အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr News Agency ၏ အစီရင်ခံစာအရ ဂါဇာရှိ အစ္စရေးတပ်ဖွဲ့များသည် နောက်ထပ် ကြီးမားသော ဆုတ်ယုတ် မှုများနှင့် ကြုံတွေ့ခဲ့ရပါတယ်။ ဂါဇာတောင်ပိုင်းတွင် ၎င်း၏ အကြီးတန်းအရာရှိတစ်ဦး သေဆုံးခဲ့ ကြောင်း အစ္စရေးစစ်တပ်က ဝန်ခံခဲ့ကြပါတယ်။
မီဒီယာများ၏ ဖော်ပြချက်အရ အစ္စရေးစစ်တပ်သည် ၃၄ နှစ်အရွယ် ဒုဗိုလ်မှူးကြီး အာရီအယ် လက်ဘ်လိုင်းနာ (Ariel Lebliner ) သည် ခန်းယူနွတ်စ် တွင် သေဆုံးသွားကြောင်း ကြေငြာချက်တွင် အတည်ပြုခဲ့ပါတယ်။
အဆိုပါ အရာရှိကို ၎င်း၏ ရဲဘော်များက သတ်ဖြတ်ခဲ့သည်ဟု အစ္စရေးစစ်တပ်က အခိုင်အမာဆိုခဲ့ကြပါတယ်။
မကြာသေးမီရက်များအတွင်း ဇီယွန်ဝါဒီစစ်တပ်သည် ဂါဇာရှိ အရပ်ဘက်မျက်နှာစာများတွင် ခုခံတိုက်ခိုက်မှုများ ကြောင့် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပါလက်စတိုင်းသတင်းရင်းမြစ်များက ပြောကြားခဲ့ပါတယ်။
၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့တွင် စတင်ခဲ့သော မုန်တိုင်း စစ်ဆင်ရေး နောက်ပိုင်း အစ္စရေးစစ်သား ၉၀၀ ကျော် သေဆုံးခဲ့ကြောင်း မှတ်သားထိုက်ပါတယ်။
ဂါဇာတွင် ဆက်လက်ဖြစ်ပွားနေသော စစ်ပွဲသည် အစ္စရေး၏ စစ်ရေးနှင့် ကာကွယ်ရေး ဖွဲ့စည်း တည် ဆောက် မှု ကို ဆိုးရွားစွာ ပျက်စီးစေခဲ့ကြောင်း သက်သေထူထားပြီး ဖြစ်ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment