၁ အောက်တိုဘာ ၂၀၂၅ - ၀၉:၄၄
အကောင်းတကာ အကောင်းဆုံး ညီအစ်ကို

အေမာမ် ဟစန်အစ္စကရီ (အလိုင်ဟစ်စလာမ်) မှ ရီဝါယသ် တော် တစ်ခု အကောင်းတကာ အကောင်းဆုံး ညီအစ်ကို နှင့် ပတ်သက် ပြီး မိန့်တော် မူထား ပါတယ်။ဤဟဒီးစ်တော် အား လေ့လာ နှလုံးသွင်းပြီး လက်တွေ့ လိုက်နာ ကျင့်သုံး နိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အအ်လာန်မွန်ဒ်ဒီးန် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

قال الامام العسکری علیه السلام:

خَيْرُ إِخْوَانِكَ مَنْ نَسِيَ ذَنْبَكَ وَ ذَكَرَ إِحْسَانَكَ الیه.

အေမာမ် ဟစန်အစ္စကရီ  (အလိုင်ဟစ်စလာမ်)   မိန့်တော် မူ၏။

« မင်း၏ အကောင်းတကာအကောင်းဆုံး ညီအစ်ကို မှာ မင်းရဲ့အမှားကို မေ့ထားပြီး မင်းရဲ့ ကောင်းမှု ကုသိုလ် ကို သတိရတဲ့သူ ဖြစ်ပါတယ်။  »

ကျမ်းကိုး ။ အအ်လာန်မွန်ဒ်ဒီးန် ကျမ်း ၊ စာမျက်နှာ ၃၁၃

ရှင်းလင်းချက် အကျဥ်း   -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးသုံးသပ်ရမည်ဆိုလျှင်  ကျနော်တို့ အတွက် အကောင်းတကာ အကောင်းဆုံး ညီအစ်ကို အရင်းဖြစ်စေ ၊ သာသနာ့ ညီနောင် ဖြစ်စေ မှာ ဘယ်လို အရည်အချင်း ရှိသူဆိုတာကို သိနိုင်ပါတယ်။ နောက် အကောင်းတကာ အကောင်းဆုံး ညီအစ်မ အရင်းဖြစ်စေ ၊ သာသနာ့ ညီအစ်မ ဖြစ်စေလည်း ဤဟဒီးစ်တော် တွင် ပါဝင်နေပါတယ်။ ယနေ့ ဝမ်းနည်းဖွယ်ကောင်းသည့် အချက်က အများစု က လူ တစ်ယောက် မိမိအပေါ် မကောင်းခဲ့တာ မှားခဲ့တာ ကို သာ အသေမှတ်ထားပြီး ကောင်းပေးခဲ့တာ ကျေးဇူး ပြု ခဲ့တာ ကို မေ့နေကြခြင်း ဖြစ်ပါတယ်။ ဤအတွက်ကြောင့် မိမိတို့ အနေဖြင့်  ညီအစ်ကို အရင်း ဖြစ်စေ သာသနာ့ ညီအစ်ကို ဖြစ်စေ အတွက် အကောင်း တကာ အကောင်းဆုံး ညီအစ်ကို သို့မဟုတ် ညီအစ်မ ဖြစ်ရန် ကြိုးပမ်းအား ထုတ်ရမည်။

****************************************************************

END / 251

Tags

Your Comment

You are replying to: .
captcha