့်အညီ သယ်ယူပို့ဆောင်ရေး တိုက်ရိုက်နှင့် ညှိနှိုင်း ဆောင်ရွက် ပေးသည့် ဗဟိုကော်မတီ၏ ကြီးကြပ်မှုအောက်တွင် ဆောင်ရွက်ခဲ့ကြောင်း ဖြစ်ပါတယ်။

၎င်းမှဆက်လက်ပြီး အလေးပေးပြောကြားခဲ့သည်မှာ - လွန်ခဲ့သည့် ၇၂  နာရီအတွင်း အထက်ဖော်ပြပါနယ်စပ်သို့ ဇေယာရသ် ပြုသူ အရေအတွက် သိသိသာသာတိုးလာခဲ့ပြီး အရ်ဗအီးန်  နီးကပ်လာသည်နှင့်အမျှ ဤ အရေ အတွက်သည် လာမည့်ရက်များတွင် နှစ်ဆတိုးလာမည်ဟု မျှော်လင့်ရကြောင်း ဖြစ်ပါတယ်။

ဒီယာလီ ပြည်နယ် အရှေ့ဘက်စွန်းတွင် တည်ရှိသော ၏ ခိုစ်ရဝီ နယ်စပ် သည် အီရတ် နှင့် အီရန်ကြား တွင် အရေး ကြီးဆုံး နယ်စပ်ဖြတ်ကျော်မှုတစ်ခုဖြစ်ပြီး ဤနေရာမှ ဖြတ်ကျော်မှုသည် အထူးသဖြင့်  အေမာမ် ဟိုစိုင်းန် (အ.စ) ၏ ရှဟာဒသ် ရက် ၄၀ ပြည့် နေ့ ဖြစ်သည့်အရ်ဗအီးန် အပါအဝင် ဇေယာရသ် ပြုသည့် နေ့ရက် များတွင် ဇေယာ ရသ် ပြုသူ အသွားအလာ များပြားသည်ကို သက်သေပြနေပါတယ်။

အရ်ဗအီးန် ဇေယာရသ် အချိန်အခါသည် ကမ္ဘာပေါ်တွင် အကြီးဆုံး ဘာသာရေး စည်းဝေးပွဲများထဲမှ တစ်ခုဟု ယူဆကြပြီး အီရတ် ပြည်တွင်းပြည်ပမှ သန်းပေါင်းများစွာသော ဇေယာရသ် ပြုသူများ အထူးသဖြင့် အီရန်မှ တက်ရောက်ကြပါတယ်။

ယင်းနှင့် ပတ်သက်၍ အီရတ်နိုင်ငံ ဒီယာလီ  ပြည်နယ်ရှိ အစိုးရ လုံခြုံရေး နှင့် ဝန်ဆောင်မှု အဖွဲ့အစည်းများသည် ဇေယာရသ် ပြုသူများ ချောမွေ့စွာ ရောက်ရှိရေး၊ ဘဂ္ဂဒက်နှင့် တောင်ပိုင်းပြည်နယ်များသို့ ပို့ဆောင်ရေး လုပ်ငန်းများ လုပ်ဆောင်ရန်နှင့် ၎င်းတို့အား လိုလားသော ဝန်ဆောင်မှုများ ပေးဆောင်ရန် သေချာစေရန်အတွက် ယခုရက်များအတွင်း အပြည့်အဝ တပ်လှန့်ထားပါတယ်။

သန့်ရှင်းသော ရောင်ဇာတော်များ ၊ ဟိုစိုင်းန်နီ စီတန်းလှည့်လည်ခြင်းများ (အလံလှည့်ခြင်းများ) နှင့် ဇေယာရသ် ပြုသူ များအတွက် ထောက်ပံ့ပို့ဆောင်ရေး၊ သယ်ယူပို့ဆောင်ရေးနှင့် နေရာထိုင်ခင်းများ ပံ့ပိုးပေးရန်အတွက် ဝန်ဆောင်မှုဌာနများနှင့်လည်း ညှိနှိုင်းဆောင်ရွက်လျက်ရှိပြီး လုံခြုံရေးနှင့် ကျန်းမာရေးဆိုင်ရာ တင်းကျပ်သော အစီအမံများကို ဆောင်ရွက်ထားကြောင်း သိရပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha