အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဘေဟာရိုလ်အန်နဝါရ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال الامام الهادی علیه السلام:
أذْكُرْ مَصـْرَعَكَ بَيْنَ يـَدَىْ اَهْلِكَ وَلا طَبيبٌ يَمْنَعُكَ وَلا حَبيبٌ يَنْفَعُكَ.
အေမာမ် အလီနကီ (ခ) အေမာမ် ဟာဒီ (အလိုင်ဟစ်စလာမ်) မိန့်တော် မူ၏။
« မိမိ၏ မိသားစုဝင်များ (ဆွေမျိုးသားချင်းများ ) ရှေ့မှောက်တွင် သေခြင်းတရားကို သတိရပါလေ။ အကြောင်း သည်ကား မည်သည့် သမားတော်(ဆရာဝန် ) မှ သေခြင်းတရားမှ ကယ်တင်နိုင်မည် မဟုတ်ချေ။ ပြီးနောက် မည်သည့် သူငယ်ချင်း မိတ်ဆွေ မှ သင်အတွက် အလုပ်ဖြစ်မည်မဟုတ်ချေ။ (သေခြင်းမှ ကယ်တင်နိုင်မည် မဟုတ်ချေ။ ) »
ကျမ်းကိုး ။ ။ ဘေဟာရိုလ်အန်နဝါရ် ကျမ်း ၊ အတွဲ ၇၈ ၊ စာမျက်နှာ ၃၇၀
ရှင်းလင်းချက် အကျဥ်း - အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးသုံးသပ်ရမည်ဆိုလျှင် ကျနော်တို့ အနေဖြင့် သေခြင်းတရားကို အမြဲ သတိရနေရမည် ဖြစ်ပါတယ်။ ပြီးနောက် သေခြင်းတရားသည် အလ္လာဟ် လက်တွင်သာ ရှိသည်ကို အပြည့်အဝ ယုံကြည်ထားရမည် ဖြစ်ပါတယ်။ ပြီးနောက် သမားတော်များ ၊ ဆရာဝန်များ ၊သူငယ်ချင်း မိတ်ဆွေ စသည်တို့သည် အကြောင်းပြချက်များသာ ဖြစ်ပြီး အမှန်တကယ်မှာ အနှိုင်းမဲ့ အလ္လာဟ် ဟို အရှင်မြတ် လက်တွင်သာ ရှိကြောင်း ယုံကြည်ထားရပါမည်။ ပြီးနောက် မနုဿ လူသား အနေဖြင့် သေခြင်း တရားကို အမြဲ သတိရနေမည်ဆိုလျင် မတရားမှုများ ၊ကောက်ကျစ်မှုများ ၊ အမုန်းတရားများ စသည်ဖြင့် ထားတော့မည် မဟုတ်ချေ။ သေခြင်းတရားကို အမြဲ သတိရမည်ဆိုလျင် ဪ ! ငါ ကဗရ်တွင်းအထဲ မှ အဖြေပေးဖို့ အာခေရသ် အတွက် ရိတ်ခ စုဆောင်းဖို့ဆိုသည့် အသိ တရားများ ဝင်လာမည် ဖြစ်ပါတယ်။ မြတ်အလ္လာဟ် ကျနော်တို့ အားလုံးအား အမြဲ သေခြင်းတရားကို သတိရစေပြီး သက်ရှည်ကျန်းမာစွာထား၍ မိမိတို့၏ ဆိုင်ရာဆိုင်ရာ တာဝန် ဝတ္တရား များကို ကျေပြွန်စွာထမ်းဆောင် နိုင်စွမ်းအပြည့်အဝ ပေးသနားတော်မူရန် ဒိုအာတောင်းခံအပ်ပါတယ်။
****************************************************************
END / 251
Your Comment