၂၀ ဩဂုတ် ၂၀၂၅ - ၀၇:၄၇
ဇရီးဟ်ကိုကြည့်ပြီး ဇေယာရသ် လုပ်မှ ဇေယာရသ် မြောက်ပါသလား?  သို့မဟုတ် ဂွန်ဗသ်သေဇရီးဟ် ကိုကြည့် ပြီး ဇေယာရသ် ပြုရင်ကော် လုံလောက်ပါသလား?

ကျွမ်းကျင်သည့် အာလင်မ် ပညာရှင်များ အဖွဲ့ ၏ တရားဝင် pasokhgoo.ir ထံ ဇရီးဟ်ကိုကြည့်ပြီး ဇေယာရသ် လုပ်မှ ဇေယာရသ် မြောက်ပါသလား? သို့မဟုတ် ဂွန်ဗသ်သေဇရီးဟ် ကိုကြည့် ပြီး ဇေယာရသ် ပြုရင်ကော် လုံလောက်ပါသလား? ဆိုသည့် ရှရီအီ မေးမြန်း ချက် အတွက် မေးခွန်း နှင့် အဖြေ အား တင်ပြ လိုက် ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ သာသနာ ရွှေမြို့တော် ကွမ်း မြို့  အခြေဆိုက် ကျွမ်းကျင်သည့် အာလင်မ် ပညာရှင်များ အဖွဲ့  ၏ တရားဝင်  pasokhgoo.ir ထံ  ဇရီးဟ်ကိုကြည့်ပြီး ဇေယာရသ် လုပ်မှ ဇေယာရသ် မြောက်ပါသလား?  သို့မဟုတ် ဂွန်ဗသ်သေဇရီးဟ် ကိုကြည့် ပြီး ဇေယာရသ် ပြုရင်ကော် လုံလောက် ပါသလား?  ဆိုသည့် ရှရီအီ မေးမြန်း ချက် အတွက် မေးခွန်း နှင့် အဖြေ အား တင်ပြ လိုက် ပါတယ်။

ရှရီအီဆိုင်ရာ ဥပဒေများ ကို  စိတ်ဝင်စားသူများအတွက် ဤနေရာတွင် ဖော်ပြပေးခြင်းဖြစ်ပါတယ်။ ရှရီအီ မေးမြန်းချက် ၏ အမေး နှင့် အဖြေမှာ အောက်ပါ အတိုင်းဖြစ်တယ်။

မေးခွန်း

စလာမ်မွန်း(န)အလိုင်းကွမ်း(မ်)

မအ်စူမီးန် (အ.စ) ၏ ဇေယာရသ် ၊ ဟဇရသ် ဖွာတွေမဟ် မအ်စူမဟ် (စ.အ) နှင့် အခြား အေမာမ် ဇါဒဟ်များ ၏ ဇေယာရသ် သည် ဇရီးဟ် မိုဘာရတ်က် ကို ကြည့်မှ မြောက်ပါသလား? သို့မဟုတ် ဇရီးဟ် ၏ ဂွန်ဗသ် ကို ကြည့်လျှင် လည်း လုံလောက်ပါသလား? ရီဝါယသ်တော်များ နှင့် အိုလမာ ၏ မိန့်ဆိုချက်များ ကို ကိုးကားပြီး ဖြေကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်။

အဖြေ

အလ္လာဟ် ဟို အရှင်မြတ် နာမတော် ဖြင့် အစပြုပါ၏။ ရိုသေလေးစားစွာဖြင့် စလာမ် ဆက်သပါတယ်။ pasokhgoo.ir ထံ  ဆက်သွယ်သည့်အတွက် ကျေးဇူးတင်ပါတယ်။ ဇေယာရသ် ဆိုသည်မှာ အဘိဓာန် တွင် တစ်စုံ တစ်ဦး နှင့် တစ်စုံ တစ်ခု ကို တွ့လိုသည့် ဆန္ဒကို ခေါ်ဆိုခြင်း ဖြစ်ပါတယ်။ သက်ဆိုင်ရာ ပညာရပ်ဆိုင်ရာ အခေါ် အဝေါ်အရ အာရုံစူးစိုက်ခြင်း၊ ဂုဏ်ပြုခြင်း၊ ဦးညွှတ်ခြင်း နှင့် သိကျွမ်းရန် ရည်ရွယ်ချက်ဖြင့် တစ်ဦး တစ်ယောက် အနီးသို့ လာရောက်ခြင်း ကိုခေါ်ဆိုပါတယ်။ ဤအတွက်ကြောင့် ဇေယာရသ်  တွင် ဇေယာရသ် ပြုသူသည် အနီး ကပ်တကာ အနီးကပ်ဆုံး နေရာ အထိ ဖြစ်နိုင်သည့် နေရာအထိ အေမာမ် မအ်စူမ် (အ.စ) ၏ ရောင်ဇာတော် မြတ် ထံ သို့မဟုတ် အေမာမ်ဇါဒဟ် ၏ရောင်ဇာတော် ထံ သွားရောက်ပြီး ဆက်သွယ် မှု ပြုခြင်း  နှင့်  အလေးအမြတ် ဂါရဝပြုခြင်း ဖြစ်ပါတယ်။ ဤလုပ်ရပ်သည် နစ်ဘီ (ဆက်စပ်မှု) ဖြစ်ပါသည်။ တစ်နည်း အားဖြင့် တစ်ဦး တစ်ယောက် အနေဖြင့် မိမိကိုယ့်ကို တတ်စွမ်းနိုင်သည့် အခြေအနေ တွင် ရှိသည် ဆိုလျင် ဇရီးဟ် အထိ ရောက်အောင် သွားမည်။ဤသည် ဤသည် ၎င်း၏ဇေယာရသ် ဖြစ်ပါသည်။ ပြီးနောက် တစ်ဦး တစ်ယောက် သည်  (ဇရီးဟ် အထိ) ရောက်နိုင် စွမ်း မရှိမည် ဂွန်ဗသ် ကိုသာလျင် ကြည့် နိုင်သည့် အခြေအနေ မျိုးတွင် ရောက်နေသည်ဆိုလျင် ထိုသို့ ဆက်သွယ်မှု ပြုခြင်းသည် လည်းဘဲ  ဇေယာရသ် ဖြစ်ပါသည်။ ပြီးနောက် တစ်ဦး တစ်ယောက် သည် အခြားတစ်မြို့ တွင် နေထိုင်မည်။ ၎င်း ၏ အာရုံပြုမှုသည် အေမာမ် (အ.စ) ၏ ကဗရ် တော်ဘက်ရှိမည် ။ပြီးနောက် စလာမ် ပို့သ မည် ဆိုလျင်လည်းဘဲ ဇေယာရသ် မြောက်ပါသည်။ ဤအတွက် ကြောင့် ဇေယာရသ် ပြုခြင်းသည် တစ်ဦး နှင့် တစ်ဦး မတူကြချေ။ အောင်မြင်ပါစေ။

မှတ်ချက်  ။ ။ အဖြေသည်ရှင်းလင်းနေပါသည်။ အနှစ်ချုပ်အား ဖြင့် ဇေယာရသ် ပြုသူအနေဖြင့် မအ်စူမီးန် (အ.စ) ၏ ဇေယာရသ် ၊ ဟဇရသ် ဖွာတွေမဟ် မအ်စူမဟ် (စ.အ) နှင့် အခြား အေမာမ် ဇါဒဟ်များ ၏ ဇေယာရသ် ကို ပြုချိန် ဇရီးဟ် မိုဘာရတ်က် အထိ ရောက်အောင် သွားပြီး ဇေယာရသ် ပြုနိုင်လျင် ရောက်အောင် သွား၍ ဇေယာရသ် ပြုရမည် ဖြစ်ပါတယ်။ အကြောင်း အမျိုးမျိုးကြောင့် ဇရီးဟ် မိုဘာရတ်က် အထိ မရောက်နိုင်လျင်  ဂွန်ဗသ် ကို ကြည့် ပြီး ဇေယာရသ် ပြုရမည် ဖြစ်ပါတယ်။ အခြား မြို့ သို့မဟုတ် အခြား နိုင်ငံ တွင် ရှိနေချိန် ရောင်ဇာ တော် ရှိသည့် အရပ်ဘက်သို့ အာရုံပြုပြီး ဇေယာရသ် ပြုရမည် ဖြစ်ပါတယ်။ မည်သည့် အခြေ အနေ တွင် ဖြစ်စေ ပြုသည့် ကျနော်တို့ ယောက်တိုင်း ၏ ဇေယာရသ် အား အလ္လာဟ်ဟို အရှင်မြတ် လက်ခံ သဘော တူပါစေ။

ရှရီအီဥပသေများကို လိုက်က်နာ ကျင့်သုံးသူတိုင်း လောကီ၊လောကုတ္တရာ အောင်မြင်ကြပါစေ။

****************************************************************

END / 251

Tags

Your Comment

You are replying to: .
captcha