၂၄ ဩဂုတ် ၂၀၂၅ - ၂၂:၀၅
စစ်သာန် နှင့် ဗလူချီစတန် တွင် အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ငါးဦး သေဆုံး

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ စစ်သာန် နှင့် ဗလူချီစတန် ပြည်နယ် တွင် သူရဲဘောကြောင်သော အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ငါးဦး သေဆုံးခဲ့ရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr News Agency ၏ အစီရင်ခံစာအရ အီရန်နိုင်ငံ အရှေ့တောင်ပိုင်း စစ်သာန် နှင့် ဗလူချီစတန် ပြည်နယ်ရှိ မြို့တစ်မြို့ဖြစ်သည့် အီရန်ရှဟ် တွင် အကြမ်းဖက်တိုက်ခိုက်မှုတွင် ရဲအရာရှိငါးဦး အသက်ဆုံးရှုံးခဲ့ကြောင်း သိရ တယ်။

အသေးစိတ်အချက်အလက်များအရ အီရန်ရှဟ် ၏ အစွန်အဖျားရှိ ဒမန် စစ်ဆေးရေးစခန်းအနီး ခါရှ် အီရန်ရှဟ် ရှာဟ်ရာဟ် အဝေးပြေး လမ်းမကြီးပေါ်တွင်အကြမ်းဖက်သမားများမှရဲကင်းလှည့်ယာဉ်နှစ်စင်းပစ်ခတ်မှုဖြစ်ပွားခဲ့ ပါတယ်။ တရား ဝင် သတင်းရင်းမြစ်များ၏ အဆိုအရ ရဲတပ်ဖွဲ့ဝင်ငါးဦးသည် အခင်းဖြစ်ပွားရာနေရာ၌ သေဆုံး သွားခဲ့ ပြီး အကြမ်းဖက်သမားများမှာ အခင်းဖြစ်ပွားပြီးနောက် ထွက်ပြေးသွားခဲ့ကြောင်း သိရပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပြောကြားချက်အရ စစ်ဆင်ရေးတစ်ရပ်ကို စတင်ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။

အီရန်ရှဟ် မြို့သည် စစ်သာန် နှင့် ဗလူချီစတန်  ပြည်နယ်၏ မြို့တော် ဇာဟီဒန် မြို့ မှ ၃၃၇ ကီလိုမီတာအကွာတွင် တည်ရှိပါတယ်။

စစ်သာန် နှင့် ဗလူချီစတန်   တွင် ဝဟာဘီ များအနေဖြင့် အကြီးအကျယ် သာသနာပြုနေကြောင်း ရှီအဟ် မွတ် စလင်မ် များ ကိုဆန့်ကျင်ရေးများ လုပ်နေကြောင်း သတိပြုသင့်ရပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha