၂၅ ဒီဇင်ဘာ ၂၀၂၅ - ၁၉:၃၇
နမာဇ် ဇေ လိုင်းလသိုလ်ရ်ရဂါအိဗ်  ဝတ်ပြုနည်း

နမာဇ် ဇေ လိုင်းလသိုလ်ရ်ရဂါအိဗ် အား ရဂျဗ်လမြတ် ၏ ပထမဆုံး ကြာသပ‌တေးည တွင် မဂ်ရိဗ် နမာဇ် နှင့် အေရှာနမာဇ် အကြားတွင် ဝတ်ပြုရပါတယ်။ အကျိုးအမြတ်ကတော့ မာရှာအလ္လာဟ် ဖြစ်ပါတယ်။ မိုအ်မင်၊ မိုအ်မေနသ် တိုင်း ဝတ်ပြုသင့်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ရဂျဗ်လသည် လကို အခြေခံတဲ့ လများ(ခ) အစ္စလာမ်မီ လများ ၏  ခုနစ်လမြောက်လဖြစ်ပြီး ဟရာမ် လကြီး လေးလ မှ တစ်လ ဖြစ်ပါတယ်။ ရဂျဗ်လမြတ် ၏ ပထမဆုံး ကြာသပတေးနေ့ည ကို လိုင်းလသိုလ်ရ်ရဂါအိဗ် လို့ခေါ်ပါတယ်။

လိုင်းလသိုလ်ရ်ရဂါအိဗ် သည် ကြီးကျယ်မြင့်မြတ်သည့် ည တစ်ည ဖြစ်ပြီး ဤညတွင် မိုအ်မင်၊မိုအ်မေနသ်များ အနေဖြင့်  အေဗါဒသ်များ ပြုခြင်း၊ ဒိုအာများ တောင်းခြင်း ၊ဇေက်ရေအေလာဟီများ ဖတ်ခြင်း  ၊ သောင်ဗဟ် ပြု ခြင်း တို့ကို ပြုကြပါ တယ်။ ဤညကို အသုံးပြုတတ်သူများ အတွက် အလ္လာဟ် ဟို အရှင်မြတ် ၏ ရဲဟ်မသ် တော် များ ကို ရယူနိုင်မှာ ဖြစ်ပါတယ်။

မဖာသီဟိုလ်ဂျေနာန် စာအုပ်တွင် ရဂျဗ်လ နှင့် လိုင်းလသိုလ်ရ်ရဂါအိဗ် အတွက် ပြုလုပ်ဆောင်ရွက်ရမည့် အချက်များတင်ပြထားပြီး  အရေးကြီးဆုံးတစ်ခုမှာ လိုင်းလသိုလ်ရ်ရဂါအိဗ် နမာဇ် ဖြစ်ကြောင်း ဆိုထားပါတယ်။

ဤအတွက်ကြောင့် နမာဇ် ဇေ လိုင်းလသိုလ်ရ်ရဂါအိဗ်    ဝတ်ပြုနည်း ကို တင်ပြလိုက်ပါတယ်။ ဝတ်ပြုနည်း မှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။

နမာဇ် ဇေ လိုင်းလသိုလ်ရ်ရဂါအိဗ်    အား  ရဂျဗ် လမြတ် ၏ ပထမဆုံး ကြာသပတေးည တွင် မဂ်ရိဗ် နမာဇ် နှင့် အေရှာ နမာဇ်အကြား ဝတ်ပြုရမှာ ဖြစ်ပါတယ်။

နမာဇ် ဇေ လိုင်းလသိုလ်ရ်ရဂါအိဗ်    ၁၂ ရကတ်သ် ဝတ်ပြုပါ၏ ကိုရ်ဘသန်အေလ္လာဟ်

နှစ် ရကတ်သ် စီ ခွဲ၍ ဝတ်ပြုရမှာ ဖြစ်ပါတယ်။

ရကတ်သ် တိုင်း မှာ စူရဟ် ဟမ်ဒ် တစ်ကြိမ် ၊ စူရဟ် ကဲဒ်ရ် ၃ ကြိမ် ၊ စူရဟ် သောင်ဟီးဒ် ၁၂ ကြိမ် ဖတ်ရမှာ ဖြစ်ပါတယ်။

 နမာဇ် ၁၂ ရကတ်သ် လုံးကို တစ်ချိန်တည်း မဖတ်နိုင်လည်း နားနားပြီး ဖတ်နိုင်ပါတယ်။

၁၂ရကတ်သ် လုံးပြီးသွားရင် (ချက်ခြင်း ) "أللّهُمَّ صَلِّ عَلی مُحَمَّد النَّبِیِّ الاْمِّیِّ وَ عَلی آلِهِ" ကို အကြိမ် ၇၀ ဖတ်ရွတ်ရမည် ဖြစ်ပါတယ်။

ပြီးနောက် စဂျ်ဒဟ်မှာ သွားပြီး " سُبُّوحٌ قُدُّوسٌ رَبُّ الْمَلائِکَهِ وَ الرُّوحِ" ကို အကြိမ် ၇၀ ဖတ်ရမည် ဖြစ်ပါတယ်။

ပြီးနောက် စဂျ်ဒဟ် ကနေ ဦးထပြီး "رَبِّ اغْفِرْ وَ ارْحَمْ وَ تَجاوَزْ عَمّا تَعْلَمُ، إِنَّکَ أنْتَ العَلِیُّ الاْعْظَمُ" ကို အကြိမ် ၇၀ ဖတ်ရမည် ဖြစ်ပါတယ်။

ပြီးနောက် နောက်တစ်ခါ စဂျ်ဒဟ်မှာ သွားပြီး " سُبُّوحٌ قُدُّوسٌ رَبُّ الْمَلائِکَهِ وَ الرُّوحِ" ကို အကြိမ် ၇၀ ဖတ်ရမည် ဖြစ်ပါတယ်။

ပြီးနောက် မိမိ၏ လိုအင်ဆန္ဒများကို တောင်းဆိုရမည် ဖြစ်ပါတယ်။

မှီငြမ်း  -

(၁) မဖာသီဟိုလ်ဂျေနာန်

(၂) ဘေဟာရိုလ်အန်နဝါရ် ကျမ်း ၊ အတွဲ ၉၈ ၊ စာမျက်နှာ ၃၉၆ / ၃၉၇

နမာဇ် ဇေ လိုင်းလသိုလ်ရ်ရဂါအိဗ်   ဝတ်ပြုခြင်းကြောင့် ရရှိမည့် အကျိုးကျေးဇူးများ

နမာဇ် ဇေ လိုင်းလသိုလ်ရ်ရဂါအိဗ်    ၏ အကျိုးကျေးဇူးနှင့်ပတ်သက်၍ တမန်တော်မြတ် (ဆွ) မိန့်တော် မူထား သည် အနှစ်ချုပ်မှာ -

(၁) ဂိုနာဟ် (အပြစ်) အမြောက်အများကို ခွင့်လပ်ပလပ်ပေးခြင်းခံရမည်

(၂) ဤနမာဇ် သည် ဝတ်ပြုသူ သေသည့် အခါ ပထမဆုံး ည တွင် ၎င်း ၏ကဗရ်တွင်း အတွင် အဖော်အဖြစ် ပြုပေးရန် အလွန်လှပပြီး အလွန် နှုတ်ချိုသည့် လင်းဝင်းတောက်ပနေသည့် လူတစ်ဦးရုပ်သွင်ဖြင့် လာရောက်မည် ဖြစ်ပါတယ်။

(၃) ဤနမာဇ် သည် ကေယာမသ်နေ့ တွင် ဝတ်ပြုသူ အား  ၎င်း၏ ဦးခေါင်းပေါ်မှာ အရိပ် ပြုပေးတော်မူမည် ။

မှတ်ချက် -  အသိနောက်ကြသွား၍ဖြစ်စေ ၊ မေ့သွား၍ ဖြစ်စေ နမာဇ် ဇေ လိုင်းလသိုလ်ရ်ရဂါအိဗ်    အား  ရဂျဗ် လမြတ် ၏ ပထမဆုံး ကြာသပတေးည တွင် မဂ်ရိဗ် နမာဇ် နှင့် အေရှာ နမာဇ်အကြား  ဝတ်မပြုဖြစ်ခင်လျင် လည်း ဖဂျရ်နမာဇ် မတိုင်မီ ရေဂျာအိုမသ်လူးဗ် နီယသ် နှင့် ဝတ်ပြုသင့်ပါတယ်။ တစ်နည်းအားဖြင့် မြတ်အလ္လာဟ် လက်ခံပေးမည်ဆိုသည့် မျှော်လင့်ချက်နှင့် ဝတ်ပြခြင်း ဖြစ်ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha