၁၁ စက်တင်ဘာ ၂၀၂၅ - ၂၃:၄၅
တဲလ်အဗစ်မြို့ တွင် အစ္စရေးဆန္ဒပြသူများသည် တိုက်ရိုက်ထုတ်လွှင့်သည့် အစီအစဉ်အတွင်း Channel 14 စတူဒီယိုကို တိုက်ခိုက်

ဆန္ဒပြသူများသည် ဂါဇာကမ်းမြောင်ဒေသစစ်ပွဲကို အဆုံးသတ်ရန်နှင့် ဟားမတ်စ်နှင့် အကျဉ်းသားလဲလှယ်ရေး တောင်းဆိုကာ ဇီယွန် စတူဒီယိုကို တိုက်ခိုက်ခဲ့ကြပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr News Agency ၏ အစီရင်ခံစာအရ ဂါဇာစစ်ပွဲကို ဆန့်ကျင်သည့် ဆန္ဒပြသူများသည် တဲလ်အဗစ် မြို့ ရှိ တိုက်ရိုက်ထုတ်လွှင့်သည့် အစီအစဉ်အတွင်း Channel 14 စတူဒီယိုကို တိုက်ခိုက် သိရပါတယ်။

မီဒီယာများ၏ အဆိုအရ ဂါဇာတွင် ဖြစ်ပွားနေသည့် စစ်ပွဲကို ဆန့်ကျင်သည့် ဆန္ဒပြသူများသည် ဟားမတ်စ်နှင့် အကျဉ်းသား လဲလှယ်ရေး အစီအစဉ်ကို တွန်းအားပေးကာ စစ်ပွဲကို အဆုံးသတ်ရန် တောင်းဆိုခဲ့ကြပါတယ်။

သတိပြုသင့်သည်မှာ ဤကဲ့သို့သော အဖြစ်အပျက်မျိုးသည် ပထမဆုံးမဟုတ်ပေ။ အစောပိုင်းတွင် ဒေါသထွက် နေသော ဆန္ဒပြသူများသည် အစ္စရေး Channel 13 ၏ စတူဒီယိုများကို တိုက်ခိုက်ခဲ့ပြီး အလားတူ တောင်းဆိုမှုများ ပြုလုပ်ခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha