၂၇ နိုဝင်ဘာ ၂၀၂၅ - ၂၃:၄၂
အီရတ် နိုင်ငံ ကာဒစ္စတန် ရှိ ဓာတ်ငွေ့မြေပေါ်တွင် အမည်မသိ ဒရုန်းတိုက်ခိုက်မှုကြောင့် လျှပ်စစ်ဓာတ်အားစနစ် ၈၀ ရာခိုင်နှုန်း ထိခိုက်

အီရတ်နိုင်ငံ ကာဒစ်စတန်ရှိ ကိုရ်မိုရ် ဓာတ်ငွေ့မြေသည် အမည်မသိ ဒရုန်းတိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ထိခိုက်ခဲ့ ရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr သတင်းဌာန၏ အဆိုအရ အီရတ်နိုင်ငံ ကာဒစ်စတန် ရှိ ကိုရ်မိုရ် ဓာတ်ငွေ့မြေကွက်သည် အမည်မသိ ဒရုန်းတိုက်ခိုက်မှုကို ဒုတိယအကြိမ်မြောက် ပစ်မှတ်ထားခံခဲ့ရပါတယ်။

ထုတ်ပြန်ခဲ့သော ရုပ်ပုံများတွင် မီးတောက်များ နှင့် မီးခိုးငွေ့များ ထွက်ပေါ်နေပါတယ်။ တိုက်ခိုက်ခဲ့သော ဒရုန်းကို မဖော်ထုတ်နိုင်သေးကြောင်း သိရပါတယ်။

အီရတ်လုံခြုံရေးသတင်းရင်းမြစ်များက တနင်္ဂနွေနေ့တွင် တပ်ဖွဲ့များသည် ဓာတ်ငွေ့မြေသို့ မရောက်စေရန် ဒရုန်းတစ်စင်းကို ပစ်ချခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ ကိုရ်မိုရ် ဓာတ်ငွေ့မြေတွင် ဥဩသံများ မြည်ဟည်းခဲ့ပြီး အလုပ် သမားများကို ဘေးကင်းသောနေရာများသို့ ရွှေ့ပြောင်းပေးခဲ့ပါတယ်။ တိုက်ခိုက်မှုတွင် မည်သူမျှ ထိခိုက် ဒဏ်ရာရရှိခြင်း မရှိကြောင်း သိရပါတယ်။

ကိုရ်မိုရ် ဓာတ်ငွေ့မြေကွက်သည် ကကူက် နှင့် စိုလိုင်းမာနီယဟ် အကြားတွင်တည်ရှိပြီး ကာဒစ်စတန် ဒေသဆိုင်ရာ အစိုးရမှ စီမံခန့်ခွဲမှုတွင်ရှိပါတယ်။ မကြာသေးမီနှစ်များအတွင်း ထိုမြေကွက်သည် တိုက်ခိုက်မှုများ စွာ၏ ပစ်မှတ်ဖြစ်ခဲ့သော်လည်း မည်သည့်အဖွဲ့မျှ တာဝန်ယူ ကြေငြာခြင်းမရှိကြောင်း သိရပါတယ်။  ကာဒစ်စတန် နိုင်ငံရေး သမားများသည် ယခင်က တိုက်ခိုက်မှုများကို ရှုတ်ချခဲ့ကြပါတယ်။

ယမန်နှစ်က ဒရုန်းတိုက်ခိုက်မှုတစ်ခုတွင် ယီမင်လုပ်သားလေးဦး သေဆုံးခဲ့ပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် ကပ်တူရှာ ရော့ကတ်နှစ်စင်းကို လယ်ကွင်းသို့ ပစ်ခတ်ခဲ့ပါတယ်။

ည ၁၁:၃၀ နာရီတွင် ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုအပြီးတွင် ဓာတ်အားပေးစက်ရုံများသို့ ဓာတ်ငွေ့ထောက်ပံ့မှုကို လုံးဝ ဖြတ်တောက်ခဲ့ကြောင်း သဘာဝအရင်းအမြစ်ဝန်ကြီးဌာနနှင့် ကာဒစ္စတန်လျှပ်စစ်ဝန်ကြီးဌာနတို့က ပူးတွဲ ကြေညာချက် တစ်စောင်တွင် ပြောကြားခဲ့ပါတယ်။ တိုက်ခိုက်မှုကြောင့် လျှပ်စစ်ဓာတ်အားစနစ်၏ ၈၀ ရာခိုင်နှုန်း ထိခိုက်ပျက်စီးခဲ့ပြီး ပြတ်တောက်သွားကြောင်း လျှပ်စစ်ဝန်ကြီးဌာနက ထပ်လောင်းပြောကြားခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha