၁၄ စက်တင်ဘာ ၂၀၂၅ - ၀၇:၃၄
သက်စ်ဘီးဟ် ဖွာတွေမဟ် ဇဲဟ်ရာ (စ.အ ) အကြောင်း တစေ့တစောင်း

အီရန် နိုင်ငံ သာသနာ့ ရွှေမြို့တော် ကွမ်း အခြေဆိုက် « ဘာသာရေးဆိုင်ရာမေးခွန်းများအတွက် ပြည်သူ့ ဖြေကြား ရေးဌာန » မှ သက်စ်ဘီးဟ် ဖွာတွေမဟ် ဇဲဟ်ရာ (စ.အ ) အကြောင်း တစေ့တစောင်း နှင့် ပတ်သက်သည့်မေးမြန်း ချက် နှစ်ခု အား ဖြေကြား ပေးထားတာ ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

pasokhgoo.ir ထံ သက်စ်ဘီးဟ် ဖွာတွေမဟ် ဇဲဟ်ရာ (စ.အ ) အကြောင်း တစေ့တစောင်း နှင့် ပတ်သက်သည့်မေးမြန်း ချက် နှစ်ခု အား ဖြေကြား ပေးထားတာ ဖြစ်ပါတယ်။ ဘာသာ ရေး ဆိုင်ရာ စိတ်ဝင်စားသူများအတွက် ဤနေရာတွင် «  ဘာသာရေးဆိုင်ရာမေးခွန်းများအတွက် ပြည်သူ့ ဖြေကြားရေးဌာန »  ထံမေးထား  သည့် အမေး နှင့် အဖြေမှာ အောက်ပါ အတိုင်းဖြစ်တယ်။

ပထမ မေးခွန်း

စလာမ်မွန်း(န)အလိုင်းကွမ်း(မ်)

သက်စ်ဘီးဟ် ဖွာတွေမဟ် ဇဲဟ်ရာ (စ.အ ) ၏ မှန်ကန်သည့် အစီအစဥ် အရ စိတ်နည်း(ဖတ်နည်း)  နှင့်  ၎င်း ၏ အကျိုးသက်ရောက်မှု များ နှင့် ကောင်းချီး မင်္ဂလာ ယုံကြည်စိတ်ချရ အရင်းအမြစ်များ  နှင့် တစ်ကွ ပြောပြပေးပါ။ 

ပထမ အဖြေ

အလ္လာဟ် ဟိုအရင်မြတ် ၏ နာမတော် ဖြင့် အစပြုပါ၏။ ရိုသေလေးစားစွာဖြင့် စလာမ် ဆက်သပါတယ်။ ကျနော် တို့  «  ဘာသာရေးဆိုင်ရာမေးခွန်းများအတွက် ပြည်သူ့ ဖြေကြားရေးဌာန » ကို ဆက်သွယ်သည့်အတွက် ကျေးဇူး တင်ပါတယ်။ သက်စ်ဘီးဟ် ဖွာတွေမဟ် ဇဲဟ်ရာ (စ.အ) သည် တမန်တော်မြတ် မိုဟမ္မဒ် (ဆွ)  သည် မိမိသမီးတော် ဖွာတွေမဟ် (စ.အ) သခင်မကြီး အား သင်ကြားပို့ချပေးခဲ့သည့် ဇေက်ရ်များ မှ တစ်ခု ဖြစ်ပါတယ်။ အဲဟ်လေ့ ဘိုက်(သ) ( အ.စ)  ၏ ရီဝါယသ်တော်များ (ခ) ဟဒီးစ်တော်များ တွင် ဤ သက်စ်ဘီးဟ် နှင့် ပတ်သက်ပြီး တိုက်တွန်း ချက်အများအပြားများ လာရှိပါတယ်။ ဟဒီးစ်တော်များ အရ ဤ သက်စ်ဘီးဟ် ဖွာတွေမဟ် ဇဲဟ်ရာ (စ.အ) ဇေက်ရ် သုံး ခု ပါဝင်ပါတယ်။ ၎င်းတို့မှာ အလ္လာဟ်ဟိုအက္က်ဘဲရ် (၃၄ ) ကြိမ် ၊ အလ်ဟမ်ဒိုလစ်လ္လာဟ် (၃၃) ကြိမ် ၊ စိုဗဟာနလ္လာဟ် (၃၃) ကြိမ် ဆိုပြီး အစီအစဥ် အတိုင်း ဖြစ်ပါတယ်။ မလွဲမသွေ ပြောထားသည့် အစဥ် အလိုက် အတိုင်း ဖတ်ရမည် ဖြစ်ပါတယ်။

ထိုပြင်ဟဒီးစ်တော်များ အရ ဤ အလ္လာဟ်ဟိုအက္က်ဘဲရ် (၃၄ ) ကြိမ် ၊ အလ်ဟမ်ဒိုလစ်လ္လာဟ် (၃၃) ကြိမ် ၊ စိုဗဟာနလ္လာဟ် (၃၃) ကြိမ်မည်သည့် အခြား ဇေက်ရ်မှ မဖတ်ရဘဲ ဆက်တိုက် အဆက်မပြတ်ရွတ်ဆိုရမည် ဖြစ်ပါတယ်။ မအ်စူမ်အေမာမ် များ (အ.စ) ၏ ဆိုဆုံးမချက် အရ ဤ ဇေက်ရ် ( သက်စ်ဘီးဟ် ဖွာတွေမဟ် ဇဲဟ်ရာ (စ.အ )  ) အား ဝါ ဂျစ်ဗ် နမာဇ် အပြီး သို့မဟုတ် မအိပ်မီအလျင် အချို့ ဇေယာရသ်များ မပြုမီ အလျင် ဖတ်ရန်လာ ရှိပါတယ်။

ဤ သက်စ်ဘီးဟ် ဖွာတွေမဟ် ဇဲဟ်ရာ (စ.အ ) အား လက်ဖြင့်စိတ် နိုင်ပါတယ်။ ဒါပေမဲ့ စိတ်ပုတီး (အခြား အမှတ်အသားတစ်ခုခု ) ဖြင့် စိတ်လျင် ပိုကောင်းပါတယ်။ သက်စ်ဘီးဟ် ဖွာတွေမဟ် ဇဲဟ်ရာ (စ.အ ) စိတ်ရန် အကောင်းဆုံး အရာ မှာ အေမာမ် ဟိုစိုင်းန် (အ.စ) ၏ကဗဲရ်မြေ (ခ)ခါကေ ရှဖာ ဖြင့် ပြုလုပ်ထားသည့် စိတ်ပုတီး နှင့် စိတ်ခြင်း ဖြစ်ပါတယ်။

ဟဒီးသ်၏ရင်းမြစ်များတွင် သက်စ်ဘီးဟ် ဖွာတွေမဟ် ဇဲဟ်ရာ (စ.အ) ကိုရွတ်ဆိုခြင်း (ခ) စိတ်ခြင်း ၏ အကျိုး သက်ရောက်မှု နှင့် အကျိုးကျေးဇူးများစွာကိုဖော်ပြထားပါတယ်။

ပမာအားဖြင့် အပြစ်များကို ခွင့်လွှတ်မှုကို ရခြင်း (၁) ဂျန္နသ် သုခဘုံသို့ ဝင်ရောက်ရမည် ဖြစ်ခြင်း (၂) ရှိုင်တွန် နှင့် ဝေးကွာ ခြင်း ၊ အလ္လာဟ် ဟို အရှင်မြတ် ၏ ကျေနပ် နှစ်မြို့ မှုကို ရခြင်း (၃) တို့ ဖြစ်ပါတယ်။အချို့ ဟဒီးစ်တော်များ အရ သက်စ်ဘီးဟ် ဖွာတွေမဟ် ဇဲဟ်ရာ (စ.အ) ကိုရွတ်ဆိုခြင်း (ခ) စိတ်ခြင်း ဖြင့် ကံဆိုး မှု (၄) နှင့် အချို့  ဘေး ဒုက္ခများ ၊ အခက်အခဲများ မှ လွတ် မြောက်မည် (၅)  ဖြစ်ကြောင်း လာရှိပါတယ်။

ကျမ်းကိုးများ

၁။ کلینى، محمد بن یعقوب‏، الکافی، ج‏۳، ص ۳۴۲، ح ۶

၂။ ابن طاووس، على بن موسى‏، فلاح السائل و نجاح المسائل، محقق / مصحح: ندارد، قم: بوستان کتاب‏، ۱۴۰۶ ق‏، ۱۴۰۶ ق‏، ص ۱۶۵

၃။ ابن بابویه، محمد بن على‏، ثواب الأعمال و عقاب الأعمال، محقق / مصحح: ندارد، قم: دار الشریف الرضی للنشر، ۱۴۰۶ ق‏، ص

၄။  کلینى، محمد بن یعقوب‏، الکافی، ج‏۳، ص ۳۴۳، ح ۱۳

၅။  ابن بابویه، محمد بن على‏، من لا یحضره الفقیه، محقق / مصحح: غفارى، على اکبر، قم: دفتر انتشارات اسلامى وابسته به جامعه مدرسین حوزه علمیه قم‏، ۱۴۱۳ ق‏، ج‏۱، ص ۴۶۹، ح ۱۳۵۱

ဒုတိယ မေးခွန်း

စလာမ်မွန်း(န)အလိုင်းကွမ်း(မ်)

လူကြီးမင်း ၏ဌာန ၏ ဖြေဆိုချက်အရ သက်စ်ဘီးဟ် ဖွာတွေမဟ် ဇဲဟ်ရာ (စ.အ) မှာ အောက်ပါအတိုင်း ဖြစ်ပါ တယ်။  

( .... ဟဒီးစ်တော်များ အရ ဤ သက်စ်ဘီးဟ် ဖွာတွေမဟ် ဇဲဟ်ရာ (စ.အ) ဇေက်ရ် သုံး ခု ပါဝင်ပါတယ်။ ၎င်းတို့မှာ အလ္လာဟ်ဟိုအက္က်ဘဲရ် (၃၄ ) ကြိမ် ၊ အလ်ဟမ်ဒိုလစ်လ္လာဟ် (၃၃) ကြိမ် ၊ စိုဗဟာနလ္လာဟ် (၃၃) ကြိမ် ဆိုပြီး အစီအစဥ် အတိုင်း ဖြစ်ပါတယ်။ မလွဲမသွေ ပြောထားသည့် အစဥ် အလိုက် အတိုင်း ဖတ်ရမည် ဖြစ်ပါတယ်။  ... )

ဤအတွက်ကြောင့် ကျနာ် မေးခွန်း က အလ္လာဟ်ဟိုအက္က်ဘဲရ် (၃၄ ) ကြိမ် ဖတ်ပြီး ဆလ်ဝသ် ဖတ်ခြင်း ၊ အလ်ဟမ်ဒိုလစ်လ္လာဟ် (၃၃) ကြိမ် ဖတ်ပြီး ဆလ်ဝသ် ဖတ်ခြင်း ၊ စိုဗဟာနလ္လာဟ် (၃၃) ကြိမ်  ဖတ်ပြီးနောက် လာအေလဟအစ်လ္လာဟ် တစ်ကြိမ် ဖတ်ခြင်း ကို မပြုလုပ်ရမည် ဆိုတာ ဟုတ်ပါသလား?

ဒုတိယ အဖြေ

အလ္လာဟ် ဟိုအရင်မြတ် ၏ နာမတော် ဖြင့် အစပြုပါ၏။ ရိုသေလေးစားစွာဖြင့် စလာမ် ဆက်သပါတယ်။ ကျနော် တို့  «  ဘာသာရေးဆိုင်ရာမေးခွန်းများအတွက် ပြည်သူ့ ဖြေကြားရေးဌာန » ကို ဆက်သွယ်သည့်အတွက် ကျေးဇူး တင်ပါတယ်။ မလွဲမသွေ ၌ ဤဇေက်ရ်  (သုံးခု ) အား ဆက်တိုက် အဆက်မပြတ် ကွာဟ၊ကွာခြားမှု မရှိဘဲ (အစီအလိုက်) ဖတ်ရမည် ဖြစ်ပါတယ်။ အေမာမ် ဂျအ်ဖရ် ဆွာဒစ်က် (အ.စ) မိန့်ကြားထားတော်မူထားသည့် ဟဒီးစ်တော် တစ်ပါး မှ အောက် ပါအတိုင်း ဆင့်ပြန် လာရှိပါတယ်။

عَنْ أَبِی عَبْدِ اَللَّهِ عَلَیْهِ اَلسَّلاَمُ: أَنَّهُ کَانَ یُسَبِّحُ تَسْبِیحَ فَاطِمَهَ صَلَوَاتُ اَللَّهِ عَلَیْهَا فَیَصِلُهُ وَ لاَ یَقْطَعُهُ.

‌အေမာမ် ဆွာဒစ်က် (အ.စ) မှ သက်စ်ဘီးဟ် ဖွာတွေမဟ် ဇဲဟ်ရာ (စ.အ) ဆိုသည်မှာ ထို သက်စ်ဘီးဟ် (ဇေကရ်သုံးခု ) တို့အား တစ်ခုပြီးတစ်ခု ဆက်တိုက် အဆက်မပြတ်ဖတ်ရန် ဖြစ်ပါသည်။ပြီးနောက် ၎င်း (ဇေက်ရ် သုံးခု ) အကြား ကွာဟမှု ၊ ခြားသွားမှု မရှိရန် ဖြစ်ပါသည်။ (၁)

ဤအတွက်ကြောင့် ဤ ဟဒီးစ်တော် အရ ဤသက်စ်ဘီးဟ် ၏ ဇေက်ရ်တော် (သုံးခု) သည် တစ်ခုပြီးနောက် တစ်ခု ဆက်နေကြောင်း သိရပါတယ်။ဒါကြောင့် ဤဇေက်ရ်(သုံးခု) အကြား အလုပ်တစ်ခုခု လုပ်မိမည် သို့မဟုတ် အခြား ဇေက်ရ် တစ်ခုခု ဖတ်မိမည်ဆိုလျင် သက်စ်ဘီးဟ် ဖွာတွေမဟ် ဇဲဟ်ရာ (စ.အ) ကို အစကနေ ပြန်ဖတ်ရမည် ဖြစ်ပါတယ်။

ကျမ်းကိုးများ

၁။   الكافي (کتاب: الكافي، ج 3، ص 342) الوافي (ج 8، ص 789) / وسائل الشيعة (ج 6، ص 463) / بحار الأنوار (ج 82، ص 327) /  هداية الأمة (ج 3، ص 189)

မှတ်ချက်  ။ ။ အဖြေသည်ရှင်းလင်းနေပါတယ်။ကျနော်မြန်မာနိုင်ငံ တွင် သက်စ်ဘီးဟ် ဖွာတွေမဟ် ဇဲဟ်ရာ (စ.အ) ကို စိတ်ချိန် အလ္လာဟ်ဟိုအက္က်ဘဲရ် (၃၄ ) ကြိမ် ဖတ်ပြီး ဆလ်ဝသ် ဖတ်ခြင်း ၊ အလ်ဟမ်ဒိုလစ်လ္လာဟ် (၃၃) ကြိမ် ဖတ်ပြီး ဆလ်ဝသ် ဖတ်ခြင်း ၊ စိုဗဟာနလ္လာဟ် (၃၃) ကြိမ်  ဖတ်ပြီးနောက် လာအေလဟအစ်လ္လာဟ် တစ်ကြိမ် ဖတ်ခြင်း တို့ကို ပြုလုပ်ကြပါတယ်။ ဤအတွက်ကြောင့် အေမာမ် ဂျအ်ဖရ် ဆွာဒစ်က် (အ.စ) မိန့်ကြားထားသည့် အတိုင်း ဖတ်နိုင်အောင် အပြည့်အဝ လိုက်နာ ကြိုးစားရမည် ဖြစ်ပါတယ်။ ပြီးနောက် ဝါဂျစ်ဗ် နမာဇ် ဖြစ်စေ မွတ်စ်သဟဗ် နမာဇ် ဖြစ် ဖတ် ပြီးတာနှင့်  အလ္လာဟ်ဟို အဲက္က်ဘရ် ၃ ကြိမ် ပြောပြီး သက်စ်ဘီးဟ် ဖွာတွေမဟ် ဇဲဟ်ရာ (စ.အ) ကို နမာဇ်၏နောက်ဆုံး စလာမ်ဖတ်ပြီးသည့်အခါ ထိုင်နေသည့် ပုံစံမပျက်ဘဲ စိတ်ရမည် ဖြစ်ပါ တယ်။ ပြီး မှ လက်ဆွဲ နှုတ်ဆက်ခြင်း ၊ ခဏခြားပြီးဆလ်ဝသ် ဖတ်ခြင်း၊ ခဏခြားပြီး ဒိုအာများ ဖြစ်ခြင်းတို့ကို ပြုရမည် ဖြစ်ပါတယ်။

ရှရီအီဥပသေများကို လိုက်က်နာ ကျင့်သုံးသူတိုင်း လောကီ၊လောကုတ္တရာ အောင်မြင်ကြပါစေ။

****************************************************************

END / 251

Tags

Your Comment

You are replying to: .
captcha